မွန်ပြည်နယ် နှာခေါင်းစည်း ဈေး သုံးဆတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်နေသည့် မွန်ပြည်နယ်တွင် နှာခေါင်းစည်း Mask ဈေးနှုန်း သုံးဆခန့်အထိ တက်သွားသည်ဟု ပြည်သူများနှင့် ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ကိုဗစ်ကူးစက်မှု မများသေးသည့် ဇွန်လမတိုင်ခင်က ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း အခုရေ ၅၀ ပါ တစ်ဗူးလျှင် ကျပ်တစ်ထောင်ဝန်းကျင် ပေါက်ဈေးသာရှိခဲ့သော်လည်း ကိုဗစ်ကူးစက်မှု စများလာသည့် ဇွန်လဆန်းပိုင်းခန့်မှ စတင်၍ နှာခေါင်းစည်းဈေး တက်လာကာ ယခုအခါတစ်ဗူးလျှင် ကျပ် ၃၀၀၀ အထိ ဈေးတက်သွားခဲ့သည်။

“တစ်နေ့ကပဲ ၂၅၀၀ နဲ့ တစ်ဗူးဝယ်လာတယ်၊ တချို့ဆိုင်တွေမှာ ၂၈၀၀၊ ၃၀၀၀ နဲ့ ရောင်းနေတာတွေလည်းရှိ တယ်။ ဈေးက သုံးဆလောက်တက်သွားတယ်ပေါ့ အရင်က ၈၀၀၊ ၉၀၀ ပဲ။ အခု ၅၀ ပါ တစ်ဗူးကို ဘယ်လို လုပ်ရမလဲ ဈေးတက်လည်း ဝယ်ရတာပဲလေ” ဟု ဒေါ်ခင်ဝင်းက ပြောသည်။

ကိုဗစ်ကူးစက်မှုများလာသည်နှင့်အမျှ နှာခေါင်းစည်းများ ဝယ်လိုအားများလာသည့်အတွက် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများ ဈေးတက်သွားခြင်းဖြစ်သည်ဟု ဈေးဆိုင်ပိုင်ရှင်များ က ပြောသည်။

“ကိုဗစ်ကူးစက်မှုတွေ များလာတာနဲ့ ကိုဗစ်ကာကွယ်ပစ္စည်းတွေဖြစ်တဲ့ နှာခေါင်းစည်းတို့ နောက် hand gel တို့ စသဖြင့် အဝယ်များလာတယ်၊ အဝယ်များလာတော့ ဈေးတွေက ခုန်တက်သွားတယ် အဲဒီသဘောပါ ပစ္စည်း တွေကတော့ ပြတ်လပ်တာတော့ မရှိသေးဘူး လောလောဆယ်” ဟု ဈေးဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်လာနေသည့် အတွက် နှာခေါင်းစည်းဝယ်လိုအားလည်း များလာနိုင် သဖြင့် လက်ရှိထက် နှာခေါင်းစည်းဈေး ပိုတက်လာနိုင်သည်ဟုလည်း ဈေးဆိုင်ပိုင်ရှင်များ က ခန့်မှန်းပြော ဆို နေကြသည်။

လက်ရှိတွင် ဈေးကွက်အတွင်း နှာခေါင်းစည်း ပြတ်လပ်မှုမရှိသေးသော်လည်း ဝယ်လိုအား လက်ရှိထက် ပိုများ လာမည်ဆိုပါက ပစ္စည်းပြတ်လပ်သွားနိုင်သည့် အနေအထားရှိသည်ဟုလည်း ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစ၍ ကိုဗစ်ကူးစက်လူနာများ ဆက်တိုက်မြင့်တက်လာခဲ့ရာ တစ်လကျော် အတွင်း၌ COVID-19 အတည်ပြုလူနာ ၂၀၀၀ ကျော်ရှိကာ သေဆုံးသူ ၇၀ ကျော်ရှိပြီ ဖြစ်သည်။

*** ZAWGYI ***
မြန္ျပည္နယ္ ႏွာေခါင္းစည္း ေဈး သုံးဆတက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၂ ရက္။

ကိုဗစ္ကူးစက္မႈႏႈန္းျမင့္တက္ေနသည့္ မြန္ျပည္နယ္တြင္ ႏွာေခါင္းစည္း Mask ေစ်းႏႈန္း သုံးဆခန႔္အထိ တက္သြားသည္ဟု ျပည္သူမ်ားႏွင့္ ေစ်းဆိုင္ပိုင္ရွင္မ်ားက ေျပာသည္။

