KIA ဌာနချုပ်အနီး စစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၄ ရက် (နံနက်)။

ဩဂုတ်လ ၃ ရက်နေ့ (ယမန်နေ့) တစ်နေကုန်နီးပါးခန့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက ကျေးရွာ အချို့ အား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် KIO ဌာနချုပ် လိုင်ဇာမြို့အားလည်း ဆက် တိုက်ဆိုသလို လက်နက်ကြီးများဖြင့် ပစ်နေသည်ဟု ဒေသခံများက ပြောသည်။

ယခုည ၁၁ နာရီ ကျော်အချိန်ခန့်ကစတင်ပြီး လိုင်ဇာမြို့အတွင်းမှ လက်နက်ကြီးသံများ ကြားနေရသည်ဟု လိုင်ဇာဒေသခံတစ်ဦး က ပြောသည်။

“အသံက အရမ်းကျယ်တယ်။ နှစ်ချက်ကြားရတယ်။ နီးနီးလေးလိုပဲ ဒီ ၁၁ နာရီ ၅၀ လောက်မှာ စပြီးကြား ရ တယ်။ ၁၂ နာရီကျော်တော့ နှစ်ချက် ထပ်ကြားရတာ။ အဲ့ဒါကတော့ နည်းနည်းဝေးတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

လိုင်ဇာမြို့၊ ဝေကျိုင်က ဒေသခံ တစ်ဦးက “အခုလည်း ထပ်မြည်နေတယ်။ ကျမတို့ နည်းနည်း ပစ္စည်းတွေ ဘာ တွေတော့ သိမ်းထားတယ်။ အားလုံးလည်း စိုးရိမ်နေကြတယ်။ အခုက လေးချက်မကတော့ဘူး။ ဘယ်လိုအိပ်ရ မှန်းတောင် မသိတော့ဘူး။ ထွက်ပြေးကြတာတို့တော့ မရှိသေးဘူး။ အခြေအနေစောင့်ကြည့်နေရတာပေါ့နော်။ ဘယ်လိုပြောရမလဲ သတိအနေအထားမျိုးပေါ့” ည ၁၂ နာရီ ၄၀ မိနစ် အချိန်ခန့် တွင် ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းတွင်လည်း ယမန်နေ့ ညကတည်းက ယနေ့တစ်ရက်လုံးနီးပါး တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိပဲ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဝိုင်းမော်မြို့က အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး က “ဘာမှ တိုက်ပွဲလည်း မဖြစ်ဘူး၊ အဲ့ဒါကို လက် နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာ။ ကျနော်တို့ ထင်တာတော့ ခမရ ၅၈ အဲ့ဘက်ကနေ ပစ်နေတာဟုတ်တယ်။ မဒိန်ကျေးရွာဘက်ကိုလည်း ပစ်တယ်။ မနေ့ညကတော့ ဒီတခြားနေရာတွေလည်း ပစ်တယ်။ မဒိန်က အခု တ လော ခနခနပစ်ခံနေရတာဟုတ်တယ်” ဟု ပြောသည်။

ထို့သို့ ဝိုင်းမော်မြို့နယ်အတွင်း တစ်ရက်လုံးနီးပါး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယခုည ၁၁ နာရီခွဲ အချိန်ခန့်ကတွင် လေယာဉ်များလည်း ပျံဝဲနေသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။

ဗလမင်းထင်တံတားနားက ဒေသခံတစ်ဦး က “ကျနော်တို့ ဒီဘက် မြစ်ကြီးနားကလည်း လက်နက်ကြီးသံက ဆက်တိုက်ကြားရတာဗျ။ ည ၇ နာရီကျော်လောက်ကစပြီး ကြားရတယ်။ အခုထိလည်း ကြားနေရတုန်းပဲ။ လေယာဉ်လည်း ဟိုဘက်ကမ်း(ဝိုင်းမော်) ဘက်ကို သွားလိုက်တယ်။ ဘာမှ မတတ်နိုင်ဘူးဗျ။ ကျနော်တို့ ပြည် သူတွေ ဘေးကင်းဖို့ပဲ ဆုတောင်းရမယ်။ အခုက ဘယ်သူမှလည်း မလုံခြုံဘူးလေနော်” ဟု ပြောသည်။

ထို့အပြင် ဇွန်လ ၂၄ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA က မြစ်ကြီးနား အနီးဝင်ရောက် ပစ်ခတ်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များက KIA စစ်ဌာနချုပ် လိုင်ဇာအပါအဝင် အခြေစိုက် နယ်မြေများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ဖားကန့် မြို့နယ်များထဲတွင် ကချင်လွတ်လပ်ရေး တပ် မတော် KIA နှင့် စစ်ကောင်စီတပ်တို့အကြား စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား လျှက်ရှိသည်။

*** ZAWGYI ***
KIA ဌာနခ်ဳပ္အနီး စစ္ေကာင္စီ တပ္မွ လက္နက္ႀကီးျဖင့္ ပစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၄ ရက္ (နံနက္)။

ဩဂုတ္လ ၃ ရက္ေန႔ (ယမန္ေန႔) တစ္ေနကုန္နီးပါးခန႔္ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းက ေက်း႐ြာ အခ်ိဳ႕ အား စစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ၿပီးေနာက္ KIO ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕အားလည္း ဆက္ တိုက္ဆိုသလို လက္နက္ႀကီးမ်ားျဖင့္ ပစ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ယခုည ၁၁ နာရီ ေက်ာ္အခ်ိန္ခန႔္ကစတင္ၿပီး လိုင္ဇာၿမိဳ႕အတြင္းမွ လက္နက္ႀကီးသံမ်ား ၾကားေနရသည္ဟု လိုင္ဇာေဒသခံတစ္ဦး က ေျပာသည္။

