ရန်ကုန်ရှိ လျှပ်စစ်ရုံးများတွင် ပေါက်ကွဲမှုများဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

မီတာခ မဆောင်လျှင်မီးဖြတ်သွားမည့် စီမံချက်ဖြင့် မီတာခများ အတင်းအကြပ် လိုက်လံကောက်ခံ ပြီးနောက် ရန်ကုန်မြို့ရှိ လျှပ်စစ်မီတာရုံးများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားလာခဲ့သည်။

ရန်ကုန်မြို့ရှိ လမ်းမတော်၊ တာမွေ၊ မင်္ဂလာဒုံ၊ လှိုင်နှင့် အခြားမြို့ နယ် အချို့က EPC ရုံးများတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ် လာသဖြင့် မီတာရုံးများတွင် လက်နက်ကိုင်အစောင့်အကြပ်များ ချထားသည်ကို တွေ့ရ ကြောင်း လှိုင်မြို့နယ်၊ ဘူတာရုံလမ်းအတွင်း နေထိုင်သည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး က ပြော သည်။

“EPC ရုံးထဲမှာတပ်စွဲထားတာ။ အင်အား ၁၀ ယောက်လောက်ရှိတယ်။ မီတာလာဆောင်တဲ့ သူတွေတော့ မတွေ့ ဘူး” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ပြ ပြောက်ကျားမြေအောက်တော်လှန်ရေးအဖွဲ့ (YUG) က ရေခွန်၊ လျှပ်စစ်ခွန်များ မပေးဆောင်ရေး တိုက်တွန်းနိုးဆော်ထားသလို အာဏာဖီဆန်နေသည့် ပြည်သူများ အပေါ် ခြိမ်းခြောက်ပြီး လျှပ်စစ်မီးဖြတ် တောက်နေသည့် Non-CDM ဝန်ထမ်းများအနေဖြင့် ၎င်းတို့အသက်အိုးအိမ်ကို တန်ဖိုးထားပါက ယခုကဲ့သို့သော လုပ်ဆောင်နေမှုများကို ရပ်တန်းကရပ်ရန် တိုက်တွန်းထားသည်။

“ကျနော်တို့လည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် အထက်က ဖိအားလည်း ရှိတယ်။ ရပ်ကွက် က complain (တိုင်ကြားမှု) တွေကို လည်း ဖြေရှင်းနေရတာ။ သွားသာ သွားရတယ် ဘယ်အချိန်ကိုယ့် ဓါးနဲ့ထိုးမလဲ ဆိုတာ ကြောက်နေရတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း က EPC ဝန်ထမ်းတစ်ဦး က ပြောသည်။

ပြည်သူများကို ဓာတ်အားခ မပေးဆောင်ရန် ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) အဖွဲ့က တိုက် တွန်းထားပြီး ထိုသို့သော လုပ်ဆောင်မှုသည် လျှပ်စစ်ဓါတ်အား ဆက်လက် ထုတ်လုပ် ဖြန့်ဖြူးပေးရန်အတွက် အခက်အခဲများဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ကျမတို့ကတော့ မဆောင်ဘူး။ လာဖြတ်လည်း ဖယောင်းတိုင်နဲ့နေမယ် မီးသွေးနဲ့ချက်မယ်။ မီးစက်ငှားပြီး ရေ တင်မယ်။ မီတာမဆောင်လို့ မီးဖြတ်မယ်ဆိုရင်တော့ လျှပ်စစ်ပေးတဲ့ ရုံးမီးလောင်မှာပေါ့။ အခုကမိုးတွင်း ဓါတ် အားတွေက ပိုနေမှာ” ဟု ကမာရွတ်မြို့နယ် အတွင်းနေထိုင်သည့် အသတ် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြော သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကလည်း ပြည်သူများ လျှပ်စစ်မီတာခများ မပေးဆောင်ပါက ဓာတ်အား ထုတ် လုပ်မှုစရိတ်၊ ဝယ်ယူနေရသော သဘာဝဓါတ်ငွေ့နှင့် (LNG) ဓာတ်အားခများအတွက် ဝင်ငွေမရရှိ ပါက အခက် အခဲများ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများကို လျှပ်စစ်မီး အလှည့်ကျဖြန့်ဝေရမည့် အခြေအနေသို့ ရောက်ရှိလာနိုင် ကြောင်း ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

*** ZAWGYI ***
ရန္ကုန္ရွိ လွ်ပ္စစ္႐ုံးမ်ားတြင္ ေပါက္ကြဲမႈမ်ားျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၉ ရက္။

မီတာခ မေဆာင္လွ်င္မီးျဖတ္သြားမည့္ စီမံခ်က္ျဖင့္ မီတာခမ်ား အတင္းအၾကပ္ လိုက္လံေကာက္ခံ ၿပီးေနာက္ ရန္ကုန္ၿမိဳ႕ရွိ လွ်ပ္စစ္မီတာ႐ုံးမ်ားတြင္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားလာခဲ့သည္။

