တပ်ဘေး ကပ်ဘေး

သတင်းနှင့် မီဒီယာကွန်ရက်။
ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

ခိုင်ကျည်

အချိန်က ည ၈ နာရီ ၄၅ မိနစ်။ လမ်းတလျှောက်လုံး လူသွားလူလာ ယာဉ်အသွားအလာမရှိ၊ ရှင်းလို့နေသည်။

လှိုင်ဘူတာရုံလမ်းနှင့် ဦးချိုလမ်းထောင့်ရှိ ညောင်ပင်အမှောင်ရိပ်ကို ကွယ်ပြီး စစ်ကောင်စီတပ်မှ SINO truck ကားကြီးတစ်စင်းရပ်ထားသည်။

“ ဆရာကြီး ဆက်သွားလို့ဖြစ်ပါ့မလား ဟိုမှာ သူတို့ရပ်ထားတယ်။ စောစောကလဲ ကားလေးနှစ်စီးနဲ့ပတ်နေတာ နှစ်ခေါက်ရှိပြီး ၁ ရပ်ကွက်ကိုမဲနေတာ“ ဟု ဆိုက်ကားဆရာက စိုးရိမ်သံဖြင့် ပြောလာသည်။

စိုးရိမ်သံဖြင့်ပြောနေသည့်ဆိုက်ကားဆရာ၏ စကားသံမဆုံသေးခင် မျက်နှာချင်းဆိုင် ဦးချိုလမ်းထဲမှ Toyota Double Cap တစ်စီး အရှိန်ဖြင့်မောင်းလာသဖြင့် ဆိုက်ကားကို ဘေးကပ်ရပ်ပေးလိုက်ရသည်။

“ရတယ်ညီ ဖြေးဖြေးပဲနင်း မေးရင်ရပ်ပေးလိုက် ဆေးခန်းက ပြန်လာတာလို့ပြောလိုက် ဒီမှာဆေးတွေစာအုပ်တွေပါတာပဲ သူတို့သတင်းတစ်ခုခုရလို့ ဖြစ်ပါလိမ့်မယ်“ ဟု ကိုလှိုင်(အမည်လွဲ)က ပြန်ပြောလိုက်သည်။

လှိုင်မြို့နယ်၇ ရပ်ကွက် နေထိုင်သော ကိုလှိုင်သည် ယမန်နေ့ကတည်းက တကိုယ်လုံး ကိုက်ခဲပြီ စဖျားခဲ့ပြီး ညနေလေးနာရီကတည်း ဆေးခန်းပြရန်လိုက်ရှာနေသူဖြစ်သည်။

သူရပ်ကွက်တွင် ဆေးခန်းများပိတ်ထားသကဲ့သို့ ဖွင့်သည့် ဆေးခန်းသည်လဲ တုံကင်ပြည့် လူပြည့်ဖြစ်နေသဖြင့် ဆိုက်ကားဖြင့် ဆယ်မိနစ်ခန့်သွားရသည့် ၁ ရပ်ကွက် ဆေးခန်းတွင် သွားရောက်ပြသရခြင်းဖြစ်သည်။

လှိုင် ၁ ရပ်ကွက်သည် စစ်အာဏာရှင်စနစ်ဆန့်ရာတွင် တက်တက်ကြွကြွ ပါဝင်သဖြင့် စစ်တပ်၏ အထူးစောင့်ကြည့်ခြင်း ခံနေရသည့် ရပ်ကွက်တစ်ခုလဲဖြစ်သည်။

ကိုလှိုင်အပါအဝင် ရန်ကုန်မြို့နေ ပြည်သူအများစုသည် ရာသီတုပ်ကွေး၊ ကိုဗစ် ၁၉ ရောဂါအပြင် မထင်လျှင် မထင်သလို ပြုမှုတတ် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များ၏ အခြေအနေကိုပါရင်ဆိုင်နေရကြရသည်။

စစ်ကောင်စီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇူလိုင်၂၃ရက်နေ့တွင် ဓါတ်ခွဲခန်းစစ်ဆေးမှုအရ ကိုဗစ်အတည်ပြုလူ စုစုပေါင်း ၂၅၈၈၇၀ ဦးရှိပြီး သေဆုံးသူ ၆၄၅၉ ဦးရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