“အသံက အရမ္းက်ယ္တယ္။ ႏွစ္ခ်က္ၾကားရတယ္။ နီးနီးေလးလိုပဲ ဒီ ၁၁ နာရီ ၅၀ ေလာက္မွာ စၿပီးၾကား ရ တယ္။ ၁၂ နာရီေက်ာ္ေတာ့ ႏွစ္ခ်က္ ထပ္ၾကားရတာ။ အဲ့ဒါကေတာ့ နည္းနည္းေဝးတယ္” ဟု ေဒသခံတစ္ဦး က ေျပာသည္။

လိုင္ဇာၿမိဳ႕၊ ေဝက်ိဳင္က ေဒသခံ တစ္ဦးက “အခုလည္း ထပ္ျမည္ေနတယ္။ က်မတို႔ နည္းနည္း ပစၥည္းေတြ ဘာ ေတြေတာ့ သိမ္းထားတယ္။ အားလုံးလည္း စိုးရိမ္ေနၾကတယ္။ အခုက ေလးခ်က္မကေတာ့ဘူး။ ဘယ္လိုအိပ္ရ မွန္းေတာင္ မသိေတာ့ဘူး။ ထြက္ေျပးၾကတာတို႔ေတာ့ မရွိေသးဘူး။ အေျခအေနေစာင့္ၾကည့္ေနရတာေပါ့ေနာ္။ ဘယ္လိုေျပာရမလဲ သတိအေနအထားမ်ိဳးေပါ့” ည ၁၂ နာရီ ၄၀ မိနစ္ အခ်ိန္ခန႔္ တြင္ ေျပာသည္။

ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းတြင္လည္း ယမန္ေန႔ ညကတည္းက ယေန႔တစ္ရက္လုံးနီးပါး တိုက္ပြဲတစ္စုံတစ္ရာ ျဖစ္ပြားျခင္း မရွိပဲ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ ပစ္ခတ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဝိုင္းေမာ္ၿမိဳ႕က အသက္ ၅၀ ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦး က “ဘာမွ တိုက္ပြဲလည္း မျဖစ္ဘူး၊ အဲ့ဒါကို လက္ နက္ႀကီးေတြနဲ႔ ဆက္တိုက္ပစ္ေနတာ။ က်ေနာ္တို႔ ထင္တာေတာ့ ခမရ ၅၈ အဲ့ဘက္ကေန ပစ္ေနတာဟုတ္တယ္။ မဒိန္ေက်း႐ြာဘက္ကိုလည္း ပစ္တယ္။ မေန႔ညကေတာ့ ဒီတျခားေနရာေတြလည္း ပစ္တယ္။ မဒိန္က အခု တ ေလာ ခနခနပစ္ခံေနရတာဟုတ္တယ္” ဟု ေျပာသည္။

ထို႔သို႔ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း တစ္ရက္လုံးနီးပါး လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့ၿပီးေနာက္ ယခုည ၁၁ နာရီခြဲ အခ်ိန္ခန႔္ကတြင္ ေလယာဥ္မ်ားလည္း ပ်ံဝဲေနသည့္အတြက္ ေဒသခံမ်ား စိုးရိမ္ေနၾကသည္။

ဗလမင္းထင္တံတားနားက ေဒသခံတစ္ဦး က “က်ေနာ္တို႔ ဒီဘက္ ျမစ္ႀကီးနားကလည္း လက္နက္ႀကီးသံက ဆက္တိုက္ၾကားရတာဗ်။ ည ၇ နာရီေက်ာ္ေလာက္ကစၿပီး ၾကားရတယ္။ အခုထိလည္း ၾကားေနရတုန္းပဲ။ ေလယာဥ္လည္း ဟိုဘက္ကမ္း(ဝိုင္းေမာ္) ဘက္ကို သြားလိုက္တယ္။ ဘာမွ မတတ္ႏိုင္ဘူးဗ်။ က်ေနာ္တို႔ ျပည္ သူေတြ ေဘးကင္းဖို႔ပဲ ဆုေတာင္းရမယ္။ အခုက ဘယ္သူမွလည္း မလုံၿခဳံဘူးေလေနာ္” ဟု ေျပာသည္။

ထို႔အျပင္ ဇြန္လ ၂၄ ရက္ေန႔ကလည္း ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ျမစ္ႀကီးနား အနီးဝင္ေရာက္ ပစ္ခတ္မႈကို လက္တုန႔္ျပန္သည့္ အေနျဖင့္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားက KIA စစ္ဌာနခ်ဳပ္ လိုင္ဇာအပါအဝင္ အေျခစိုက္ နယ္ေျမမ်ားသို႔ လက္နက္ႀကီးမ်ား ပစ္ခတ္ခဲ့သည္။

ကခ်င္ျပည္နယ္အတြင္း ဝိုင္းေမာ္၊ ဗန္းေမာ္၊ မိုးေမာက္၊ ဖားကန႔္ ၿမိဳ႕နယ္မ်ားထဲတြင္ ကခ်င္လြတ္လပ္ေရး တပ္ မေတာ္ KIA ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား စစ္တပ္က အာဏာသိမ္းၿပီးေနာက္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြား လွ်က္ရွိသည္။