နိုင်ငံတဝှမ်း COVDI-19 ရောဂါကို ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

COVID-19 ကပ်ရောဂါကြောင့် တိုင်းဒေသကြီးများကဲ့သို့ ပြည်နယ်များတွင်လည်း သေဆုံးမှုများ မြှင့်တက် နေပြီး ကုသရေးနှင့် ကာကွယ်ရေးအပိုင်းကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ဆောင်နေရသည့်အတွက် အဖက် ဖက်မှ အကူအညီများ လိုအပ်နေသည် ဟု လူမှုကူညီရေး အသင်းများနှင့် ပြည်သူများက ပြောသည်။

COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်တက်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့ ဘက်က အခြေအနေနှင့် ပတ်သက်၍ “ကိုဗစ်အခြေအနေကတော့ နေ့တိုင်း နေ့တိုင်း သဂြိုလ်နေရတဲ့အခြေအနေမျိုး ရှိနေတယ်ဗျ။ သီတဂူ ဆေးခန်းမှာရော၊ ဥယျာဉ်ဆေးခန်းမှာရော ပြည့်နေတယ်။ နောက် မြဝတ်ရည်မှာက ရိုးရိုးလူနာလိုလို ဖြစ်ပေ မယ့်လည်း နေ့တိုင်းသေတာမျိုးရှိနေတယ်။ ဒီနေ့လည်း အဲ့ဒီက တစ်ယောက် သဂြိုလ်လိုက်ရတယ်။ နောက် မမုံက တစ်ယောက်ပေါ့နော်။ ဒီနေ့ အခုထိ မြဝတ်ရည်မှာ ၃ ယောက်သေတယ်” ဟု ဖားကန့်မြို့ရှိ သင်္ခါလူမှုညီ ရေးအသင်း က တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ရောဂါဖြစ်ပွားမှုများကြောင့် အသက်သေဆုံးသည့် ဦးရေပိုမိုများပြားလာသည်သာကမ အောက်ဆီဂျင် လိုအပ်မှု များလည်း မြင့်တက်နေသည်ဟု ဆက်ပြောသည်။

ဖားကန့်မြို့ရှိ သင်္ခါလူမှုညီရေးအသင်း က တာဝန်ရှိသူ တစ်ဦး က “အသက်ရှူကြပ်ပြီး အမောဆို့ပြီးသေတာ အဲ့ လိုမျိုးဟုတ်တယ်။ နောက် သီတဂူမှာ ကျတော့ ကိုဗစ်ဖြစ်ပြီး အသက်ရှူကြပ် အောက်ဆီဂျင် ပြတ်ပြီးသေတာ မျိုး ဟုတ်တယ်” ဟု ပြောသည်။

ရောဂါဖြစ်ပွားသူများကို ဆေးရုံသို့ ပို့ဆောင်ပေးရသကဲ့သို့ သေဆုံးသူများကို သဂြိုလ်ရန် ဆေးရုံမှ ဖုန်းဆက် အ ကြောင်းကြားလာပါက အခြားဌာနဆိုင်ရာများ၏ အကူအညီများမပါပဲ ပရဟိတ အသင်းက ကိုယ်တိုင် ကမက ထပြုလုပ်ကာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူများကို သွားရောက် သဂြိုလ်ပေးရသည် ဟု ဆိုသည်။

ထိုသို့ ဖြေရှင်းနေကြရသည့် အပြင် ပိုးသတ်ဆေးဖျန်းခြင်းများကိုလည်း ပရဟိတအသင်းများ၏ ကုန်ကျစရိတ် ဖြင့် တာဝန်ယူကာ ဖျန်းပေးနေရပြီး ငွေကြေးမှအစ ကိုဗစ်နှင့် သက်ဆိုင်သည့် အကာအကွယ် ပစ္စည်းများလည်း လိုအပ်နေသည်ဟု သင်္ခါလူမှုညီရေးအသင်း က တာဝန်ရှိသူ ကဆိုသည်။

“ဆေးလည်း ကိုယ့်ဟာကိုယ်ပဲ ဖျန်းနေရတယ်။ သံသယရှိတဲ့အိမ်ကို ကိုယ့်ဟာကိုယ်ဖျန်းပေါ့၊ တစ်ရွာလုံးလည်း မဖျန်းနိုင်ဘူးလေနော်။ ကုန်ကျစရိတ်က များတယ်ဗျ။ ကျန်းမာရေးညွန်ကြားချက်လည်း ကျနော်တို့ဆီ ဘာမှ မလာဘူး” ဟု ပြောသည်။

