ကရင်နီ စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်တို့အတွင်း စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့မှုများ ရှိနေသောကြောင့် စစ်ရှောင် ၂၆၀၀ ကျော် နေရပ်မပြန်နိုင်သေးဟု စစ်ရှောင်များအား ကူညီပေးနေသည့် ကရင်နီလူငယ်များက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နှင့် ၁၉ ရက်နေ့တို့တွင် အဆိုပါဒေသအတွင်း ကရင်နီတပ်မတော် KA၊ ကရင်အမျိုးသား များကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့ အချိန်ထိ နှစ်ဖက်ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က ဆက်တိုက် အင်အားတိုးချဲ့နေသည်ဟု KNDF တာဝန်ရှိသူ တစ်ဦး က ပြောသည်။

“ဟုတ်တယ်ဗျ၊ ဒီရှမ်းပြည်နယ်ဘက်ကနေ စကစက လူအင်အားအပြည့်တိုးလာတယ်။ ကလိလျားဖက်မှာ လည်း တိုးတယ်၊ ဖရူဆိုကတော့ ဒီအနောက်ဖက်ခြမ်းမှာ ဆက်ပြီးစစ်ရေးလှုပ်ရှားနေတယ်။ စကစ က ထိုးစစ် ဆင်တာ က နှစ်ကြောင်းထိုးတာလို့ ပြောလို့ရတယ်ပေါ့နော်။ လွိုင်ကော်ကနေလည်း ဖရူဆိုနဲ့ ဒီ ဘောလခဲ ဘက် ကို တစ်ကြောင်း လွှတ်တယ်။ ဒီ ၂၀ ရက်နေ့ကစပြီး ကျနော်ဒီလွိုင်လင်လေး ဘက်ကိုလည်း တစ်ကြောင်းတက် တာရှိတယ်။ သူတို့က ကျော်လာ ရင်တော့ အချိန်မရွေးတိုက်ပွဲက ပြန်ဖြစ်မှာပဲ” ဟု ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ကျေးရွာများထဲ စစ်ကောင်စီက လက် နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် နန်းဖဲကျေးရွာအနီးတစ်ဝိုက်မှာ ကျေးရွာပေါင်း ၇ ရွာက ဒေသခံပြည်သူ ၂၆၀၀ ကျော် ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေသည်ဟု အကူ အညီပေးနေသူများ က ပြောသည်။

၎င်းစစ်ရှောင်များအား အကူအညီပေးနေသူ အမျိုးသမီးတစ်ဦး က “လိုအပ်တာက အကုန်လုံးပဲ။ အဓိက အခု မိုး တွေရွာတော့ မိုးကာပေါ့၊ နောက်ပြီး ရိက္ခာလိုတယ်။ ဆေးတွေလည်းလိုတယ်။ ကလေးတွေလည်းပါတယ်၊ အမျိုးသမီးတွေဆို ကိုယ်ဝန်ဆောင်တွေလည်းပါတော့ လိုအပ်တာတွေ အများကြီးပဲ။ အသက်ကြီးတဲ့ အဖိုး အဖွားတွေ ဆိုလည်း မိုးရွာရင် ဒီမှာက မလွယ်ဘူး။ တောထဲမှာဆိုတော့ ဒီကနေ နောက်တစ်နေရာ ပြန်ပြေးဖို့ ကလည်း အဆင်မပြေဘူး။ ရွာက ၇ ရွာပေါ့၊ ကျမတို့ကောက်ထားတဲ့စာရင်းအရဆိုရင် ၂၆၀၀ ကျော်၊ ၂၆၂၀ လားမသိဘူး ဟုတ်တယ်” ဟု ပြောသည်။

ပလဲလယ် ၃၃၂ ဦး၊ ပလိုဒေးခို ၁၄၇ ဦး၊ ကလိလျား ၅၁၉ ဦး၊ ကလောဒူ ၁၅၉ ဦး၊ ဒေါစဲခူ ၃၀၈ ဦး၊ နန်းခီးမို ၂၃၁ ဦး နှင့် နန်းဖဲကျေးရွာက အယောက် ၁၀၀၀ စုစုပေါင်း ဒေသခံရွာသား ၂၆၂၉ ဦး အတွက် စောင်၊ မိုးကာ၊ ခြင် ထောင်တွေ၊ ဆေးနှင့် စားနပ်ရိက္ခာတွေ လိုအပ်နေခြင်း ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် အမျိုးသမီးအသုံးအဆောင်ပစ္စည်းများနှင့် လသားအရွယ် ကလေးငယ်များ၏ အသုံးအဆောင် ပစ္စည်း များလည်း လိုအပ်နေသည်ဟု သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်များက ဖရူဆို-ဘောလခဲ တကြောနှင့် ၎င်းနေရာတဝိုက်တွင် စစ်အင် အားတိုးချဲ့မှု၊ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာသည့်အပြင် ကျေးရွာသားများအပေါ် စစ်ရေးပစ်မှတ်ထားပြီး ပစ် ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု Karenni Information Center ကလည်း ရေးသားဖော်ပြ ထား သည်။

