ပုလောတွင် ပျူစောထီးဆိုသူအား ဓါးဒဏ်ရာနှင့် ရုပ်အလောင်းတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ပြည်သူ့စစ် (ပျူစော ထီး) တစ်ဦး၏ ရုပ်အလောင်း တစ်လောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင် ၂၅ ရက်နေ့၊ နံနက် ၉း၄၅ နာရီအချိန်ခန့်တွင် ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာရှိ ရေမြောင်းအတွင်း ဓါးဒဏ်ရာနှင့် သေ ဆုံးနေသည့် ပြည်သူ့စစ်(ပျူစောထီး)တစ်ဦး၏ ရုပ်အလောင်း တစ်လောင်းကိုတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

“ဒီမနက်(ဇူလိင်လ ၂၅ ရက်နေ့) က အလောင်းကို ရွာထဲက သေဆုံးသူရဲ့ အိမ်အနားက ရေမြောင်းထဲမှာ မှောက် လျက်အနေအထားနဲ့ ရင်ဘတ်မှာ ဓါးဒဏ်ရာနဲ့ တွေ့တာ၊ ဘယ်နှစ်ချက်လည်းတော့ မသိဘူး၊ သေတာက ကြာပြီ ထင်တယ်။ တောင့်နေပြီ” ဟု လို့ ကျောင်းနိမ့် ရွာသားတစ်ဦး က ပြောသည်။

ကျောင်းနိမ့်ကျေးရွာမှ အသက် ၁၄ နှစ် အရွယ် ကလေးငယ်တစ်ဦးက ကျွဲကျောင်းသွားရာမှ အလောင်းကိုတွေ့ ရှိ ခဲ့ခြင်းကြောင့် ရွာသားများက သက်ဆိုင်ရာ ပုလော ရဲစခန်းကိုဆက်သွယ် အကြောင်းကြားခဲ့သည်ဟု ရွာသားများ က ပြောသည်။

သက်ဆိုင်ရာပုလောရဲစခန်းက ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးသည့်ရာ ရင်ဘတ်တွင် ထိုးသွင်း ဓါးဒဏ်ရာ များနှင့် လက်ထဲတွင် လက်ထိပ်တစ်စုံကိုင်ထားသည်ကို တွေ့ရသည်ဟု ဒေသခံ ကျောင်းနိမ့်ရွာသူရွာသားများက ပြောသည်။

“အခုတွေ့တဲ့ အလောင်းက သားကန်းမဲ လို့ခေါ်တယ်။ အသက် ၃၇ နှစ် လောက်ရှိပြီ။ ပြည်သူ့စစ်လုပ်နေတယ်။
ဘာအကြောင်းနဲ့ ဘယ်သူသတ်သွားတာလဲ ဆိုတာ အခုထိတော့ မသိရသေးဘူး”
ဟု ကျောင်းနိမ့်ကျေးရွာက
အသက် ၄၀ ခန့် အရွယ်ရှိသည့် အမျိုးသမီးတစ်ဦး က ပြောသည်။

သေဆုံးနေသူသည် ကျောင်းနိမ့်ကျေးရွာ၏ ပြည်သူ့စစ် အဖွဲ့ဝင်လေးဦးထဲက တစ်ဦးဖြစ်ပြီး ရွာထဲတွင် စစ်ကောင် စီ ကို သတင်းပေးခြင်း၊ ရွာသားများကို အနိုင်ကျင့် အာဏာပြခြင်းတို့ အမြဲလုပ်ဆောင်လျှက်ရှိရာ ၎င်းက အဆိုး ဆုံးဖြစ်သည်ဟု ကျောင်းနိမ့်ရွာသားများက စွပ်စွဲပြောဆိုသည်။

ရုပ်အလောင်းကို ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ရဲတပ်ဖွဲ့များက သယ်ဆောင်သွားပြီးနောက် မကြာခင်တွင် စကစတပ်ဖွဲ့များ ထပ်မံ ရောက်ရှိလာပြီး ရွာလုံးကျွတ် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ကျောင်းနိမ့်ရွာသားများက ပြောသည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးသွားခြင်းများ မရှိသေးသော်လည်း ရွာသူရွာသားများ စိုးရိမ်ထိတ်လန့်နေကြ သည်ဟု ဆိုသည်။

ရုပ်အလောင်းတွေ့ရှိခဲ့သည့် ဖြစ်စဥ်နှင့် ပတ်သက်၍ ပုလောမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆေးစာ မရရှိသေးသည့် အတွက် တိတိကျကျ မပြောနိုင်သေးကြောင်းနှင့် အဆိုပါ လူသေမှုဖြစ်စဥ်နှင့် ပတ်သက် ၍ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည် ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

*** ZAWGYI ***
ပုေလာတြင္ ပ်ဴေစာထီးဆိုသူအား ဓါးဒဏ္ရာႏွင့္ ႐ုပ္အေလာင္းေတြ႕

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၆ ရက္။

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္အတြင္း ျပည္သူ႔စစ္ (ပ်ဴေစာ ထီး) တစ္ဦး၏ ႐ုပ္အေလာင္း တစ္ေလာင္းကို ေတြ႕ရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဇူလိုင္ ၂၅ ရက္ေန႔၊ နံနက္ ၉း၄၅ နာရီအခ်ိန္ခန႔္တြင္ ပုေလာၿမိဳ႕နယ္ ေက်ာင္းနိမ့္ေက်း႐ြာရွိ ေရေျမာင္းအတြင္း ဓါးဒဏ္ရာႏွင့္ ေသ ဆုံးေနသည့္ ျပည္သူ႔စစ္(ပ်ဴေစာထီး)တစ္ဦး၏ ႐ုပ္အေလာင္း တစ္ေလာင္းကိုေတြ႕ရွိခဲ့ရျခင္း ျဖစ္သည္။