ကချင်ပြည်နယ်နည်းတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ကိုဗစ်လူနာ နေ့တိုင်းနီးပါးရှိနေပြီး အသက်သေဆုံး သူများလည်း များလာသည်ဟု ရှမ်း ပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ က ဒေသခံ အမျိုးသမီးတစ်ဦး က ပြော သည်။

“အစ်မတို့ဆီမှာလည်း နေ့တိုင်းလူနာရှိတယ်။ သေတဲ့ လူတွေလည်းများတယ်။ ဒီအိမ်မှာ P ဖြစ်တယ်ကြား လည်း ဘယ်လိုဖြစ်ပြီး P ဖြစ်တာလဲ၊ ခရီးသွား ရာဇဝင်ရှိလား၊ ဒီကြားထဲ ဘယ်သူတွေနဲ့ ထိတွေ့ခဲလဲ အဲ့လိုမျိုး တွေ မေးတာလည်း မရှိဘူး။ စစ်တာလည်းမရှိဘူး။ ကိုယ်က အသက်ရှုကြပ်လာရင် ကိုယ့်ဟာကိုပဲ ပရဟိ အ သင်းကို ဖုန်းဆက်ရ တယ်။ သူတို့ လာခေါ်ရင် သွားလို့ရတယ်။ လာမခေါ်ရင် ဒီအတိုင်းပဲ အိမ်မှာနေရတယ် ဒီမှာ တော့ အဲ့လိုမျိုး ဖြစ်နေတာ။ ပရဟိတအသင်းတွေကတော့ အားလုံးဝိုင်းကူညီကြပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်အတွင်း ဇူလိုင်လ ၁၄ ရက်နေ့က အတည်ပြုလူနာ ၄၁၅ ဦး တွေ့ရှိခဲ့ရပြီး လားရှိုးတွင် ၅ ဦး၊ ညောင်ရွှေတွင် ၁ ဦး၊ စုစုပေါင်း ၆ ဦး သေ ဆုံးခဲ့သည် ဟု သိရသည်။

ပြည်နယ်များနည်းတူ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း COVID-19 အတည်ပြုလူနာများအနေဖြင့် ပရဟိတအသင်းများ ကိုသာ အားကိုးနေရပြီး၊ အတည်ပြုလူနာများရှိသည့် အိမ်များကလည်း မိမိတို့ကိုယ်တိုင် အိမ်များကို Lock Down ချခြင်း၊ အပြင်ထွက်ခြင်းများကို ရပ်တန့်ပြီး အိမ်မှာ နေနေကြရသည်ဟု ကလေးမြို့ခံ များနှင့် ပရဟိတအသင်း တာဝန်ရှိသူများက ပြောသည်။

ကလေးမြို့က စေတနာ့ဝန်ထမ်းတစ်ဦးကလည်း “ဘယ်သူက ဘာဖြစ်တယ်၊ ဘယ်သွားတယ် ဆိုတာဘာမှ မရှိ တော့ဘူး။ အုပ်ချုုပ်ရေးပိုင်းက မရှိတော့ ဘူး လေနော်။ အခုက ပြည်သူတွေကပဲ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်ချိတ်ဆက်ပြောပေး တာမျိုး လေနော်။ အခုက အုပ်ချုပ်ရေးလည်းမရှိ၊ ကြားကာလလို ဖြစ်နေ တော့ ဘယ်သူမှလည်း စစ်ဆေးမေးမြန်း တာ မရှိဘူး၊ ခရီး သွားရာဇဝင်ဘာတာဘာညာဆိုတာက လုံးဝကို မရှိ တော့တာဘူး” ဟု ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် စိန်ခေါ်မှု၊ ခက်ခဲမှုများနှင့် အဖက်ဖက်မှ အကူအညီများလိုအပ်နေသည် ဟု ဆိုသည်။