ရန္ကုန္ၿမိဳ႕ရွိ လမ္းမေတာ္၊ တာေမြ၊ မဂၤလာဒုံ၊ လႈိင္ႏွင့္ အျခားၿမိဳ႕ နယ္ အခ်ိဳ႕က EPC ႐ုံးမ်ားတြင္ ေပါက္ကြဲမႈမ်ား ဆက္တိုက္ ျဖစ္ေပၚ လာသျဖင့္ မီတာ႐ုံးမ်ားတြင္ လက္နက္ကိုင္အေစာင့္အၾကပ္မ်ား ခ်ထားသည္ကို ေတြ႕ရ ေၾကာင္း လႈိင္ၿမိဳ႕နယ္၊ ဘူတာ႐ုံလမ္းအတြင္း ေနထိုင္သည့္ အသက္ ၃၀ ဝန္းက်င္ အမ်ိဳးသားတစ္ဦး က ေျပာ သည္။

“EPC ႐ုံးထဲမွာတပ္စြဲထားတာ။ အင္အား ၁၀ ေယာက္ေလာက္ရွိတယ္။ မီတာလာေဆာင္တဲ့ သူေတြေတာ့ မေတြ႕ ဘူး” ဟု ၎က ေျပာသည္။

ရန္ကုန္ၿမိဳ႕ျပ ေျပာက္က်ားေျမေအာက္ေတာ္လွန္ေရးအဖြဲ႕ (YUG) က ေရခြန္၊ လွ်ပ္စစ္ခြန္မ်ား မေပးေဆာင္ေရး တိုက္တြန္းႏိုးေဆာ္ထားသလို အာဏာဖီဆန္ေနသည့္ ျပည္သူမ်ား အေပၚ ၿခိမ္းေျခာက္ၿပီး လွ်ပ္စစ္မီးျဖတ္ ေတာက္ေနသည့္ Non-CDM ဝန္ထမ္းမ်ားအေနျဖင့္ ၎တို႔အသက္အိုးအိမ္ကို တန္ဖိုးထားပါက ယခုကဲ့သို႔ေသာ လုပ္ေဆာင္ေနမႈမ်ားကို ရပ္တန္းကရပ္ရန္ တိုက္တြန္းထားသည္။

“က်ေနာ္တို႔လည္း မလုပ္ခ်င္ပါဘူး။ ဒါေပမယ့္ အထက္က ဖိအားလည္း ရွိတယ္။ ရပ္ကြက္ က complain (တိုင္ၾကားမႈ) ေတြကို လည္း ေျဖရွင္းေနရတာ။ သြားသာ သြားရတယ္ ဘယ္အခ်ိန္ကိုယ့္ ဓါးနဲ႔ထိုးမလဲ ဆိုတာ ေၾကာက္ေနရတယ္” ဟု ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္း က EPC ဝန္ထမ္းတစ္ဦး က ေျပာသည္။

ျပည္သူမ်ားကို ဓာတ္အားခ မေပးေဆာင္ရန္ ဖက္ဆစ္ဆန႔္က်င္ေရး လက္႐ုံးတပ္ဖြဲ႕ (ဖ.ဆ.လ.တ) အဖြဲ႕က တိုက္ တြန္းထားၿပီး ထိုသို႔ေသာ လုပ္ေဆာင္မႈသည္ လွ်ပ္စစ္ဓါတ္အား ဆက္လက္ ထုတ္လုပ္ ျဖန႔္ျဖဴးေပးရန္အတြက္ အခက္အခဲမ်ားျဖစ္ႏိုင္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာနက ဇူလိုင္ ၈ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

“က်မတို႔ကေတာ့ မေဆာင္ဘူး။ လာျဖတ္လည္း ဖေယာင္းတိုင္နဲ႔ေနမယ္ မီးေသြးနဲ႔ခ်က္မယ္။ မီးစက္ငွားၿပီး ေရ တင္မယ္။ မီတာမေဆာင္လို႔ မီးျဖတ္မယ္ဆိုရင္ေတာ့ လွ်ပ္စစ္ေပးတဲ့ ႐ုံးမီးေလာင္မွာေပါ့။ အခုကမိုးတြင္း ဓါတ္ အားေတြက ပိုေနမွာ” ဟု ကမာ႐ြတ္ၿမိဳ႕နယ္ အတြင္းေနထိုင္သည့္ အသတ္ ၄၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးက ေျပာ သည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနကလည္း ျပည္သူမ်ား လွ်ပ္စစ္မီတာခမ်ား မေပးေဆာင္ပါက ဓာတ္အား ထုတ္ လုပ္မႈစရိတ္၊ ဝယ္ယူေနရေသာ သဘာဝဓါတ္ေငြ႕ႏွင့္ (LNG) ဓာတ္အားခမ်ားအတြက္ ဝင္ေငြမရရွိ ပါက အခက္ အခဲမ်ား ျဖစ္ေပၚလာႏိုင္ၿပီး ျပည္သူမ်ားကို လွ်ပ္စစ္မီး အလွည့္က်ျဖန႔္ေဝရမည့္ အေျခအေနသို႔ ေရာက္ရွိလာႏိုင္ ေၾကာင္း ဇူလိုင္လ ၈ ရက္ေန႔က ထုတ္ျပန္သည့္ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းေဖာ္ျပထားသည္။