ကသာတွင် စစ်သားနှင့် ရဲများ မြို့အတွင်း လှည့်လည် သေနတ်ဖောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။

ကသာမြို့တွင် တနင်္လာနေ့ညပိုင်းက ရဲနှင့် စစ်ကောင်စီ တပ်ဖွဲ့များက အရပ်ဝတ်များဖြင့် မြို့ထဲလှည့်လည်ကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။

ထိုဖြစ်ရပ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ ရှိ အမှတ် ၁ ရပ်ကွက်ရှိ ကြံခိုင်ရေးရုံးနှင့် အမှတ် ၇ ရပ်ကွက် ဥက္ကဋ္ဌ အိမ်ရှေ့တို့တွင် ရှေ့ဆင့် နောက် ဆင့် ဗုံးပေါက်ကွဲမူ ဖြစ်ပြီးနောက် မြို့မရဲစခန်းမှ ရဲများနှင့် လုံခြုံယူထားသည့် စစ်သားများက အရပ်ဝတ်များ ဖြင့် ဆိုင်ကယ်စီးကာ သေနတ်မိုးပေါ်ထောင်ဖောက်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

”ရဲယူနီဖောင်းနဲ့မဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ဆိုတော့ PDF တွေ ရဲစခန်း ဝင်သိမ်းတယ်ဆိုပြီး အကုန်ဖြစ်ကုန် ကြ တာပ။ ဆိုင်ကယ်ပေါ်ကနေ ဗုံးသုံးလုံးစာ တောင်မရှိဘူးလို့လည်း အော်သွားကြသေးတယ်” ကသာမြို့ ရပ်ကွက် ၂ က အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး က ပြောသည်။

အရပ်ဝတ်များက ပစ်ခတ်ခဲ့သည့်အတွက် ၎င်းတို့အား PDF ဟု ကနဦးက ထင်ခဲ့ကြသည်ဟု မြို့ခံများ က ဆိုသည်။ ထို့နောက်မှ ဆဲဆိုအော်သွားသည့် အသံများကြားမှ လာရောက်ပစ်ခတ်သူများမှာ PDF တပ်ဖွဲ့များ မဟုတ်ပဲ ရဲနှင့်စစ်သားများ ဖြစ်ကြောင်း သိရသည်ဟု ပြောသည်။

အမှတ် ၁ ရပ်ကွက်ရှိ ရုပ်ရှင်ရုံ နှင့် ကြံခိုင်ရေးရုံးရှေ့တွင် အရပ်ဝတ်ဖြင့် စစ်သားများက သေနတ်အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သည့်အတွက် ရပ်ကွက်၂ ရှိ ရွှေစင်ရွှေဆိုင် မှ ရှေ့မှန်များလည်း ကွဲသွားကြောင်း အမှတ် ၂ ရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၀ အရွယ် အဆိုပါ အမျိုးသားတစ်ဦးက ဆက် ပြောသည်။

ယခုရဲများ သေနတ်ထောင်ဖောက်သော နေရာသည် အမှတ် ၁ရပ်ကွက်၊ ၂ရပ်ကွက်တို့နှင့် ထိစပ်နေသည့် နေရာ ဖြစ်ပြီး ရဲစခန်း၊ ကြံခိုင်ရေးရုံး၊ မီးသတ်၊ မြို့မဈေး တို့ ရှိကာ မျက်နှာခြင်းဆိုင်တွင် သီရီခေမာဈေး၊ ယခင်ကား လေးဂိတ်တို့ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ ညကလည်း ကသာမှ ဗန်းမော် ဘက်သို့အထွက် တစ်မိုင်ခန့်အကွာ ကားကြီးကွင်း ဟုခေါ်ကြသည့် ကျွဲဈေး၊ နွားဈေးအနီးတွင် စစ်ကောင်စီတပ်မှ ကား ၂စီးကို ဒေသခံ PDF တပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့က ခြုံခိုတိုက်ခဲ့ ကြောင်းသိရသည်။

ပုံစာ-ဇူလိုင် ၉ ရက်နေ့ ည ကသာကားကြီးဝန်း အနီးတိုက်ပွဲဖြစ်ချိန် ကားလမ်းဘေး ပေါက်ကွဲ ပျက်စီးမှုတချို့

*** ZAWGYI ***
ကသာတြင္ စစ္သားႏွင့္ ရဲမ်ား ၿမိဳ႕အတြင္း လွည့္လည္ ေသနတ္ေဖာက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၃ ရက္။

ကသာၿမိဳ႕တြင္ တနလၤာေန႔ညပိုင္းက ရဲႏွင့္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက အရပ္ဝတ္မ်ားျဖင့္ ၿမိဳ႕ထဲလွည့္လည္ကာ ေသနတ္ပစ္ေဖာက္ၿခိမ္းေျခာက္ခဲ့ၾကသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