အမှန်တကယ် လက်တွေ့မှာ ကိုဗစ်ရောဂါဖြင့် သေဆုံးသူအရေအတွက်သည် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ထားချက်ထက် အဆများစွာပိုနိုင်ကြောင်း အလောင်းတွေကို သဂြိၤုဟ်ဖို့ ကူနေသည့် ပရဟိတအသင်း အတော်များများက ပြောဆိုနေကြသည်။

ကားတစီးတည်း အလောင်းလောင်း ၂လောင်း ၃လောင်း သယ်သွားပြီး သင်္ချိုင်းရောက်လျှင်လည်း ကားတန်းရှည်ကြီးကိုစောင့်နေရသည်ဟုဆိုကြသည်။

အထူးသဖြင့် ရန်ကုန်တိုင်းမှာ ကိုဗစ်ကူးစက်သူတွေများသလို သေဆုံးသူများလာသည့်အတွက် နာရေးကူညီသည့် အသင်းများသည် မနိုင်မနင်းဆောင်ရွက်ပေးနေရသည့် အခြေအနေကို ရင်ဆိုင်နေရကြသည်။

“ဟိုဘက်ရပ်ကွက် ၅ ရပ်ကွက်မှာ မနေ့က သားအဖနှစ်ယောက်စလုံး ကိုဗစ်နဲ့ ဆုံးသွားတယ်၊ ဆုံးတာတော့ ရွှေပြည်သာမှာ တအိမ်တည်းနှစ်ယောက် မိနစ်ပိုင်းအတွင်းဆုံးတာဆိုတော့ အခြေအနေကိုတွက်ကြည့်ပေါ့“ ဟု ကိုလှိုင်က ဆိုသည်။

ရန်ကုန်မှာ ကိုဗစ်ကြောင့်သေဆုံးသူထဲမှ အများစုသည် အောက်စီဂျင်ပြတ်လတ်မှုကြောင့် သေဆုံးကြရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။ စစ်ကောင်စီက ပုဂ္ဂလိက အောက်စီဂျင်စက်ရုံတွေရဲ့ အောက်စီဂျင်ဖြန့်ဖြူးမှုကို ရုတ်တရက် တားမြစ်လိုက်သည်။

စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၁၂ သတင်းစာရှင်းလင်းပွဲတွင် အောက်စီဂျင်အဓိကလိုအပ်နေသည့် ဆေးရုံဆေးခန်းများကို ဖြန့်ပေးရန် ပုဂ္ဂလိက အောက်စီဂျင်စက်ရုံများမှာ တစ်ဦးချင်းလာရောက်ထုတ်ယူမှုကို ကန့်သန့်ရခြင်းဖြစ်ဟုအကြောင်းပြ ပြောဆိုခဲ့ခြင်းဖြင့် ပုဂ္ဂလိက အောက်စီဂျင်စက်ရုံများတွင် အောက်စီဂျင် ဖြန့်ဖြူးမှုကို တားမြစ်သည်ကို ဝန်ခံလိုက်သည်။ ၎င်းက အောက်စီဂျင် လိုအပ်ချက်အပေါ်အခွင့်ကောင်းယူပြီး အွန်လိုင်းပေါ်က လိမ်ညာမှုတစ်ချိုနှင့် မလိုအပ်ဘဲ အောက်စီဂျင် ဆောင်ထားချင်ကြသည့် လူများကြောင့် ကန့်သတ်ရခြင်းဖြစ်သည်ဟု အကြောင်းပြသည်။

စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအမှားများတွင် ပြဿနာအရင်းအမြစ်ကို သေသေချာချာမလေ့လာဘဲ အလွယ်တကူအမိန့်ထုတ် ကန့်သတ်တားစီးမှုများလုပ်နေခြင်းဖြစ်ပြီး ယင်းအမိန့်များကြာင့် လူအများစိုးရိမ်မှုပိုလာပြီး ယုံကြည်စိတ်ချမှုမရှိဖြစ်လာကြကြောင်း အသက် ၄၅အရွယ်စောင့်ကြည့်လေ့လာသူအမျိုးသားတစ်ဦးက ဆိုသည်။

