မကွေးတိုင်းရေလျှံမှုကြောင့် နှမ်း ဧက ၅၀၀၀ ကျော် ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ရုတ်တရက် ချောင်းရေလျှံ ရေကြီးမှုကြောင့် နှမ်းစိုက်ခင်းဧက ၅၀၀၀ နီးပါး ပျက်ဆီးသွားသည်ဟု ဒေသခံတောင်သူများ၏ ပြောပြချက်နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ ရေး နှင့် စာရင်းအင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၅ ရွာက တောင်သူများ၏ နှမ်းစိုက်ခင်းများ ရေကြီးမှု ကြောင့် ပျက်ဆီးသွားရခြင်း ဖြစ်သည်ဟု ဒေသခံတောင်သူများက ပြောသည်။

မဲဇလီကျေးရွာက တောင်သူ ကိုဇင်မျိုးက ”ကြိုတင်ပြင်ဆင်တယ် ဒါပေမယ့် တကယ်တမ်း ရေဝင်လာတော့ လူလွတ်ပြေးရတာ နှမ်းခင်းကတော့ဆုံးပေါ့။ ပိုးကျလို့ ဆေးဖျန်းတာက ၂ ရက်ဘဲ ရှိသေးတယ်။ ဒီလိုမှန်း သိ မဖျန်းပါဘူး”ဟု ပြောသည်။

မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် သြဂုတ်လ ၆ ရက် နံနက်ပိုင်းက ရုတ်တရက် ချောင်းရေလျှံ ရေကြီးမှုကြောင့် နှမ်းစိုက်ခင်း ဧက ၅၀၀၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ ရေး နှင့် စာရင်းအင်းဦးစီးဌာန၏ ထုတ်ပြန်ထားသည်။

အဆိုပါ စိုက်ခင်းများမှာ ကျေးရွာပေါင်း ၅၅ ရွာရှိ တောင်သူများ၏ စိုက်ခင်းများဖြစ်သည်ဟု ဆိုသည်။

မင်းတုန်းမြို့၏ တောင်ဘက်ခြမ်းဒေသဖြစ်သည့် မဲဇလီ၊ သရက်အုပ်၊ ရေပုလဲကျေးရွာများရှိ စိုက်ကွင်းများတွင် နှမ်းရိုးမည်းစေသည့် မှိုရောဂါတစ်မျိုးကြောင့် တောင်သူများက ကုသဆေးဖျန်းပြီးမှ ယခုကဲ့သို့ ရေကြီးမှု ဖြစ် လာသည့်အတွက် ဆုံးရှုံးမှု နှစ်ခါ ဖြစ်ရသည်ဟု တောင်သူများက ပြောသည်။

ထိုရေကြီးမှုကြောင့် မဲဇလီကျေးရွာထဲရှိ အိမ်ခြေ ၂၀ ခန့် လည်း ယာယီရွှေ့ပြောင်းခဲ့ကြသည်ဟု တောင်သူများက ဆိုသည်။

ရေကြီးရေလျှံမှုကြောင့် မိုးစပါးဧက ၂၀၀၊ နှမ်း ၄၀၁၀ ဧက၊ မိုးမြေပဲ ၅၀၀ ဧက၊ ဖူးစားပြောင်း ၁၄၀ ဧက၊ ဟင်း သီးဟင်းရွက် ဧက ၂၀၀ တို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

မင်းတုန်းမြို့နယ်သည် ရခိုင်ရိုးမနှင့် ဆက်စပ်နေပြီး တောတောင်လျှိုမြောင် ချိုင့်ဝှမ်းများပြားကာ မိုးဦးကျ မုတ်သုံ ဝင်ချိန် သို့မဟုတ် မုန်တိုင်းရှိချိန်များတွင် ချောင်းရေများတက်ကာ ရေကြီး ရေလျှံဖြစ်မည်ကို ဒေသခံများက စိုး ရိမ်နေကြသည်။