လက်ရှိတွင် နိုင်ငံအဝန်း ကိုဗစ် အတည်ပြု လူနာနှင့် သေဆုံးသူဦးရေများ သိသိသာ မြှင့်တက်လျက်ရှိပြီး ဇူလိုင် လ ၁၅ ရက်နေ့ တစ်ရက်တည်းတွင် တနိုင်ငံလုံး၏ COVID-19 ဓါတ်ခွဲလူနာ ၁၁၀၄၄ ဦးအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာအသစ် ၄၁၈၈ ဦး တိုးလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သို့သော် အဆိုပါ ထုတ်ပြန်ချက်ထက်လည်း များနိုင်သည်ဟု ပရိဟိတ အသင်း တာဝန်ရှိသူများက ဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ ည ၈ နာရီအထိ စာရင်းအရ မြန်မာနိုင်ငံတဝှမ်းတွင် COVID-19 အတည်ပြုလူနာအသစ် ၇၀၈၃ ဦး ထပ်တွေ့ခဲ့သည့် အတွက် ၂၀၂၀ ခုနှစ် တစ်နှစ်လုံးနှင့် ယခု ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၂၁၂၅၄၅ ဦး ရှိသွားပြီ ဖြစ်သည်ဟု သိရသည်။

*** ZAWGYI ***
ႏိုင္ငံတဝွမ္း COVDI-19 ေရာဂါကို ကိုယ္ထူကိုယ္ထ ေျဖရွင္းေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္။

COVID-19 ကပ္ေရာဂါေၾကာင့္ တိုင္းေဒသႀကီးမ်ားကဲ့သို႔ ျပည္နယ္မ်ားတြင္လည္း ေသဆုံးမႈမ်ား ျမႇင့္တက္ ေနၿပီး ကုသေရးႏွင့္ ကာကြယ္ေရးအပိုင္းကို ကိုယ္ထူကိုယ္ထစနစ္ျဖင့္ လုပ္ေဆာင္ေနရသည့္အတြက္ အဖက္ ဖက္မွ အကူအညီမ်ား လိုအပ္ေနသည္ ဟု လူမႈကူညီေရး အသင္းမ်ားႏွင့္ ျပည္သူမ်ားက ေျပာသည္။

COVID-19 ေရာဂါကူးစက္မႈႏႈန္းျမင့္တက္ေနသည့္ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕ ဘက္က အေျခအေနႏွင့္ ပတ္ သက္၍ “ကိုဗစ္အေျခအေနကေတာ့ ေန႔တိုင္း ေန႔တိုင္း သၿဂိဳလ္ေနရတဲ့အေျခအေနမ်ိဳး ရွိေနတယ္ဗ်။ သီတဂူ ေဆးခန္းမွာေရာ၊ ဥယ်ာဥ္ေဆးခန္းမွာေရာ ျပည့္ေနတယ္။ ေနာက္ ျမဝတ္ရည္မွာက ႐ိုး႐ိုးလူနာလိုလို ျဖစ္ေပ မယ့္လည္း ေန႔တိုင္းေသတာမ်ိဳးရွိေနတယ္။ ဒီေန႔လည္း အဲ့ဒီက တစ္ေယာက္ သၿဂိဳလ္လိုက္ရတယ္။ ေနာက္ မမုံက တစ္ေယာက္ေပါ့ေနာ္။ ဒီေန႔ အခုထိ ျမဝတ္ရည္မွာ ၃ ေယာက္ေသတယ္” ဟု ဖားကန႔္ၿမိဳ႕ရွိ သခၤါလူမႈညီ ေရးအသင္း က တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

ေရာဂါျဖစ္ပြားမႈမ်ားေၾကာင့္ အသက္ေသဆုံးသည့္ ဦးေရပိုမိုမ်ားျပားလာသည္သာကမ ေအာက္ဆီဂ်င္ လိုအပ္မႈ မ်ားလည္း ျမင့္တက္ေနသည္ဟု ဆက္ေျပာသည္။

ဖားကန႔္ၿမိဳ႕ရွိ သခၤါလူမႈညီေရးအသင္း က တာဝန္ရွိသူ တစ္ဦး က “အသက္ရႉၾကပ္ၿပီး အေမာဆို႔ၿပီးေသတာ အဲ့ လိုမ်ိဳးဟုတ္တယ္။ ေနာက္ သီတဂူမွာ က်ေတာ့ ကိုဗစ္ျဖစ္ၿပီး အသက္ရႉၾကပ္ ေအာက္ဆီဂ်င္ ျပတ္ၿပီးေသတာ မ်ိဳး ဟုတ္တယ္” ဟု ေျပာသည္။

