KIA နယ်မြေတွင် ပထမဆုံး ပိုးတွေ COVID-19 လူနာ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် COVID-19 ပိုးတွေလူနာ တစ်ဦး ပထမဆုံးအဖြစ် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြော သည်။

ဩဂုတ်လ ၃ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၇ နာရီအချိန်ခန့်က သေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးသူ အမျိုးသမီးမှာ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ အခံရှိသူဖြစ်သည်ဟု သိရသည်။

“ဒီမနက်ပဲ သေသွားတာပါ။ သူက ဟို Q Center မှာ နေနေတာလေနော်။ သူ့မှာက သွေးတိုးရောဂါလည်း ရှိ တယ်။ နှလုံးရောဂါလည်းရှိတာဟုတ်တယ်။ ဟိုး နှစ်ရက် သုံးရက်လောက်ကတည်းက အခြေအနေ နည်းနည်း ဆိုးလို့ အောက်စီဂျင်ပေးထားရတာဟုတ်တယ်။ သူလည်း Positive ဖြစ်တယ်။ သူ့ကလေးလည်း Positive ဖြစ်တာဟုတ်တယ်။ ကျမတို့ ဝေကျိုင်ကပဲလေနော်။ ဒီပြီးခဲ့တဲ့ လကုန်လောက်မှာ Positive ဖြစ်လို့ သီးသန့် ခေါ်သွားတာ” ဟု ဝေကျိုင်ရပ်ကွက် က အသက် ၃၀ အရွယ်ခန့်ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦး က ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၄၂ အရွယ်ရှိ လိုင်ဇာမြို့ ဝေကျိုင်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်သည်။

ဇူလိုင်လ ၂၉ ရက်နေ့က ၎င်းနှင့် ၎င်း၏ ကလေးတွင် COVID-19 ပိုးတွေ့ရှိခဲ့သည့်အတွက် (Munglai Hkyet Quarantine Center) မုန်လိုင်ခက်ရှိ သီးသန့်ဆောင် တွင် ဆေးကုသမှု ခံနေရသူ ဖြစ်သည်။

ဝေကျိုင်ရပ်ကွက်တွင် စစ်ရှောင်စခန်းလည်းရှိပြီး ဇူလိုင်လ ၂၇ ရက်နေ့ စတင်၍ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် Lock down ချထားရသည့် နေရာလည်း ဖြစ်သည်။

“အခုတော့ ဒေသခံတွေက နည်းနည်းတော့ ကြောက်လာပြီ။ လူသေတာလည်း ရှိပြီဆိုတော့နော်။ အစတော့ သိပ်မကြောက်ကြဘူးလေနော်။ လူတွေကလည်း ခိုးမဝင်နဲ့ဆိုလည်း ခိုးဝင်တာတွေရှိတယ်။ အခုကတော့ မလုပ် ရဲလောက်တော့ဘူး။ အားလုံးလည်း နည်းနည်းတော့ လန့်နေကြပြီဟုတ်တယ်” ဟု လိုင်ဇာဒေသခံ လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ဂျေယန်စစ်ရှောင်စခန်းက အမျိုးသမီးတစ်ဦးထံမှ COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် ဂျေယန်စစ်ရှောင်စခန်းနှင့် ဝေကျိုင်စစ်ရှောင်စခန်းအပြင် ရှနန်ဘော်ဒါကျောင်း၊ မိုင်ဆက် ပါစသည့် နေရာများအား Lock down ချထားသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

KIO ဌာနချုပ် လိုင်ဇာမြို့တွင် COVID-19 အတည်ပြုလူနာ ၄၇ ဦး နှင့် သေဆုံးသူ တစ်ဦးရှိပြီ ဖြစ်သည်။

လိုင်ဇာဒေသခံ ထံမှ COVID-19 ရောဂါပိုးတွေ့မှု ရှိလာပြီးနောက် ဒေသအတွင်းရှိ ပြည်သူများကို COVID-19 စစ် ဆေးမှုများ လုပ်ဆောင်ပေးလျှက်ရှိပြီး ဩဂုတ်လ ၃ ရက်နေ့အထိ လူဦးရေ ၁၆၀၀၀ ကျော်အား စစ်ဆေးပေးပြီး ဖြစ်သည်ဟု KIO ကိုဗစ်-၁၉ ရောဂါတားဆီး နှိမ်နှင်းရေးကော်မတီ ထံမှ သိရသည်။

KIO ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူများ အနေဖြင့်လည်း KIO ကိုဗစ်-၁၉ ရောဂါတားဆီး နှိမ်နှင်းရေး ကော် မတီက ချမှတ်ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ နေထိုင်ကြရန်နှင့် ကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝမ် တိုက်တွန်းထားသည်။

Photo – Simsa Kasa Multimedia

*** ZAWGYI ***
KIA နယ္ေျမတြင္ ပထမဆုံး ပိုးေတြ COVID-19 လူနာ ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃ ရက္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ဗဟိုဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕တြင္ COVID-19 ပိုးေတြလူနာ တစ္ဦး ပထမဆုံးအျဖစ္ ေသဆုံးသြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာ သည္။

ဩဂုတ္လ ၃ ရက္ေန႔ (ယေန႔) နံနက္ပိုင္း ၇ နာရီအခ်ိန္ခန႔္က ေသဆုံးသြားျခင္းျဖစ္ၿပီး ေသဆုံးသူ အမ်ိဳးသမီးမွာ ဆီးခ်ိဳေရာဂါႏွင့္ ေသြးတိုးေရာဂါ အခံရွိသူျဖစ္သည္ဟု သိရသည္။