စီမံအခန့် ခွဲမှု အမှားများသည် စစ်ကောင်စီ၏ သဘောထားအမြင်တွေအပေါ်မှာပဲ အခြေခံပြီး ဘဏ်ဖြစ်စဉ်တွင်လည်း ဂျော်ဆိုးရပ်ဖောင်းဒေရှင်းက ကူထားတဲ့ငွေများထုတ်၍ဆိုပြီး ဘဏ်ထုတ်ငွေကို အကန့်အသတ်ဖြင့်ထုတ်ရန်ညွန်ကြားခဲ့သဖြင့် လူအများက စိုးရိမ်းပြီး စုပြုံထုတ်ကြခြင်း အကျိုးဆက်အဖြစ် ဘဏ်များကို လူတွေမယုံကြည်သည့် အခြေအနေဖြစ်သွားခဲ့ကြောင်း ၎င်းကဆိုသည်။

“အဓိကတော့ Attitude သဘောထားအမြင်ပေါ့ဗျာ သူတို့ကိုကြိုက်ချင်ကြိုက်မယ် မကြိုက်ချင်မကြိုက်ဘူး ဒါပေမယ့် ကိုယ်ပြည်သူတွေ ဒုက္ခရောက်နေတာမမြင်ဘူး တယူသန်တယ်။ စာနာစိတ်မရှိဘူးပေါ့ဗျာ။ ငါတို့ကို ကလန်ကြတာ မှတ်ပလားဆိုတဲ့ သဘောထားပေါ့။ အာဏာကလွဲရင်ဘာမှမမြင်နိုင်တော့ဘူး“ ဟု၎င်းကဆိုသည်။

စစ်ကောင်စီ၏ပြဿနာ၊ စစ်ဗိုလ်ချုပ်များ၏ ပြဿနာသည် ဝန်ခံမှုမရှိခြင်း၊ တာဝန်ခံမှုတာဝန်ခံမှုမရှိခြင်း၊ အခြားသူများကိုသာ အပစ်တင်အပစ်ပုံခြင်းလုပ်ပြီး အာဏာသိမ်းတာမှန်ကန်ကြောင်း သက်သေပြရန် ကြိုးပမ်းခြင်းသည်သာ အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံရေးဖြစ်နေကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီ၏ ပစ်ခတ် ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသူများ၏စာရင်းလျှော့ပြောပြီး CDM ဝင်သည့် ဆရာဝန်များအပြစ်နေကြောင်း CDM ဝင်သည့် ဆရာဝန်တွေ ကိုဗစ်ရောဂါကူညီဖြေရှင်းရန်အတွက် ဆောင်ရွက်သည့်အခါ PDF များကို ဆေးကုပေးသည်ဆိုသော အကြောင်းပြပြီးဖမ်းဆီးကြောင်း ၎င်းကဝေဖန်ပြောဆိုသည်။

“သူတို့လုပ်တတ်တာ ဖမ်းမယ်၊ ပစ်မယ်၊ သတ်မယ် သူတို့အာဏာလက်လွတ်ရမယ့် အကြောက်တရားပေါ် အခြေခံ ပြည်သူတွေကို မျိုးဆက်နဲ့ ချီပြီးအကြောက်တရား သွပ်သွင်းနေတဲ့ စီမံခန့်မှုပဲ” ဟု ၎င်းကဆိုသည်။

မြန်မာအပါအဝင် တကမ္ဘာလုံးရင်ဆိုင်နေရသည့့် ကမ္ဘာလူဦးရေ၏ ၆၀ရာခိုင်နှုန်း ကူးစက်ခံရနိုင်ပြီး ကိုဗစ်ကပ်ရောဂါကူးစက်မှုကြောင့် လူ၄၅သန်းခန့် အသက်သေဆုံးနိုင်ကြောင်း ဟောင်ကောင်တက္ကသိုလ်မှ ကူးစက်ရောဂါ ဗေဒကျွမ်းကျင်သူ Dr Gabridl Leung က သတိပေးထားသည်။

Dr Gabridl Leung မှာ ဆားစ် (SARS) ရောဂါနှင့်ပတ်သက်ပြီး ကူးစက်မှုသဘာ၀ ကူးစက်မှုနှုန်းတွေကို တွက်ချက်ဖော်ပြရာမှ ထင်ရှားလာပြီး ကိုဗစ်ပိုးတွေ့ခါစကတည်းက အရေးတကြီး သတိပေးနိုးဆော်ခဲ့သူလည်းဖြစ်သည်။

၎င်းက ကူးစက်ကပ်ဘေးသည် တကြိမ်မကသော လှိုင်းတွေ လာနိုင်ပြီး ကာကွယ်ဆေးတကမ္ဘာလုံး လွမ်းခြုံအောင် မလုပ်နိုင်သေးခင် လှိုင်းတွေ တလှိုင်းပြီး တလှိုင်း လာနိုင်သည်ဟု သတိပေးနိုးဆော်ခဲ့သည်။