ဇူလိုင်လ တတိယအပတ်အပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လွိုင်လင်လေးဘက်ကလည်း ဒေသ ခံ ၇၀၀၀ ကျော်ခန့် စစ်ဘေးလွတ်ရာ တောတောင်များထဲ စစ်ဘေးတိမ်းရှောင်နေကြရပြီး၊ ဖရူဆို-ဘောလခဲ မြို့ နယ်ထဲက စစ်ရှောင် ၂၆၀၀ ကျော်လည်း တောတောင်များထဲ တမ်းရှောင်နေကြရသည့်အတွက် အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်။

ဓါတ်ပုံ – KnIC

*** ZAWGYI ***
ကရင္နီ စစ္ေရွာင္မ်ား ေနရပ္မျပန္ႏိုင္ေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၃ ရက္။

ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ ႏွင့္ ေဘာလခဲၿမိဳ႕နယ္တို႔အတြင္း စစ္ေကာင္စီတပ္က စစ္အင္အားတိုးခ်ဲ႕မႈမ်ား ရွိေနေသာေၾကာင့္ စစ္ေရွာင္ ၂၆၀၀ ေက်ာ္ ေနရပ္မျပန္ႏိုင္ေသးဟု စစ္ေရွာင္မ်ားအား ကူညီေပးေနသည့္ ကရင္နီလူငယ္မ်ားက ေျပာသည္။

ဇူလိုင္လ ၁၈ ရက္ေန႔ ႏွင့္ ၁၉ ရက္ေန႔တို႔တြင္ အဆိုပါေဒသအတြင္း ကရင္နီတပ္မေတာ္ KA၊ ကရင္အမ်ိဳးသား မ်ားကာကြယ္ေရးတပ္ KNDF ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ ယေန႔ အခ်ိန္ထိ ႏွစ္ဖက္ၾကား စစ္ေရးတင္းမာေနၿပီး စစ္ေကာင္စီဘက္က ဆက္တိုက္ အင္အားတိုးခ်ဲ႕ေနသည္ဟု KNDF တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

“ဟုတ္တယ္ဗ်၊ ဒီရွမ္းျပည္နယ္ဘက္ကေန စကစက လူအင္အားအျပည့္တိုးလာတယ္။ ကလိလ်ားဖက္မွာ လည္း တိုးတယ္၊ ဖ႐ူဆိုကေတာ့ ဒီအေနာက္ဖက္ျခမ္းမွာ ဆက္ၿပီးစစ္ေရးလႈပ္ရွားေနတယ္။ စကစ က ထိုးစစ္ ဆင္တာ က ႏွစ္ေၾကာင္းထိုးတာလို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။ လြိဳင္ေကာ္ကေနလည္း ဖ႐ူဆိုနဲ႔ ဒီ ေဘာလခဲ ဘက္ ကို တစ္ေၾကာင္း လႊတ္တယ္။ ဒီ ၂၀ ရက္ေန႔ကစၿပီး က်ေနာ္ဒီလြိဳင္လင္ေလး ဘက္ကိုလည္း တစ္ေၾကာင္းတက္ တာရွိတယ္။ သူတို႔က ေက်ာ္လာ ရင္ေတာ့ အခ်ိန္မေ႐ြးတိုက္ပြဲက ျပန္ျဖစ္မွာပဲ” ဟု ေျပာသည္။

ဇူလိုင္လ ၁၈ ရက္ေန႔ႏွင့္ ၁၉ ရက္ေန႔တို႔တြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားႏွင့္ ေက်း႐ြာမ်ားထဲ စစ္ေကာင္စီက လက္ နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ားေၾကာင့္ နန္းဖဲေက်း႐ြာအနီးတစ္ဝိုက္မွာ ေက်း႐ြာေပါင္း ၇ ႐ြာက ေဒသခံျပည္သူ ၂၆၀၀ ေက်ာ္ ယေန႔အခ်ိန္ထိ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး အေရးေပၚအကူအညီေတြ လိုအပ္ေနသည္ဟု အကူ အညီေပးေနသူမ်ား က ေျပာသည္။