“ဒီမနက္ပဲ ေသသြားတာပါ။ သူက ဟို Q Center မွာ ေနေနတာေလေနာ္။ သူ႔မွာက ေသြးတိုးေရာဂါလည္း ရွိ တယ္။ ႏွလုံးေရာဂါလည္းရွိတာဟုတ္တယ္။ ဟိုး ႏွစ္ရက္ သုံးရက္ေလာက္ကတည္းက အေျခအေန နည္းနည္း ဆိုးလို႔ ေအာက္စီဂ်င္ေပးထားရတာဟုတ္တယ္။ သူလည္း Positive ျဖစ္တယ္။ သူ႔ကေလးလည္း Positive ျဖစ္တာဟုတ္တယ္။ က်မတို႔ ေဝက်ိဳင္ကပဲေလေနာ္။ ဒီၿပီးခဲ့တဲ့ လကုန္ေလာက္မွာ Positive ျဖစ္လို႔ သီးသန႔္ ေခၚသြားတာ” ဟု ေဝက်ိဳင္ရပ္ကြက္ က အသက္ ၃၀ အ႐ြယ္ခန႔္ရွိသည့္ ေဒသခံအမ်ိဳးသမီးတစ္ဦး က ေျပာသည္။

ေသဆုံးသူ အမ်ိဳးသမီးမွာ အသက္ ၄၂ အ႐ြယ္ရွိ လိုင္ဇာၿမိဳ႕ ေဝက်ိဳင္ရပ္ကြက္တြင္ ေနထိုင္သူ ျဖစ္သည္။

ဇူလိုင္လ ၂၉ ရက္ေန႔က ၎ႏွင့္ ၎၏ ကေလးတြင္ COVID-19 ပိုးေတြ႕ရွိခဲ့သည့္အတြက္ (Munglai Hkyet Quarantine Center) မုန္လိုင္ခက္ရွိ သီးသန႔္ေဆာင္ တြင္ ေဆးကုသမႈ ခံေနရသူ ျဖစ္သည္။

ေဝက်ိဳင္ရပ္ကြက္တြင္ စစ္ေရွာင္စခန္းလည္းရွိၿပီး ဇူလိုင္လ ၂၇ ရက္ေန႔ စတင္၍ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 ပိုးေတြ႕ရွိခဲ့ၿပီးေနာက္ Lock down ခ်ထားရသည့္ ေနရာလည္း ျဖစ္သည္။

“အခုေတာ့ ေဒသခံေတြက နည္းနည္းေတာ့ ေၾကာက္လာၿပီ။ လူေသတာလည္း ရွိၿပီဆိုေတာ့ေနာ္။ အစေတာ့ သိပ္မေၾကာက္ၾကဘူးေလေနာ္။ လူေတြကလည္း ခိုးမဝင္နဲ႔ဆိုလည္း ခိုးဝင္တာေတြရွိတယ္။ အခုကေတာ့ မလုပ္ ရဲေလာက္ေတာ့ဘူး။ အားလုံးလည္း နည္းနည္းေတာ့ လန႔္ေနၾကၿပီဟုတ္တယ္” ဟု လိုင္ဇာေဒသခံ လူငယ္ အမ်ိဳးသမီး တစ္ဦး က ေျပာသည္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္နယ္ေျမ ေဂ်ယန္စစ္ေရွာင္စခန္းက အမ်ိဳးသမီးတစ္ဦးထံမွ COVID-19 ပိုးေတြ႕ရွိခဲ့ၿပီးေနာက္ ေဂ်ယန္စစ္ေရွာင္စခန္းႏွင့္ ေဝက်ိဳင္စစ္ေရွာင္စခန္းအျပင္ ရွနန္ေဘာ္ဒါေက်ာင္း၊ မိုင္ဆက္ ပါစသည့္ ေနရာမ်ားအား Lock down ခ်ထားသည္ဟု လိုင္ဇာေဒသခံမ်ားက ေျပာသည္။

KIO ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕တြင္ COVID-19 အတည္ျပဳလူနာ ၄၇ ဦး ႏွင့္ ေသဆုံးသူ တစ္ဦးရွိၿပီ ျဖစ္သည္။

လိုင္ဇာေဒသခံ ထံမွ COVID-19 ေရာဂါပိုးေတြ႕မႈ ရွိလာၿပီးေနာက္ ေဒသအတြင္းရွိ ျပည္သူမ်ားကို COVID-19 စစ္ ေဆးမႈမ်ား လုပ္ေဆာင္ေပးလွ်က္ရွိၿပီး ဩဂုတ္လ ၃ ရက္ေန႔အထိ လူဦးေရ ၁၆၀၀၀ ေက်ာ္အား စစ္ေဆးေပးၿပီး ျဖစ္သည္ဟု KIO ကိုဗစ္-၁၉ ေရာဂါတားဆီး ႏွိမ္ႏွင္းေရးေကာ္မတီ ထံမွ သိရသည္။

KIO ထိန္းခ်ဳပ္နယ္ေျမအတြင္းက ျပည္သူမ်ား အေနျဖင့္လည္း KIO ကိုဗစ္-၁၉ ေရာဂါတားဆီး ႏွိမ္ႏွင္းေရး ေကာ္ မတီက ခ်မွတ္ထုတ္ျပန္ထားတဲ့ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ အညီ ေနထိုင္ၾကရန္ႏွင့္ ေကာ္မတီ အတြင္း ေရးမႉး ဗိုလ္မႉးႀကီးလဖိုင္ဟိန္းဝမ္ တိုက္တြန္းထားသည္။

Photo Simsa Kasa Multimedia