ထိုျဖစ္ရပ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕ ရွိ အမွတ္ ၁ ရပ္ကြက္ရွိ ႀကံခိုင္ေရး႐ုံးႏွင့္ အမွတ္ ၇ ရပ္ကြက္ ဥကၠ႒ အိမ္ေရွ႕တို႔တြင္ ေရွ႕ဆင့္ ေနာက္ ဆင့္ ဗုံးေပါက္ကြဲမူ ျဖစ္ၿပီးေနာက္ ၿမိဳ႕မရဲစခန္းမွ ရဲမ်ားႏွင့္ လုံၿခဳံယူထားသည့္ စစ္သားမ်ားက အရပ္ဝတ္မ်ား ျဖင့္ ဆိုင္ကယ္စီးကာ ေသနတ္မိုးေပၚေထာင္ေဖာက္ခဲ့ျခင္း ျဖစ္သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

”ရဲယူနီေဖာင္းနဲ႔မဟုတ္ဘဲ အရပ္ဝတ္ေတြနဲ႔ဆိုေတာ့ PDF ေတြ ရဲစခန္း ဝင္သိမ္းတယ္ဆိုၿပီး အကုန္ျဖစ္ကုန္ ၾက တာပ။ ဆိုင္ကယ္ေပၚကေန ဗုံးသုံးလုံးစာ ေတာင္မရွိဘူးလို႔လည္း ေအာ္သြားၾကေသးတယ္” ကသာၿမိဳ႕ ရပ္ကြက္ ၂ က အသက္ ၇၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး က ေျပာသည္။

အရပ္ဝတ္မ်ားက ပစ္ခတ္ခဲ့သည့္အတြက္ ၎တို႔အား PDF ဟု ကနဦးက ထင္ခဲ့ၾကသည္ဟု ၿမိဳ႕ခံမ်ား က ဆိုသည္။ ထို႔ေနာက္မွ ဆဲဆိုေအာ္သြားသည့္ အသံမ်ားၾကားမွ လာေရာက္ပစ္ခတ္သူမ်ားမွာ PDF တပ္ဖြဲ႕မ်ား မဟုတ္ပဲ ရဲႏွင့္စစ္သားမ်ား ျဖစ္ေၾကာင္း သိရသည္ဟု ေျပာသည္။

အမွတ္ ၁ ရပ္ကြက္ရွိ ႐ုပ္ရွင္႐ုံ ႏွင့္ ႀကံခိုင္ေရး႐ုံးေရွ႕တြင္ အရပ္ဝတ္ျဖင့္ စစ္သားမ်ားက ေသနတ္အခ်က္ ၂၀ ထက္မနည္း ပစ္ခတ္ခဲ့သည့္အတြက္ ရပ္ကြက္၂ ရွိ ေ႐ႊစင္ေ႐ႊဆိုင္ မွ ေရွ႕မွန္မ်ားလည္း ကြဲသြားေၾကာင္း အမွတ္ ၂ ရပ္ကြက္တြင္ေနထိုင္သည့္ အသက္ ၇၀ အ႐ြယ္ အဆိုပါ အမ်ိဳးသားတစ္ဦးက ဆက္ ေျပာသည္။

ယခုရဲမ်ား ေသနတ္ေထာင္ေဖာက္ေသာ ေနရာသည္ အမွတ္ ၁ရပ္ကြက္၊ ၂ရပ္ကြက္တို႔ႏွင့္ ထိစပ္ေနသည့္ ေနရာ ျဖစ္ၿပီး ရဲစခန္း၊ ႀကံခိုင္ေရး႐ုံး၊ မီးသတ္၊ ၿမိဳ႕မေဈး တို႔ ရွိကာ မ်က္ႏွာျခင္းဆိုင္တြင္ သီရီေခမာေဈး၊ ယခင္ကား ေလးဂိတ္တို႔ ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္ ၉ ရက္ေန႔ ညကလည္း ကသာမွ ဗန္းေမာ္ ဘက္သို႔အထြက္ တစ္မိုင္ခန႔္အကြာ ကားႀကီးကြင္း ဟုေခၚၾကသည့္ ကြၽဲေဈး၊ ႏြားေဈးအနီးတြင္ စစ္ေကာင္စီတပ္မွ ကား ၂စီးကို ေဒသခံ PDF တပ္ဖြဲ႕မ်ားႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ပူးေပါင္းတပ္ဖြဲ႕တို႔က ၿခဳံခိုတိုက္ခဲ့ ေၾကာင္းသိရသည္။

ပုံစာ-ဇူလိုင္ ၉ ရက္ေန႔ ည ကသာကားႀကီးဝန္း အနီးတိုက္ပြဲျဖစ္ခ်ိန္ ကားလမ္းေဘး ေပါက္ကြဲ ပ်က္စီးမႈတခ်ိဳ႕