လက်လုပ်ဗုံး ပြုလုပ်စဉ် လူနှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။ ၏

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်အတွင်း လက်လုပ်ဗုံးလုပ်နေစဉ် ပေါက်ကွဲမှု ဖြစ်ပြီး ကျောင်းသားသမဂ္ဂဝင် တစ်ဦး နှင့် အရပ်သားဒေသခံ တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပြည်ခရိုင်အတွင်းရှိ သဲကုန်းမြို့နယ် ဆင်မြီးဆွဲတိုက်နယ်၊ ကြို့ရပ်သာကျေးရွာက သာယာဝတီ စိုက်ပျိုးရေး သိပ္ပံ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၁ ဦးနှင့် အရပ်သားတစ်ဦး တို့ လက်လုပ်ဗုံးလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားခြင်းဖြစ်သည် ဟု ပြောသည်။

”ည ၁၀ နာရီလောက်ရှိမယ်။ ပေါက်ကွဲသံကြားတယ် ညတွင်းချင်း ဆေးရုံကို အလောင်းတွေ သယ်သွားပြီ” ဟု အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ရွာသားတစ်ဦး ကပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူနှစ်ဦးမှာ သာယာဝတီ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုရှိုင်းကိုကိုနှင့် အရပ်သားလူငယ် ကိုတင်ကိုဝင်း တို့ ဖြစ်ကြသည်။

ထိုသေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သာယာဝတီ စိုက်ပျိုးရေးသိပ္ပံကျောင်းသား သမဂ္ဂက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန် ထားသည်။

*** ZAWGYI ***
လက္လုပ္ဗုံး ျပဳလုပ္စဥ္ လူႏွစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၆ ရက္။ ၏

ပဲခူးတိုင္းအေနာက္ျခမ္း ျပည္ခ႐ိုင္အတြင္း လက္လုပ္ဗုံးလုပ္ေနစဥ္ ေပါက္ကြဲမႈ ျဖစ္ၿပီး ေက်ာင္းသားသမဂၢဝင္ တစ္ဦး ႏွင့္ အရပ္သားေဒသခံ တစ္ဦး ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ျပည္ခ႐ိုင္အတြင္းရွိ သဲကုန္းၿမိဳ႕နယ္ ဆင္ၿမီးဆြဲတိုက္နယ္၊ ႀကိဳ႕ရပ္သာေက်း႐ြာက သာယာဝတီ စိုက္ပ်ိဳးေရး သိပၸံ ေက်ာင္းသားသမဂၢ အဖြဲ႕ဝင္ ၁ ဦးႏွင့္ အရပ္သားတစ္ဦး တို႔ လက္လုပ္ဗုံးလုပ္ေနစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေသဆုံးသြားျခင္းျဖစ္သည္ ဟု ေျပာသည္။

”ည ၁၀ နာရီေလာက္ရွိမယ္။ ေပါက္ကြဲသံၾကားတယ္ ညတြင္းခ်င္း ေဆး႐ုံကို အေလာင္းေတြ သယ္သြားၿပီ” ဟု အခင္းျဖစ္ပြားမႈႏွင့္ ပတ္သက္၍ ႐ြာသားတစ္ဦး ကေျပာသည္။

ဇူလိုင္လ ၂၄ ရက္ေန႔ ျဖစ္ပြားခဲ့သည့္ အဆိုပါျဖစ္စဥ္အတြင္း ေသဆုံးသူႏွစ္ဦးမွာ သာယာဝတီ စိုက္ပ်ိဳးေရးသိပၸံ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ ကိုရႈိင္းကိုကိုႏွင့္ အရပ္သားလူငယ္ ကိုတင္ကိုဝင္း တို႔ ျဖစ္ၾကသည္။

ထိုေသဆုံးမႈ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သာယာဝတီ စိုက္ပ်ိဳးေရးသိပၸံေက်ာင္းသား သမဂၢက ဝမ္းနည္းေၾကာင္း သဝဏ္လႊာထုတ္ျပန္ ထားသည္။