အစိုးရများ၏ ကျန်းမာရေးမှုဝါဒ၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ပြီးခဲ့သည့်အနေအထားကို ပြန်ပြောင်းသုံးသပ်သင်ခန်းစာယူဖို့ ၎င်းက အကြံပြုတိုက်တွန်းခဲ့သည်။

ကံမကောင်းအကြောင်းမလှစွာပင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် Dr Gabridl Leung ၏အကြံပြုချက်များ တစ်ချက်မှ ရှိမနေခြင်းပင်ဖြစ်သည်။

လက်ရှိရန်ကုန်မြို့၏အခြေအနေသည် သေဆုံးမှုများမြင့်တက်နေပြီး ဆေးရုံဆေးခန်းများကလည်း လူနာလက်ခံနိုင်စွမ်းနည်းက ကိုယ်အိမ်မှာကို ဆေးကုသမှုခံယူနေရပြီး ဆရာဝန်ရှာမရသဖြင့် အသက်ဆုံးရှုံးနေကြရသည်။

အောက်စီဂျင်၊ ဆေးဝါး၊ အဟာအရဓါတ်ဆာ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအားလုံးဈေးကြီးရုံမက ပစ္စည်းရှာမရသည့် အခြေအနေကိုရင်ဆိုင်နေရသည်။

သေဆုံးသွားပြန်လျှင်လဲ ဆရာဝန်မရှိ၊ အုပ်ချုပ်ရေးမှုးမရှိ၊ နာရေးကူညီမှုကား မလုံလောက်သဖြင့် သင်္ချိင်းရောက်ဖို့အရေး ခက်ခဲသကဲ့သို့ သင်္ချိင်းတွင်လည်း အလောင်းများစုပုံနေသဖြင့် တန်းစီစောင့် ကြရသည့် အခြေအနေကို ရင်ဆိုင်နေကြရသည်။

ဇနီး၊သမီး၊သမက် မိသားစုဝင်လေးဦးရှိပြီး မရှိမရှား ရှိမများ လူလတ်တန်းစားမိသားစု ဖြစ်သော ကိုဗစ်သံသယလူနာ ကိုလှိုင် ၄၈ နှစ်က သူမိသားစုအတွက် အကောင်းဆုံးပြင်ဆင်သွားမည်ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ကိုလှိုင်အောက်ပါ စကားက သက်သေပြလို့နေသည်။

“အခုမှအဖိုးအဖွားတွေပြောခဲ့ကပ်ဘေး ကျွန်တော်တို့ တပ်ဘေး၊ ကပ်ဘေးကိုရင်ဆိုင်နေတာ ဒီဝဋ်က အမြန်ဆုံး ကျွတ်ချင်ပြီ ဗျာ“ ဟု ကိုလှိုင်က ငြီးတွားလိုက်သည်။

*** ZAWGYI ***
တပ္ေဘး ကပ္ေဘး

သတင္းႏွင့္ မီဒီယာကြန္ရက္။
ဇူလိုင္လ ၂၅ ရက္၊ ၂၀၂၁ ခုႏွစ္။

ခိုင္က်ည္

အခ်ိန္က ည ၈ နာရီ ၄၅ မိနစ္။ လမ္းတေလွ်ာက္လုံး လူသြားလူလာ ယာဥ္အသြားအလာမရွိ၊ ရွင္းလို႔ေနသည္။

လိႈင္ဘူတာရုံလမ္းႏွင့္ ဦးခ်ိဳလမ္းေထာင့္ရွိ ေညာင္ပင္အေမွာင္ရိပ္ကို ကြယ္ျပီး စစ္ေကာင္စီတပ္မွ SINO truck ကားၾကီးတစ္စင္းရပ္ထားသည္။

“ ဆရာၾကီး ဆက္သြားလို႔ျဖစ္ပါ့မလား ဟိုမွာ သူတို႔ရပ္ထားတယ္။ ေစာေစာကလဲ ကားေလးႏွစ္စီးနဲ႔ပတ္ေနတာ ႏွစ္ေခါက္ရွိျပီး ၁ ရပ္ကြက္ကိုမဲေနတာ“ ဟု ဆိုက္ကားဆရာက စိုးရိမ္သံျဖင့္ ေျပာလာသည္။

