ကသာတွင် ဆယ်ရက်အတွင်း COVID-19 ကြောင့် သေဆုံးသူ ၁၁ ဦးရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ တွင် ဆယ်ရက်ခန့်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၁ ဦးနှင့် ရောဂါပိုး ကူးစက်သူ ၁၅၀ ကျော် အထိရှိသည်ဟု ပရဟိတအဖွဲ့အစည်းများက ပြောသည်။

သေဆုံးသူများတွင် အသက် ၄၀ ကျော်၊ ၆၀ ကျော်နှင့် ၇၀ ကျော်အထိ သက်ကြီးရွယ်အိုများ ပါဝင်ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၁ ဦးဖြစ်ကြောင်း ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူများတွင် ခရီးသွားရာဇဝင်ရှိသူများနှင့် ဈေးသည်များဖြစ်ပြီး ဆီးချိုသွေးချိုကဲ့သို့ ရောဂါအခံရှိသူ များဖြစ် သည်ဟု ဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့က အမှတ် ၁ ရပ်ကွက်မှ တရုတ်အမျိုးသမီးကြီးတဦး အသက်ရှူကျပ်အမောဖောက်သေဆုံး မှုကို မသင်္ကာသဖြင့် စစ်ကြည့်ရာမှ ကိုဗစ်ပိုးစတင်တွေ့ရှိကြောင်း အမှတ် ၁ ရပ်ကွက်တွင်နေထိုင်သူ တစ်ဦး က ပြောသည်။

“ဖြစ်ဖြစ်ချင်းလဲလော့ဒေါင်းချတယ် (အဝင်အထွက်ပိတ်တယ်) ပြီးတော့ မြန်မြန်ကြီးကူးတော့ လန့်ကြတာပေါ့ အခုတစ်နေ့တစ်ယောက် နှုန်း လောက်သေနေတော့လန့်ကြတာပေါ့” ဟု ၎င်းကဆိုသည်။

ယင်းအမျိုးသမီးနှင့် ထိစပ်သူ ၁၁ ဦးကိုစစ်ဆေးရာ ၉ ဦးပိုးတွေ့ပြီး အခြား ၁၂ ဦးကို စစ်ဆေးရာတွင်လည်း ၄ ဦးပိုးတွေ့ရပြီး ၅ ရက်နေ့တစ်ရက်တည်း ၁၃ ဦးပိုးတွေ့ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့်လက တိုးတိုးတိတ်တိတ်ကျင်းပခဲ့သည့် ရုပ်ရှင်ရုံဖွင့်ပွဲတစ်ခုရှိခဲ့ပြီး အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲကို မန္တလေးမှ လာ ရောက်သူများရှိသည်ဟု ကသာမြို့ခံ အချို့ ကပြောသည်။

ကိုဗစ်ရောဂါနှင့် ပထမဆုံး သေဆုံးသူသည်လည်း ထိုရုပ်ရှင်ရုံ ဖွင့်ပွဲကိုတက်ရောက်ခဲ့ သူဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ ရပ်ကွက် ၁၀ ရပ်ကွက်၊ကျေးရွာအုပ်စု ၃၂ အုပ်စုရှိသည့် ကသာမြိုသည် လူဦး ရေ တသိန်းခြောက်သောင်းကျော်ရှိပြီး တစ်စတုရန်ကီလိုမီတာကို လူ ၇၅ ဦးခန့်နေထိုင်ကြောင်းသိရသည်။

*** ZAWGYI ***
ကသာတြင္ ဆယ္ရက္အတြင္း COVID-19 ေၾကာင့္ ေသဆုံးသူ ၁၁ ဦးရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕ တြင္ ဆယ္ရက္ခန႔္အတြင္း ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၁၁ ဦးႏွင့္ ေရာဂါပိုး ကူးစက္သူ ၁၅၀ ေက်ာ္ အထိရွိသည္ဟု ပရဟိတအဖြဲ႕အစည္းမ်ားက ေျပာသည္။

