ကွတ်ခိုင်တွင် လူငယ်များက ကိုယ်ထူကိုယ်ထ COVID-19 စစ်ဆေးရေး ဂိတ်ဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။

ဇူလိုင်လ ၂၈ ရက်နေ့ (ယနေ့) မှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အတွင်းက နေရာ(၃) နေရာ တွင် လူငယ်များက ဦးဆောင်၍ ကိုဗစ် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးမှုများကို စတင်လုပ်ဆောင်နေပြီဟု အဖွဲ့ဝင်ပါဝင်သည့် လူငယ်များနှင့် ဒေသခံများက ပြောသည်။

ဒေသအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို တစ်စုံတစ်ရာ ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ မန္တလေး-မူဆယ် လမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့အတွင်း အဝင်အထွက်ဂိတ်များဖွင့်လှစ်ကာ ယခုကဲ့သို့ စစ်ဆေးမှုများ စတင်လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု အဖွဲ့တွင်ပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ယနေ့ ဖွင့်လှစ်လိုက်သည့် ကိုဗစ်စစ်ဆေးရေးဂိတ် နေရာများမှာ ကွတ်ခိုင်မြို့၏ မြို့တွင်းသို့ ဝင်ရသည့် အဝင် အထွက်နေရာများနှင့် တာမိုးညဲလမ်းပေါ်တို့တွင် ဖြစ်သည်။

“ကွတ်ခိုင်မြို့ COVID ကာကွယ်ထိန်းချုပ်ရေး လှုပ်ရှားမှု” ဆိုသသည့် ခေါင်းစဉ်ဖြင့် ကွတ်ခိုင်မြို့ပေါ်က တိုင်း ရင်းသားလူငယ်များ အပါအဝင် ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံ တရုတ်လူငယ်များနှင့် ကွတ်ခိုင် ကိုဗစ်-၁၉ အရေးပေါ်ကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ စေတနာ့ဝန်ထမ်း လူငယ် ၃၀ ဦးခန့် က လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အဖွဲ့တွင်ပါဝင်သည့် လူငယ်တစ်ဦးက ပြောသည်။

Home Q (နေအိမ်အတွင်း သီးသန့်နေထိုင်နေရသူများ) ဝင်နေရသည့် မိသားစုများ၊ အရေးပေါ်လူများအား ထောက်ပံ့ကူညီခြင်း၊ မြို့အဝင်အထွက်စစ်ဆေးခြင်းများ နှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ထပ်တိုးလုပ်ဆောင်ချက်များကိုလည်း လိုအပ်မှုပေါ် အခြေခံ၍ လူငယ်များက ကူညီ လုပ်ဆောင် သွားရန် ရှိနေတယ်သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရမဟုတ်သည့် ပရဟိတအသင်းအဖွဲ့များကသာ COVID-19 နှင့် ပတ်သတ်၍ ကာ ကွယ် ထိန်းချုပ် တားဆီးနိုင်ရေး လုပ်ဆောင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် ဒေသခံလူငယ်များက ပူးပေါင်း လုပ် ဆောင်နေကြခြင်း ဖြစ်သည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်အသီးအသီးတွင် အခြားသော ပြည်နယ်နှင့် တိုင်းဒေသပြီးများထဲ့ရှိ မြို့နယ်များကဲ့သို့ COVID-19 ကူးစက်မှုများ မြင့်တက်နေပြီး ဇူလိုင် ၂၄ ရက်နေ့ အချိန်ထိ ကိုဗစ်အတည်ပြု လူနာပေါင်း ၂၇၀ ဦးခန့်ရှိပြီဖြစ်ပြီး သေဆုံးသူသူမှ ၅ ဦးရှိဖြစ်သည်။

ဇူလိုင်လ ၂၄ ရက်နေ့မှ ယနေ့ အချိန်ထိ ထပ်တိုးအတည်ပြုလူနာစာရင်းကိုတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ဓါတ်ပုံ – (Mai)MNWM

*** ZAWGYI ***
ကြတ္ခိုင္တြင္ လူငယ္မ်ားက ကိုယ္ထူကိုယ္ထ COVID-19 စစ္ေဆးေရး ဂိတ္ဖြင့္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၈ ရက္။

ဇူလိုင္လ ၂၈ ရက္ေန႔ (ယေန႔) မွ စတင္၍ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕အတြင္းက ေနရာ(၃) ေနရာ တြင္ လူငယ္မ်ားက ဦးေဆာင္၍ ကိုဗစ္ စစ္ေဆးေရးဂိတ္မ်ား ဖြင့္လွစ္၍ စစ္ေဆးမႈမ်ားကို စတင္လုပ္ေဆာင္ေနၿပီဟု အဖြဲ႕ဝင္ပါဝင္သည့္ လူငယ္မ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။