စိုးရိမ္သံျဖင့္ေျပာေနသည့္ဆိုက္ကားဆရာ၏ စကားသံမဆုံေသးခင္ မ်က္ႏွာခ်င္းဆိုင္ ဦးခ်ိဳလမ္းထဲမွ Toyota Double Cap တစ္စီး အရွိန္ျဖင့္ေမာင္းလာသျဖင့္ ဆိုက္ကားကို ေဘးကပ္ရပ္ေပးလိုက္ရသည္။

“ရတယ္ညီ ေျဖးေျဖးပဲနင္း ေမးရင္ရပ္ေပးလိုက္ ေဆးခန္းက ျပန္လာတာလို႔ေျပာလိုက္ ဒီမွာေဆးေတြစာအုပ္ေတြပါတာပဲ သူတို႔သတင္းတစ္ခုခုရလို႔ ျဖစ္ပါလိမ့္မယ္“ ဟု ကိုလႈိင္(အမည္လြဲ)က ျပန္ေျပာလိုက္သည္။

လိႈင္ျမိဳ႕နယ္၇ ရပ္ကြက္ ေနထိုင္ေသာ ကိုလိႈင္သည္ ယမန္ေန႔ကတည္းက တကိုယ္လုံး ကိုက္ခဲျပီ စဖ်ားခဲ့ျပီး ညေနေလးနာရီကတည္း ေဆးခန္းျပရန္လိုက္ရွာေနသူျဖစ္သည္။

သူရပ္ကြက္တြင္ ေဆးခန္းမ်ားပိတ္ထားသကဲ့သို႔ ဖြင့္သည့္ ေဆးခန္းသည္လဲ တုံကင္ျပည့္ လူျပည့္ျဖစ္ေနသျဖင့္ ဆိုက္ကားျဖင့္ ဆယ္မိနစ္ခန္႔သြားရသည့္ ၁ ရပ္ကြက္ ေဆးခန္းတြင္ သြားေရာက္ျပသရျခင္းျဖစ္သည္။

လိႈင္ ၁ ရပ္ကြက္သည္ စစ္အာဏာရွင္စနစ္ဆန္႔ရာတြင္ တက္တက္ၾကြၾကြ ပါ၀င္သျဖင့္ စစ္တပ္၏ အထူးေစာင့္ၾကည့္ျခင္း ခံေနရသည့္ ရပ္ကြက္တစ္ခုလဲျဖစ္သည္။

ကိုလိႈင္အပါအ၀င္ ရန္ကုန္ျမိဳ႕ေန ျပည္သူအမ်ားစုသည္ ရာသီတုပ္ေကြး၊ ကိုဗစ္ ၁၉ ေရာဂါအျပင္ မထင္လွ်င္ မထင္သလို ျပဳမႈတတ္ စစ္ေကာင္စီ၏ လုံျခံဳေရးတပ္ဖြဲ႔မ်ား၏ အေျခအေနကိုပါရင္ဆိုင္ေနရၾကရသည္။

စစ္ေကာင္စီ က်န္းမာေရးႏွင့္အားကစား၀န္ၾကီးဌာနက ဇူလိုင္၂၃ရက္ေန႔တြင္ ဓါတ္ခြဲခန္းစစ္ေဆးမႈအရ ကုိဗစ္အတည္ျပဳလူ စုစုေပါင္း ၂၅၈၈၇၀ ဦးရွိျပီး ေသဆုံးသူ ၆၄၅၉ ဦးရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။

အမွန္တကယ္ လက္ေတြ႔မွာ ကိုဗစ္ေရာဂါျဖင့္ ေသဆုံးသူအေရအတြက္သည္ စစ္ေကာင္စီ၏ သတင္းထုတ္ျပန္ထားခ်က္ထက္ အဆမ်ားစြာပိုႏိုင္ေၾကာင္း အေလာင္းေတြကို သျဂိၤဳဟ္ဖို႔ ကူေနသည့္ ပရဟိတအသင္း အေတာ္မ်ားမ်ားက ေျပာဆိုေနၾကသည္။

ကားတစီးတည္း အေလာင္းေလာင္း ၂ေလာင္း ၃ေလာင္း သယ္သြားျပီး သခၤ်ဳိင္းေရာက္လွ်င္လည္း ကားတန္းရွည္ၾကီးကိုေစာင့္ေနရသည္ဟုဆိုၾကသည္။