ေသဆုံးသူမ်ားတြင္ အသက္ ၄၀ ေက်ာ္၊ ၆၀ ေက်ာ္ႏွင့္ ၇၀ ေက်ာ္အထိ သက္ႀကီး႐ြယ္အိုမ်ား ပါဝင္ၿပီး အမ်ိဳးသား ၄ ဦး၊ အမ်ိဳးသမီး ၇ ဦး စုစုေပါင္း ၁၁ ဦးျဖစ္ေၾကာင္း ပရဟိတအသင္းမွတာဝန္ရွိသူတစ္ဦးကေျပာသည္။

ေသဆုံးသူမ်ားတြင္ ခရီးသြားရာဇဝင္ရွိသူမ်ားႏွင့္ ေဈးသည္မ်ားျဖစ္ၿပီး ဆီးခ်ိဳေသြးခ်ိဳကဲ့သို႔ ေရာဂါအခံရွိသူ မ်ားျဖစ္ သည္ဟု ဆိုသည္။

ဇူလိုင္လ ၅ ရက္ေန႔က အမွတ္ ၁ ရပ္ကြက္မွ တ႐ုတ္အမ်ိဳးသမီးႀကီးတဦး အသက္ရႉက်ပ္အေမာေဖာက္ေသဆုံး မႈကို မသကၤာသျဖင့္ စစ္ၾကည့္ရာမွ ကိုဗစ္ပိုးစတင္ေတြ႕ရွိေၾကာင္း အမွတ္ ၁ ရပ္ကြက္တြင္ေနထိုင္သူ တစ္ဦး က ေျပာသည္။

“ျဖစ္ျဖစ္ခ်င္းလဲေလာ့ေဒါင္းခ်တယ္ (အဝင္အထြက္ပိတ္တယ္) ၿပီးေတာ့ ျမန္ျမန္ႀကီးကူးေတာ့ လန႔္ၾကတာေပါ့ အခုတစ္ေန႔တစ္ေယာက္ ႏႈန္း ေလာက္ေသေနေတာ့လန႔္ၾကတာေပါ့” ဟု ၎ကဆိုသည္။

ယင္းအမ်ိဳးသမီးႏွင့္ ထိစပ္သူ ၁၁ ဦးကိုစစ္ေဆးရာ ၉ ဦးပိုးေတြ႕ၿပီး အျခား ၁၂ ဦးကို စစ္ေဆးရာတြင္လည္း ၄ ဦးပိုးေတြ႕ရၿပီး ၅ ရက္ေန႔တစ္ရက္တည္း ၁၃ ဦးပိုးေတြ႕ေၾကာင္း ၎ကဆိုသည္။

ၿပီးခဲ့သည့္လက တိုးတိုးတိတ္တိတ္က်င္းပခဲ့သည့္ ႐ုပ္ရွင္႐ုံဖြင့္ပြဲတစ္ခုရွိခဲ့ၿပီး အဆိုပါ ႐ုပ္ရွင္႐ုံဖြင့္ပြဲကို မႏၲေလးမွ လာ ေရာက္သူမ်ားရွိသည္ဟု ကသာၿမိဳ႕ခံ အခ်ိဳ႕ ကေျပာသည္။

ကိုဗစ္ေရာဂါႏွင့္ ပထမဆုံး ေသဆုံးသူသည္လည္း ထို႐ုပ္ရွင္႐ုံ ဖြင့္ပြဲကိုတက္ေရာက္ခဲ့ သူျဖစ္သည္ဟု ဆိုသည္။

၂၀၁၄ခုႏွစ္သန္းေခါင္စာရင္းအရ ရပ္ကြက္ ၁၀ ရပ္ကြက္၊ေက်း႐ြာအုပ္စု ၃၂ အုပ္စုရွိသည့္ ကသာၿမိဳသည္ လူဦး ေရ တသိန္းေျခာက္ေသာင္းေက်ာ္ရွိၿပီး တစ္စတုရန္ကီလိုမီတာကို လူ ၇၅ ဦးခန႔္ေနထိုင္ေၾကာင္းသိရသည္။