ေရာဂါျဖစ္ပြားသူမ်ားကို ေဆး႐ုံသို႔ ပို႔ေဆာင္ေပးရသကဲ့သို႔ ေသဆုံးသူမ်ားကို သၿဂိဳလ္ရန္ ေဆး႐ုံမွ ဖုန္းဆက္ အ ေၾကာင္းၾကားလာပါက အျခားဌာနဆိုင္ရာမ်ား၏ အကူအညီမ်ားမပါပဲ ပရဟိတ အသင္းက ကိုယ္တိုင္ ကမက ထျပဳလုပ္ကာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူမ်ားကို သြားေရာက္ သၿဂိဳလ္ေပးရသည္ ဟု ဆိုသည္။

ထိုသို႔ ေျဖရွင္းေနၾကရသည့္ အျပင္ ပိုးသတ္ေဆးဖ်န္းျခင္းမ်ားကိုလည္း ပရဟိတအသင္းမ်ား၏ ကုန္က်စရိတ္ ျဖင့္ တာဝန္ယူကာ ဖ်န္းေပးေနရၿပီး ေငြေၾကးမွအစ ကိုဗစ္ႏွင့္ သက္ဆိုင္သည့္ အကာအကြယ္ ပစၥည္းမ်ားလည္း လိုအပ္ေနသည္ဟု သခၤါလူမႈညီေရးအသင္း က တာဝန္ရွိသူ ကဆိုသည္။

“ေဆးလည္း ကိုယ့္ဟာကိုယ္ပဲ ဖ်န္းေနရတယ္။ သံသယရွိတဲ့အိမ္ကို ကိုယ့္ဟာကိုယ္ဖ်န္းေပါ့၊ တစ္႐ြာလုံးလည္း မဖ်န္းႏိုင္ဘူးေလေနာ္။ ကုန္က်စရိတ္က မ်ားတယ္ဗ်။ က်န္းမာေရးၫြန္ၾကားခ်က္လည္း က်ေနာ္တို႔ဆီ ဘာမွ မလာဘူး” ဟု ေျပာသည္။

ကခ်င္ျပည္နယ္နည္းတူ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္လည္း ကိုဗစ္လူနာ ေန႔တိုင္းနီးပါးရွိေနၿပီး အသက္ေသဆုံး သူမ်ားလည္း မ်ားလာသည္ဟု ရွမ္း ျပည္နယ္ ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕ က ေဒသခံ အမ်ိဳးသမီးတစ္ဦး က ေျပာ သည္။

“အစ္မတို႔ဆီမွာလည္း ေန႔တိုင္းလူနာရွိတယ္။ ေသတဲ့ လူေတြလည္းမ်ားတယ္။ ဒီအိမ္မွာ P ျဖစ္တယ္ၾကား လည္း ဘယ္လိုျဖစ္ၿပီး P ျဖစ္တာလဲ၊ ခရီးသြား ရာဇဝင္ရွိလား၊ ဒီၾကားထဲ ဘယ္သူေတြနဲ႔ ထိေတြ႕ခဲလဲ အဲ့လိုမ်ိဳး ေတြ ေမးတာလည္း မရွိဘူး။ စစ္တာလည္းမရွိဘူး။ ကိုယ္က အသက္ရႈၾကပ္လာရင္ ကိုယ့္ဟာကိုပဲ ပရဟိ အ သင္းကို ဖုန္းဆက္ရ တယ္။ သူတို႔ လာေခၚရင္ သြားလို႔ရတယ္။ လာမေခၚရင္ ဒီအတိုင္းပဲ အိမ္မွာေနရတယ္ ဒီမွာ ေတာ့ အဲ့လိုမ်ိဳး ျဖစ္ေနတာ။ ပရဟိတအသင္းေတြကေတာ့ အားလုံးဝိုင္းကူညီၾကပါတယ္” ဟု ေျပာသည္။

စစ္ေကာင္စီ လက္ေအာက္ခံ က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ရွမ္းျပည္နယ္အတြင္း ဇူလိုင္လ ၁၄ ရက္ေန႔က အတည္ျပဳလူနာ ၄၁၅ ဦး ေတြ႕ရွိခဲ့ရၿပီး လားရႈိးတြင္ ၅ ဦး၊ ေညာင္ေ႐ႊတြင္ ၁ ဦး၊ စုစုေပါင္း ၆ ဦး ေသ ဆုံးခဲ့သည္ ဟု သိရသည္။