အထူးသျဖင့္ ရန္ကုန္တိုင္းမွာ ကိုဗစ္ကူးစက္သူေတြမ်ားသလို ေသဆုံးသူမ်ားလာသည့္အတြက္ နာေရးကူညီသည့္ အသင္းမ်ားသည္ မႏိုင္မနင္းေဆာင္ရြက္ေပးေနရသည့္ အေျခအေနကို ရင္ဆိုင္ေနရၾကသည္။

“ဟိုဘက္ရပ္ကြက္ ၅ ရပ္ကြက္မွာ မေန႔က သားအဖႏွစ္ေယာက္စလုံး ကိုဗစ္နဲ႔ ဆုံးသြားတယ္၊ ဆုံးတာေတာ့ ေရႊျပည္သာမွာ တအိမ္တည္းႏွစ္ေယာက္ မိနစ္ပိုင္းအတြင္းဆုံးတာဆုိေတာ့ အေျခအေနကိုတြက္ၾကည့္ေပါ့“ ဟု ကိုလိႈင္က ဆိုသည္။

ရန္ကုန္မွာ ကိုဗစ္ေၾကာင့္ေသဆုံးသူထဲမွ အမ်ားစုသည္ ေအာက္စီဂ်င္ျပတ္လတ္မႈေၾကာင့္ ေသဆုံးၾကရျခင္းျဖစ္သည္ဟု မိသားစုမ်ားက ေျပာသည္။ စစ္ေကာင္စီက ပုဂၢလိက ေအာက္စီဂ်င္စက္ရုံေတြရဲ႕ ေအာက္စီဂ်င္ျဖန္႔ျဖဴးမႈကို ရုတ္တရက္ တားျမစ္လိုက္သည္။

စစ္ေကာင္စီ၏ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဇူလိုင္လ ၁၂ သတင္းစာရွင္းလင္းပြဲတြင္ ေအာက္စီဂ်င္အဓိကလိုအပ္ေနသည့္ ေဆးရုံေဆးခန္းမ်ားကို ျဖန္႔ေပးရန္ ပုဂၢလိက ေအာက္စီဂ်င္စက္ရုံမ်ားမွာ တစ္ဦးခ်င္းလာေရာက္ထုတ္ယူမႈကို ကန္႔သန္႔ရျခင္းျဖစ္ဟုအေၾကာင္းျပ ေျပာဆိုခဲ့ျခင္းျဖင့္ ပုဂၢလိက ေအာက္စီဂ်င္စက္ရံုမ်ားတြင္ ေအာက္စီဂ်င္ ျဖန္႔ျဖဴးမႈကို တားျမစ္သည္ကို ဝန္ခံလိုက္သည္။

၎က ေအာက္စီဂ်င္ လိုအပ္ခ်က္အေပၚအခြင့္ေကာင္းယူျပီး အြန္လိုင္းေပၚက လိမ္ညာမႈတစ္ခ်ိဳႏွင့္ မလိုအပ္ဘဲ ေအာက္စီဂ်င္ ေဆာင္ထားခ်င္ၾကသည့္ လူမ်ားေၾကာင့္ ကန္႔သတ္ရျခင္းျဖစ္သည္ဟု အေၾကာင္းျပသည္။

စစ္ေကာင္စီ၏ စီမံခန္႔ခြဲမႈအမွားမ်ားတြင္ ျပႆနာအရင္းအျမစ္ကို ေသေသခ်ာခ်ာမေလ့လာဘဲ အလြယ္တကူအမိန္႔ထုတ္ ကန္႔သတ္တားစီးမႈမ်ားလုပ္ေနျခင္းျဖစ္ျပီး ယင္းအမိန္႔မ်ားၾကာင့္ လူအမ်ားစိုးရိမ္မႈပိုလာျပီး ယုံၾကည္စိတ္ခ်မႈမရွိျဖစ္လာၾကေၾကာင္း အသက္ ၄၅အရြယ္ေစာင့္ၾကည့္ေလ့လာသူအမ်ိဳးသားတစ္ဦးက ဆိုသည္။