ေဒသအတြင္း COVID-19 ေရာဂါကူးစက္ျပန႔္ပြားမႈကို တစ္စုံတစ္ရာ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ရည္႐ြယ္၍ မႏၲေလး-မူဆယ္ လမ္းမႀကီးေပၚရွိ ကြတ္ခိုင္ၿမိဳ႕အတြင္း အဝင္အထြက္ဂိတ္မ်ားဖြင့္လွစ္ကာ ယခုကဲ့သို႔ စစ္ေဆးမႈမ်ား စတင္လုပ္ေဆာင္ရျခင္း ျဖစ္သည္ဟု အဖြဲ႕တြင္ပါဝင္သူ လူငယ္တစ္ဦးက ေျပာသည္။

ယေန႔ ဖြင့္လွစ္လိုက္သည့္ ကိုဗစ္စစ္ေဆးေရးဂိတ္ ေနရာမ်ားမွာ ကြတ္ခိုင္ၿမိဳ႕၏ ၿမိဳ႕တြင္းသို႔ ဝင္ရသည့္ အဝင္ အထြက္ေနရာမ်ားႏွင့္ တာမိုးညဲလမ္းေပၚတို႔တြင္ ျဖစ္သည္။

“ကြတ္ခိုင္ၿမိဳ႕ COVID ကာကြယ္ထိန္းခ်ဳပ္ေရး လႈပ္ရွားမႈ” ဆိုသသည့္ ေခါင္းစဥ္ျဖင့္ ကြတ္ခိုင္ၿမိဳ႕ေပၚက တိုင္း ရင္းသားလူငယ္မ်ား အပါအဝင္ ပရဟိတအဖြဲ႕အစည္းမ်ား၊ ေဒသခံ တ႐ုတ္လူငယ္မ်ားႏွင့္ ကြတ္ခိုင္ ကိုဗစ္-၁၉ အေရးေပၚကူညီေရးအဖြဲ႕တို႔ ပူးေပါင္း၍ ေစတနာ့ဝန္ထမ္း လူငယ္ ၃၀ ဦးခန႔္ က လုပ္ေဆာင္ေနျခင္း ျဖစ္သည္ဟု အဖြဲ႕တြင္ပါဝင္သည့္ လူငယ္တစ္ဦးက ေျပာသည္။

Home Q (ေနအိမ္အတြင္း သီးသန႔္ေနထိုင္ေနရသူမ်ား) ဝင္ေနရသည့္ မိသားစုမ်ား၊ အေရးေပၚလူမ်ားအား ေထာက္ပံ့ကူညီျခင္း၊ ၿမိဳ႕အဝင္အထြက္စစ္ေဆးျခင္းမ်ား ႏွင့္ COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ လိုအပ္သည့္ ထပ္တိုးလုပ္ေဆာင္ခ်က္မ်ားကိုလည္း လိုအပ္မႈေပၚ အေျခခံ၍ လူငယ္မ်ားက ကူညီ လုပ္ေဆာင္ သြားရန္ ရွိေနတယ္သည္ဟု အဖြဲ႕တာဝန္ရွိသူမ်ားက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း အစိုးရမဟုတ္သည့္ ပရဟိတအသင္းအဖြဲ႕မ်ားကသာ COVID-19 ႏွင့္ ပတ္သတ္၍ ကာ ကြယ္ ထိန္းခ်ဳပ္ တားဆီးႏိုင္ေရး လုပ္ေဆာင္ေနၾကျခင္းျဖစ္ၿပီး လက္ရွိတြင္ ေဒသခံလူငယ္မ်ားက ပူးေပါင္း လုပ္ ေဆာင္ေနၾကျခင္း ျဖစ္သည္။

မႏၲေလး-မူဆယ္ ျပည္ေထာင္စုလမ္းမႀကီး တစ္ေလွ်ာက္ရွိ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ၿမိဳ႕နယ္အသီးအသီးတြင္ အျခားေသာ ျပည္နယ္ႏွင့္ တိုင္းေဒသၿပီးမ်ားထဲ့ရွိ ၿမိဳ႕နယ္မ်ားကဲ့သို႔ COVID-19 ကူးစက္မႈမ်ား ျမင့္တက္ေနၿပီး ဇူလိုင္ ၂၄ ရက္ေန႔ အခ်ိန္ထိ ကိုဗစ္အတည္ျပဳ လူနာေပါင္း ၂၇၀ ဦးခန႔္ရွိၿပီျဖစ္ၿပီး ေသဆုံးသူသူမွ ၅ ဦးရွိျဖစ္သည္။

ဇူလိုင္လ ၂၄ ရက္ေန႔မွ ယေန႔ အခ်ိန္ထိ ထပ္တိုးအတည္ျပဳလူနာစာရင္းကိုေတာ့ ထုတ္ျပန္ႏိုင္ျခင္း မရွိေသးေပ။

ဓါတ္ပုံ – (Mai)MNWM