ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ ဒါရိုက်တာတစ်ဦးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝန်းသိုမြို့ အခြေစိုက် Microfilm ဒါရိုက်တာ မြတ်ကျော်သူငြိမ်းကို ဇူလှိုင်လ ၁၃ရက်နေ့ က စစ်ကောင်စီတပ်က နေအိမ်တွင်လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းနှင့် ရင်းနှီးသူမိတ်ဆွေ အချို့ထံမှသိရသည်။

ဇူလိုင် ၁၃ရက်နေ့ ညက ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရချိန်တွင် မြတ်ကျော်သူငြိမ်းသည် COVID-19 ရောဂါပိုး ကူး စက်ခံထားရပြီး မိသားစုဝင်အချို့လည်း ကူးစက်ခံထားကြောင်း ၎င်းမိတ်ဆွေတစ်ဦးက အတည်ပြု ပြောသည်။

မြတ်ကျော်သူငြိမ်းကို ၅၀၅ ဖြင့်ဖမ်းဆီးသွားသည်ဆိုသော်လည်း ရဲအချုပ်ကို ခေါ်သွားခြင်းမဟုတ်ဘဲ ၁၁၃ တပ် ရင်း စစ်ကြောရေးကို ညတွင်းချင်း ဖမ်းဆီးခေါ်သွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“စစ်တပ်စစ်ကြောရေးခေါ်သွားတယ်ဆိုလို့ သေသွားပြီဆိုပြီး မနက်ပိုင်းမှာ သတင်းထွက်လာသေးတယ်။ အခုထိ အတည်ပြုလို့ရသေးဘူး။ သူက ဘယ်သူကိုယ်မှ ဒုက္ခမပေးဘူး လူချစ်လူခင်များတယ်။ သူဝါသနာပါတဲ့ အနု ပညာ သူလုပ်နေတာ။ ကိုဗစ်လည်း ဖြစ်နေတော့ စိုးရိမ်း“ ဟု ၎င်း က ပြောသည်။

မြတ်ကျော်သူငြိမ်း ရိုက်ကူးတည်းဖြတ်သည့် The Answer (အဖြေ) ဇာတ်ကားသည် တတိယ မြန်မာ လူငယ် မိုက်ခရိုဖလင် ပြိုင်ပွဲ (3rd Myanmar Youth Microfilm) တွင် နှစ်သိမ့်ဆုရဖူးသည်။

Microfilm ဆိုသည်မှာ သတင်းစာများ၊ စာရွက်စာတမ်းများ၊ အသေးစိတ် ရိုက်ချက်များ ရိုက်ကူးထားသည့် ဓါတ်ပုံများ ထည့်သွင်းထားသည့် ရုပ်ရှင်ကို ခေါ်သည်။

*** ZAWGYI ***
ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရသူ ဒါ႐ိုက္တာတစ္ဦးကို ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၄ ရက္။

စစ္ကိုင္းတိုင္း ေဒသႀကီး၊ ဝန္းသိုၿမိဳ႕ အေျခစိုက္ Microfilm ဒါ႐ိုက္တာျမတ္ေက်ာ္သူၿငိမ္းကို ဇူလႈိင္လ ၁၃ရက္ေန႔ က စစ္ေကာင္စီတပ္က ေနအိမ္တြင္လာေရာက္ဖမ္းဆီးသြားေၾကာင္း ၎ႏွင့္ ရင္းႏွီးသူမိတ္ေဆြ အခ်ိဳ႕ထံမွသိရသည္။

ဇူလိုင္ ၁၃ရက္ေန႔ ညက ဖမ္းဆီးသြားၿပီး ဖမ္းဆီးခံရခ်ိန္တြင္ ျမတ္ေက်ာ္သူၿငိမ္းသည္ COVID-19 ေရာဂါပိုး ကူး စက္ခံထားရၿပီး မိသားစုဝင္အခ်ိဳ႕လည္း ကူးစက္ခံထားေၾကာင္း ၎မိတ္ေဆြတစ္ဦးက အတည္ျပဳ ေျပာသည္။

ျမတ္ေက်ာ္သူၿငိမ္းကို ၅၀၅ ျဖင့္ဖမ္းဆီးသြားသည္ဆိုေသာ္လည္း ရဲအခ်ဳပ္ကို ေခၚသြားျခင္းမဟုတ္ဘဲ ၁၁၃ တပ္ ရင္း စစ္ေၾကာေရးကို ညတြင္းခ်င္း ဖမ္းဆီးေခၚသြားေၾကာင္း ၎က ဆက္လက္ရွင္းျပသည္။

“စစ္တပ္စစ္ေၾကာေရးေခၚသြားတယ္ဆိုလို႔ ေသသြားၿပီဆိုၿပီး မနက္ပိုင္းမွာ သတင္းထြက္လာေသးတယ္။ အခုထိ အတည္ျပဳလို႔ရေသးဘူး။ သူက ဘယ္သူကိုယ္မွ ဒုကၡမေပးဘူး လူခ်စ္လူခင္မ်ားတယ္။ သူဝါသနာပါတဲ့ အႏု ပညာ သူလုပ္ေနတာ။ ကိုဗစ္လည္း ျဖစ္ေနေတာ့ စိုးရိမ္း“ ဟု ၎ က ေျပာသည္။

ျမတ္ေက်ာ္သူၿငိမ္း ႐ိုက္ကူးတည္းျဖတ္သည့္ The Answer (အေျဖ) ဇာတ္ကားသည္ တတိယ ျမန္မာ လူငယ္ မိုက္ခ႐ိုဖလင္ ၿပိဳင္ပြဲ (3rd Myanmar Youth Microfilm) တြင္ ႏွစ္သိမ့္ဆုရဖူးသည္။

Microfilm ဆိုသည္မွာ သတင္းစာမ်ား၊ စာ႐ြက္စာတမ္းမ်ား၊ အေသးစိတ္ ႐ိုက္ခ်က္မ်ား ႐ိုက္ကူးထားသည့္ ဓါတ္ပုံမ်ား ထည့္သြင္းထားသည့္ ႐ုပ္ရွင္ကို ေခၚသည္။