စီမံအခန္႔ ခြဲမႈ အမွားမ်ားသည္ စစ္ေကာင္စီ၏ သေဘာထားအျမင္ေတြအေပၚမွာပဲ အေျခခံျပီး ဘဏ္ျဖစ္စဥ္တြင္လည္း ေဂ်ာ္ဆိုးရပ္ေဖာင္းေဒရွင္းက ကူထားတဲ့ေငြမ်ားထုတ္၍ဆိုျပီး ဘဏ္ထုတ္ေငြကို အကန္႔အသတ္ျဖင့္ထုတ္ရန္ညြန္ၾကားခဲ့သျဖင့္ လူအမ်ားက စိုးရိမ္းျပီး စုျပဳံထုတ္ၾကျခင္း အက်ိဳးဆက္အျဖစ္ ဘဏ္မ်ားကို လူေတြမယုံၾကည္သည့္ အေျခအေနျဖစ္သြားခဲ့ေၾကာင္း ၎ကဆိုသည္။

“အဓိကေတာ့ Attitude သေဘာထားအျမင္ေပါ့ဗ်ာ သူတို႔ကိုၾကိဳက္ခ်င္ၾကိဳက္မယ္ မၾကိဳက္ခ်င္မၾကိဳက္ဘူး ဒါေပမယ့္ ကိုယ္ျပည္သူေတြ ဒုကၡေရာက္ေနတာမျမင္ဘူး တယူသန္တယ္။ စာနာစိတ္မရွိဘူးေပါ့ဗ်ာ။ ငါတို႔ကို ကလန္ၾကတာ မွတ္ပလားဆိုတဲ့ သေဘာထားေပါ့။ အာဏာကလြဲရင ္ဘာမွမျမင္ႏိုင္ေတာ့ဘူး“ ဟု၎ကဆိုသည္။

စစ္ေကာင္စီ၏ျပႆနာ၊ စစ္ဗိုလ္ခ်ဳပ္မ်ား၏ ျပႆနာသည္ ၀န္ခံမႈမရွိျခင္း၊ တာ၀န္ခံမႈတာ၀န္ခံမႈမရွိျခင္း၊ အျခားသူမ်ားကိုသာ အပစ္တင္အပစ္ပုံျခင္းလုပ္ျပီး အာဏာသိမ္းတာမွန္ကန္ေၾကာင္း သက္ေသျပရန္ ၾကိဳးပမ္းျခင္းသည္သာ အာဏာသိမ္းစစ္ေကာင္စီ၏ ႏိုင္ငံေရးျဖစ္ေနေၾကာင္း ၎ကဆိုသည္။

စစ္ေကာင္စီ၏ ပစ္ခတ္ ဖမ္းဆီးႏွိပ္စက္မႈေၾကာင့္ ေသဆုံးသူမ်ား၏စာရင္းေလွ်ာ့ေျပာျပီး CDM ၀င္သည့္ ဆရာ၀န္မ်ားအျပစ္ေနေၾကာင္း CDM ၀င္သည့္ ဆရာ၀န္ေတြ ကိုဗစ္ေရာဂါကူညီေျဖရွင္းရန္အတြက္ ေဆာင္ရြက္သည့္အခါ PDF မ်ားကို ေဆးကုေပးသည္ဆိုေသာ အေၾကာင္းျပျပီးဖမ္းဆီးေၾကာင္း ၎ကေ၀ဖန္ေျပာဆိုသည္။

“သူတို႔လုပ္တတ္တာ ဖမ္းမယ္၊ ပစ္မယ္၊ သတ္မယ္ သူတို႔အာဏာလက္လြတ္ရမယ့္ အေၾကာက္တရားေပၚ အေျခခံ ျပည္သူေတြကို မ်ိဳးဆက္နဲ႔ ခ်ီျပီးအေၾကာက္တရား သြပ္သြင္းေနတဲ့ စီမံခန္႔မႈပဲ” ဟု ၎ကဆိုသည္။

ျမန္မာအပါအ၀င္ တကမာၻလုံးရင္ဆုိင္ေနရသည့္ ့ ကမာၻလူဦးေရ၏ ၆၀ရာခိုင္ႏႈန္း ကူးစက္ခံရႏိုင္ျပီး ကိုဗစ္ကပ္ေရာဂါကူးစက္မႈေၾကာင့္ လူ၄၅သန္းခန္႔ အသက္ေသဆုံးႏိုင္ေၾကာင္း ေဟာင္ေကာင္တကၠသိုလ္မွ ကူးစက္ေရာဂါ ေဗဒကၽြမ္းက်င္သူ Dr Gabridl Leung က သတိေပးထားသည္။