“ဒီမနက္(ဇူလိင္လ ၂၅ ရက္ေန႔) က အေလာင္းကို ႐ြာထဲက ေသဆုံးသူရဲ႕ အိမ္အနားက ေရေျမာင္းထဲမွာ ေမွာက္ လ်က္အေနအထားနဲ႔ ရင္ဘတ္မွာ ဓါးဒဏ္ရာနဲ႔ ေတြ႕တာ၊ ဘယ္ႏွစ္ခ်က္လည္းေတာ့ မသိဘူး၊ ေသတာက ၾကာၿပီ ထင္တယ္။ ေတာင့္ေနၿပီ” ဟု လို႔ ေက်ာင္းနိမ့္ ႐ြာသားတစ္ဦး က ေျပာသည္။

ေက်ာင္းနိမ့္ေက်း႐ြာမွ အသက္ ၁၄ ႏွစ္ အ႐ြယ္ ကေလးငယ္တစ္ဦးက ကြၽဲေက်ာင္းသြားရာမွ အေလာင္းကိုေတြ႕ ရွိ ခဲ့ျခင္းေၾကာင့္ ႐ြာသားမ်ားက သက္ဆိုင္ရာ ပုေလာ ရဲစခန္းကိုဆက္သြယ္ အေၾကာင္းၾကားခဲ့သည္ဟု ႐ြာသားမ်ား က ေျပာသည္။

သက္ဆိုင္ရာပုေလာရဲစခန္းက ရဲတပ္ဖြဲ႕ဝင္မ်ား လာေရာက္စစ္ေဆးသည့္ရာ ရင္ဘတ္တြင္ ထိုးသြင္း ဓါးဒဏ္ရာ မ်ားႏွင့္ လက္ထဲတြင္ လက္ထိပ္တစ္စုံကိုင္ထားသည္ကို ေတြ႕ရသည္ဟု ေဒသခံ ေက်ာင္းနိမ့္႐ြာသူ႐ြာသားမ်ားက ေျပာသည္။

“အခုေတြ႕တဲ့ အေလာင္းက သားကန္းမဲ လို႔ေခၚတယ္။ အသက္ ၃၇ ႏွစ္ ေလာက္ရွိၿပီ။ ျပည္သူ႔စစ္လုပ္ေနတယ္။
ဘာအေၾကာင္းနဲ႔ ဘယ္သူသတ္သြားတာလဲ ဆိုတာ အခုထိေတာ့ မသိရေသးဘူး”
ဟု ေက်ာင္းနိမ့္ေက်း႐ြာက
အသက္ ၄၀ ခန႔္ အ႐ြယ္ရွိသည့္ အမ်ိဳးသမီးတစ္ဦး က ေျပာသည္။

ေသဆုံးေနသူသည္ ေက်ာင္းနိမ့္ေက်း႐ြာ၏ ျပည္သူ႔စစ္ အဖြဲ႕ဝင္ေလးဦးထဲက တစ္ဦးျဖစ္ၿပီး ႐ြာထဲတြင္ စစ္ေကာင္ စီ ကို သတင္းေပးျခင္း၊ ႐ြာသားမ်ားကို အႏိုင္က်င့္ အာဏာျပျခင္းတို႔ အၿမဲလုပ္ေဆာင္လွ်က္ရွိရာ ၎က အဆိုး ဆုံးျဖစ္သည္ဟု ေက်ာင္းနိမ့္႐ြာသားမ်ားက စြပ္စြဲေျပာဆိုသည္။

႐ုပ္အေလာင္းကို ဇူလိုင္လ ၂၅ ရက္ေန႔၊ နံနက္ ၁၁ နာရီ အခ်ိန္ခန႔္တြင္ ရဲတပ္ဖြဲ႕မ်ားက သယ္ေဆာင္သြားၿပီးေနာက္ မၾကာခင္တြင္ စကစတပ္ဖြဲ႕မ်ား ထပ္မံ ေရာက္ရွိလာၿပီး ႐ြာလုံးကြၽတ္ တစ္အိမ္တက္ဆင္း လိုက္လံစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္ဟု ေက်ာင္းနိမ့္႐ြာသားမ်ားက ေျပာသည္။

လက္ရွိအေျခအေနတြင္ ဖမ္းဆီးသြားျခင္းမ်ား မရွိေသးေသာ္လည္း ႐ြာသူ႐ြာသားမ်ား စိုးရိမ္ထိတ္လန္႔ေနၾက သည္ဟု ဆိုသည္။

႐ုပ္အေလာင္းေတြ႕ရွိခဲ့သည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ပုေလာၿမိဳ႕မရဲစခန္းကို ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ေဆးစာ မရရွိေသးသည့္ အတြက္ တိတိက်က် မေျပာႏိုင္ေသးေၾကာင္းႏွင့္ အဆိုပါ လူေသမႈျဖစ္စဥ္ႏွင့္ ပတ္သက္ ၍ အေရးယူေဆာင္႐ြက္ႏိုင္ေရး ဆက္လက္ စုံစမ္းစစ္ေဆးေနဆဲျဖစ္သည္ ဟု တာဝန္ရွိသူတစ္ဦးက ေျပာသည္။