ကိုဗစ္ကူးစက္မႈ မမ်ားေသးသည့္ ဇြန္လမတိုင္ခင္က ခြဲစိတ္ခန္းသုံး ႏွာေခါင္းစည္း အခုေရ ၅၀ ပါ တစ္ဗူးလွ်င္ က်ပ္တစ္ေထာင္ဝန္းက်င္ ေပါက္ေစ်းသာရွိခဲ့ေသာ္လည္း ကိုဗစ္ကူးစက္မႈ စမ်ားလာသည့္ ဇြန္လဆန္းပိုင္းခန႔္မွ စတင္၍ ႏွာေခါင္းစည္းေစ်း တက္လာကာ ယခုအခါတစ္ဗူးလွ်င္ က်ပ္ ၃၀၀၀ အထိ ေစ်းတက္သြားခဲ့သည္။

“တစ္ေန႔ကပဲ ၂၅၀၀ နဲ႔ တစ္ဗူးဝယ္လာတယ္၊ တခ်ိဳ႕ဆိုင္ေတြမွာ ၂၈၀၀၊ ၃၀၀၀ နဲ႔ ေရာင္းေနတာေတြလည္းရွိ တယ္။ ေစ်းက သုံးဆေလာက္တက္သြားတယ္ေပါ့ အရင္က ၈၀၀၊ ၉၀၀ ပဲ။ အခု ၅၀ ပါ တစ္ဗူးကို ဘယ္လို လုပ္ရမလဲ ေစ်းတက္လည္း ဝယ္ရတာပဲေလ” ဟု ေဒၚခင္ဝင္းက ေျပာသည္။

ကိုဗစ္ကူးစက္မႈမ်ားလာသည္ႏွင့္အမွ် ႏွာေခါင္းစည္းမ်ား ဝယ္လိုအားမ်ားလာသည့္အတြက္ ကိုဗစ္ကာကြယ္ေရး ပစၥည္းမ်ား ေစ်းတက္သြားျခင္းျဖစ္သည္ဟု ေစ်းဆိုင္ပိုင္ရွင္မ်ား က ေျပာသည္။

“ကိုဗစ္ကူးစက္မႈေတြ မ်ားလာတာနဲ႔ ကိုဗစ္ကာကြယ္ပစၥည္းေတြျဖစ္တဲ့ ႏွာေခါင္းစည္းတို႔ ေနာက္ hand gel တို႔ စသျဖင့္ အဝယ္မ်ားလာတယ္၊ အဝယ္မ်ားလာေတာ့ ေစ်းေတြက ခုန္တက္သြားတယ္ အဲဒီသေဘာပါ ပစၥည္း ေတြကေတာ့ ျပတ္လပ္တာေတာ့ မရွိေသးဘူး ေလာေလာဆယ္” ဟု ေစ်းဆိုင္ပိုင္ရွင္တစ္ဦး က ေျပာသည္။

ကိုဗစ္ကူးစက္မႈႏႈန္း ဆက္တိုက္ျမင့္တက္လာေနသည့္ အတြက္ ႏွာေခါင္းစည္းဝယ္လိုအားလည္း မ်ားလာႏိုင္ သျဖင့္ လက္ရွိထက္ ႏွာေခါင္းစည္းေစ်း ပိုတက္လာႏိုင္သည္ဟုလည္း ေစ်းဆိုင္ပိုင္ရွင္မ်ား က ခန႔္မွန္းေျပာ ဆို ေနၾကသည္။

လက္ရွိတြင္ ေစ်းကြက္အတြင္း ႏွာေခါင္းစည္း ျပတ္လပ္မႈမရွိေသးေသာ္လည္း ဝယ္လိုအား လက္ရွိထက္ ပိုမ်ား လာမည္ဆိုပါက ပစၥည္းျပတ္လပ္သြားႏိုင္သည့္ အေနအထားရွိသည္ဟုလည္း ေစ်းဆိုင္ပိုင္ရွင္မ်ားက ေျပာသည္။

မြန္ျပည္နယ္တြင္ ဇြန္လဆန္းပိုင္းခန႔္မွစ၍ ကိုဗစ္ကူးစက္လူနာမ်ား ဆက္တိုက္ျမင့္တက္လာခဲ့ရာ တစ္လေက်ာ္ အတြင္း၌ COVID-19 အတည္ျပဳလူနာ ၂၀၀၀ ေက်ာ္ရွိကာ ေသဆုံးသူ ၇၀ ေက်ာ္ရွိၿပီ ျဖစ္သည္။