Dr Gabridl Leung မွာ ဆားစ္ (SARS) ေရာဂါႏွင့္ပတ္သက္ျပီး ကူးစက္မႈသဘာ၀ ကူးစက္မႈႏႈန္းေတြကို တြက္ခ်က္ေဖာ္ျပရာမွ ထင္ရွားလာျပီး ကိုဗစ္ပိုးေတြ႔ခါစကတည္းက အေရးတၾကီး သတိေပးႏိုးေဆာ္ခဲ့သူလည္းျဖစ္သည္။

၎က ကူးစက္ကပ္ေဘးသည္ တၾကိမ္မကေသာ လိႈင္းေတြ လာႏိုင္ျပီး ကာကြယ္ေဆးတကမာၻလုံး လြမ္းျခံဳေအာင္ မလုပ္ႏိုင္ေသးခင္ လိႈင္းေတြ တလိႈင္းျပီး တလိႈင္း လာႏိုင္သည္ဟု သတိေပးႏိုးေဆာ္ခဲ့သည္။

အစိုးရမ်ား၏ က်န္းမာေရးမႈ၀ါဒ၊ ပြင့္လင္းျမင္သာမႈ၊ တာ၀န္ခံမႈႏွင့္ ျပီးခဲ့သည့္အေနအထားကို ျပန္ေျပာင္းသုံးသပ္သင္ခန္းစာယူဖို႔ ၎က အၾကံျပဳတိုက္တြန္းခဲ့သည္။

ကံမေကာင္းအေၾကာင္းမလွစြာပင္ ျမန္မာႏိုင္ငံ၏ လက္ရွိအေျခအေနသည္ Dr Gabridl Leung ၏အၾကံျပဳခ်က္မ်ား တစ္ခ်က္မွ ရွိမေနျခင္းပင္ျဖစ္သည္။

လက္ရွိရန္ကုန္ျမိဳ႕၏အေျခအေနသည္ ေသဆုံးမႈမ်ားျမင့္တက္ေနျပီး ေဆးရုံေဆးခန္းမ်ားကလည္း လူနာလက္ခံႏိုင္စြမ္းနည္းက ကိုယ္အိမ္မွာကို ေဆးကုသမႈခံယူေနရျပီး ဆရာ၀န္ရွာမရသျဖင့္ အသက္ဆုံးရႈံးေနၾကရသည္။

ေအာက္စီဂ်င္၊ ေဆး၀ါး၊ အဟာအရဓါတ္ဆာ၊ စားေသာက္ကုန္၊ လူသုံးကုန္ပစၥည္းအားလုံးေစ်းၾကီးရံုမက ပစၥည္းရွာမရသည့္ အေျခအေနကိုရင္ဆိုင္ေနရသည္။

ေသဆုံးသြားျပန္လွ်င္လဲ ဆရာ၀န္မရွိ၊ အုပ္ခ်ဳပ္ေရးမႈးမရွိ၊ နာေရးကူညီမႈကား မလုံေလာက္သျဖင့္ သခ်ၤိင္းေရာက္ဖို႔အေရး ခက္ခဲသကဲ့သို႔ သခ်ၤိင္းတြင္လည္း အေလာင္းမ်ားစုပုံေနသျဖင့္ တန္းစီေစာင့္ ၾကရသည့္ အေျခအေနကို ရင္ဆိုင္ေနၾကရသည္။

ဇနီး၊သမီး၊သမက္ မိသားစု၀င္ေလးဦးရွိျပီး မရွိမရွား ရွိမမ်ား လူလတ္တန္းစားမိသားစု ျဖစ္ေသာ ကိုဗစ္သံသယလူနာ ကိုလိႈင္ ၄၈ ႏွစ္က သူမိသားစုအတြက္ အေကာင္းဆုံးျပင္ဆင္သြားမည္ဟုဆိုသည္။

မည္သို႔ပင္ျဖစ္ေစ ျမန္မာႏိုင္ငံ၏ လက္ရွိအေျခအေနကို ကိုလိႈင္ေအာက္ပါ စကားက သက္ေသျပလို႔ေနသည္။

“ အခုမွအဖိုးအဖြားေတြေျပာခဲ့ကပ္ေဘး ကၽြန္ေတာ္တို႔ တပ္ေဘး၊ ကပ္ေဘးကိုရင္ဆိုင္ေနတာ ဒီ၀ဋ္က အျမန္ဆုံး ကၽြတ္ခ်င္ျပီ ဗ်ာ “ ဟု ကိုလိႈင္က ျငီးတြားလိုက္သည္။