ျပည္နယ္မ်ားနည္းတူ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕တြင္လည္း COVID-19 အတည္ျပဳလူနာမ်ားအေနျဖင့္ ပရဟိတအသင္းမ်ား ကိုသာ အားကိုးေနရၿပီး၊ အတည္ျပဳလူနာမ်ားရွိသည့္ အိမ္မ်ားကလည္း မိမိတို႔ကိုယ္တိုင္ အိမ္မ်ားကို Lock Down ခ်ျခင္း၊ အျပင္ထြက္ျခင္းမ်ားကို ရပ္တန႔္ၿပီး အိမ္မွာ ေနေနၾကရသည္ဟု ကေလးၿမိဳ႕ခံ မ်ားႏွင့္ ပရဟိတအသင္း တာဝန္ရွိသူမ်ားက ေျပာသည္။

ကေလးၿမိဳ႕က ေစတနာ့ဝန္ထမ္းတစ္ဦးကလည္း “ဘယ္သူက ဘာျဖစ္တယ္၊ ဘယ္သြားတယ္ ဆိုတာဘာမွ မရွိ ေတာ့ဘူး။ အုပ္ခ်ဳုပ္ေရးပိုင္းက မရွိေတာ့ ဘူး ေလေနာ္။ အခုက ျပည္သူေတြကပဲ အခ်င္းခ်င္း တစ္ေယာက္နဲ႔ တစ္ေယာက္ခ်ိတ္ဆက္ေျပာေပး တာမ်ိဳး ေလေနာ္။ အခုက အုပ္ခ်ဳပ္ေရးလည္းမရွိ၊ ၾကားကာလလို ျဖစ္ေန ေတာ့ ဘယ္သူမွလည္း စစ္ေဆးေမးျမန္း တာ မရွိဘူး၊ ခရီး သြားရာဇဝင္ဘာတာဘာညာဆိုတာက လုံးဝကို မရွိ ေတာ့တာဘူး” ဟု ေျပာသည္။

ထိုသို႔ လုပ္ေဆာင္ရာတြင္ စိန္ေခၚမႈ၊ ခက္ခဲမႈမ်ားႏွင့္ အဖက္ဖက္မွ အကူအညီမ်ားလိုအပ္ေနသည္ ဟု ဆိုသည္။

လက္ရွိတြင္ ႏိုင္ငံအဝန္း ကိုဗစ္ အတည္ျပဳ လူနာႏွင့္ ေသဆုံးသူဦးေရမ်ား သိသိသာ ျမႇင့္တက္လ်က္ရွိၿပီး ဇူလိုင္ လ ၁၅ ရက္ေန႔ တစ္ရက္တည္းတြင္ တႏိုင္ငံလုံး၏ COVID-19 ဓါတ္ခြဲလူနာ ၁၁၀၄၄ ဦးအားစစ္ေဆးခဲ့ရာ အတည္ျပဳလူနာအသစ္ ၄၁၈၈ ဦး တိုးလာသည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ သို႔ေသာ္ အဆိုပါ ထုတ္ျပန္ခ်က္ထက္လည္း မ်ားႏိုင္သည္ဟု ပရိဟိတ အသင္း တာဝန္ရွိသူမ်ားက ဆိုသည္။

ဇူလိုင္လ ၁၅ ရက္ေန႔ ည ၈ နာရီအထိ စာရင္းအရ ျမန္မာႏိုင္ငံတဝွမ္းတြင္ COVID-19 အတည္ျပဳလူနာအသစ္ ၇၀၈၃ ဦး ထပ္ေတြ႕ခဲ့သည့္ အတြက္ ၂၀၂၀ ခုႏွစ္ တစ္ႏွစ္လုံးႏွင့္ ယခု ၂၀၂၁ ခုႏွစ္ ဇူလိုင္လ ၁၅ ရက္ေန႔အထိ အတည္ျပဳလူနာ စုစုေပါင္း ၂၁၂၅၄၅ ဦး ရွိသြားၿပီ ျဖစ္သည္ဟု သိရသည္။