၎စစ္ေရွာင္မ်ားအား အကူအညီေပးေနသူ အမ်ိဳးသမီးတစ္ဦး က “လိုအပ္တာက အကုန္လုံးပဲ။ အဓိက အခု မိုး ေတြ႐ြာေတာ့ မိုးကာေပါ့၊ ေနာက္ၿပီး ရိကၡာလိုတယ္။ ေဆးေတြလည္းလိုတယ္။ ကေလးေတြလည္းပါတယ္၊ အမ်ိဳးသမီးေတြဆို ကိုယ္ဝန္ေဆာင္ေတြလည္းပါေတာ့ လိုအပ္တာေတြ အမ်ားႀကီးပဲ။ အသက္ႀကီးတဲ့ အဖိုး အဖြားေတြ ဆိုလည္း မိုး႐ြာရင္ ဒီမွာက မလြယ္ဘူး။ ေတာထဲမွာဆိုေတာ့ ဒီကေန ေနာက္တစ္ေနရာ ျပန္ေျပးဖို႔ ကလည္း အဆင္မေျပဘူး။ ႐ြာက ၇ ႐ြာေပါ့၊ က်မတို႔ေကာက္ထားတဲ့စာရင္းအရဆိုရင္ ၂၆၀၀ ေက်ာ္၊ ၂၆၂၀ လားမသိဘူး ဟုတ္တယ္” ဟု ေျပာသည္။

ပလဲလယ္ ၃၃၂ ဦး၊ ပလိုေဒးခို ၁၄၇ ဦး၊ ကလိလ်ား ၅၁၉ ဦး၊ ကေလာဒူ ၁၅၉ ဦး၊ ေဒါစဲခူ ၃၀၈ ဦး၊ နန္းခီးမို ၂၃၁ ဦး ႏွင့္ နန္းဖဲေက်း႐ြာက အေယာက္ ၁၀၀၀ စုစုေပါင္း ေဒသခံ႐ြာသား ၂၆၂၉ ဦး အတြက္ ေစာင္၊ မိုးကာ၊ ျခင္ ေထာင္ေတြ၊ ေဆးႏွင့္ စားနပ္ရိကၡာေတြ လိုအပ္ေနျခင္း ျဖစ္သည္ဟု ေျပာသည္။

ထို႔အျပင္ အမ်ိဳးသမီးအသုံးအေဆာင္ပစၥည္းမ်ားႏွင့္ လသားအ႐ြယ္ ကေလးငယ္မ်ား၏ အသုံးအေဆာင္ ပစၥည္း မ်ားလည္း လိုအပ္ေနသည္ဟု သိရသည္။

ဇူလိုင္လ ၂၀ ရက္ေန႔တြင္ စစ္ေကာင္စီတပ္မ်ားက ဖ႐ူဆို-ေဘာလခဲ တေၾကာႏွင့္ ၎ေနရာတဝိုက္တြင္ စစ္အင္ အားတိုးခ်ဲ႕မႈ၊ စစ္ေရးလႈပ္ရွားမႈမ်ား ျပဳလုပ္လာသည့္အျပင္ ေက်း႐ြာသားမ်ားအေပၚ စစ္ေရးပစ္မွတ္ထားၿပီး ပစ္ ခတ္မႈမ်ား ဆက္တိုက္ လုပ္ေဆာင္ေနသည္ဟု Karenni Information Center ကလည္း ေရးသားေဖာ္ျပ ထား သည္။

ဇူလိုင္လ တတိယအပတ္အပတ္အတြင္း ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ လြိဳင္လင္ေလးဘက္ကလည္း ေဒသ ခံ ၇၀၀၀ ေက်ာ္ခန႔္ စစ္ေဘးလြတ္ရာ ေတာေတာင္မ်ားထဲ စစ္ေဘးတိမ္းေရွာင္ေနၾကရၿပီး၊ ဖ႐ူဆို-ေဘာလခဲ ၿမိဳ႕ နယ္ထဲက စစ္ေရွာင္ ၂၆၀၀ ေက်ာ္လည္း ေတာေတာင္မ်ားထဲ တမ္းေရွာင္ေနၾကရသည့္အတြက္ အခက္အခဲ အမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ေနၾကရသည္။

ဓါတ္ပုံ – KnIC