မင်းတုန်းမြို့သည် မိုးနှမ်းအထွက်များသော အရပ်ဒေသတစ်ခုဖြစ်ပြီး ချောင်းဘေးကိုင်းမြေများနှင့် တောင်ယာ စနစ်လည်း စိုက်ပျိုးကြရာ မိမိပိုင်ပုံစံ ၇ အမည်ပေါက် ယာကို ၃ နှစ်ခန့် မွေးပြီး ခုတ်ထွင် စိုက်ပျိုးကြသည်။

သစ်တောဦးစီးဌာန၏ အပြောင်ရှင်း စီးပွားဖြစ် ကျွန်းစိုက်ခင်းစနစ်ဖြင့် တောင်သူများမှ ရှင်းပေးပြီး ကျွန်းပင်စိုက် ပေးကြသည်။

သီးညှပ်အဖြစ် နှမ်း၊ ပဲစဉ်းငုံ၊ ဆင်ခရမ်းချဉ် အစရှိသည်တို့ကို စိုက်ပျိုးခွင့်ပေးသော နည်းဖြင့်စိုက်ကြပြီး ရွှေ့ ပြောင်း တောင်ယာစနစ် မလုပ်ကြကြောင်း ဆိုသည်။

၂၀၁၈ ဇွန်လကဖြစ်ခဲ့သော ရေကြီးရေလျှံမှုက ယခုထက်ကြီးမားပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားကာ လူနေအိမ်များ ပါမျောပါသည့် အထိ ဖြစ်ခဲ့ဘူးကြောင်း ဒေသခံများက ပြောသည်။

*** ZAWGYI ***
မေကြးတိုင္းေရလွ်ံမႈေၾကာင့္ ႏွမ္း ဧက ၅၀၀၀ ေက်ာ္ ပ်က္စီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၀ ရက္။

မေကြးတိုင္း၊ မင္းတုန္းၿမိဳ႕နယ္အတြင္း ႐ုတ္တရက္ ေခ်ာင္းေရလွ်ံ ေရႀကီးမႈေၾကာင့္ ႏွမ္းစိုက္ခင္းဧက ၅၀၀၀ နီးပါး ပ်က္ဆီးသြားသည္ဟု ေဒသခံေတာင္သူမ်ား၏ ေျပာျပခ်က္ႏွင့္ ၿမိဳ႕နယ္ လယ္ယာေျမစီမံခန႔္ခြဲ ေရး ႏွင့္ စာရင္းအင္းဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေပါင္း ၅၅ ႐ြာက ေတာင္သူမ်ား၏ ႏွမ္းစိုက္ခင္းမ်ား ေရႀကီးမႈ ေၾကာင့္ ပ်က္ဆီးသြားရျခင္း ျဖစ္သည္ဟု ေဒသခံေတာင္သူမ်ားက ေျပာသည္။

မဲဇလီေက်း႐ြာက ေတာင္သူ ကိုဇင္မ်ိဳးက ”ႀကိဳတင္ျပင္ဆင္တယ္ ဒါေပမယ့္ တကယ္တမ္း ေရဝင္လာေတာ့ လူလြတ္ေျပးရတာ ႏွမ္းခင္းကေတာ့ဆုံးေပါ့။ ပိုးက်လို႔ ေဆးဖ်န္းတာက ၂ ရက္ဘဲ ရွိေသးတယ္။ ဒီလိုမွန္း သိ မဖ်န္းပါဘူး”ဟု ေျပာသည္။

မေကြးတိုင္း၊ သရက္ခ႐ိုင္ မင္းတုန္းၿမိဳ႕နယ္တြင္ ၾသဂုတ္လ ၆ ရက္ နံနက္ပိုင္းက ႐ုတ္တရက္ ေခ်ာင္းေရလွ်ံ ေရႀကီးမႈေၾကာင့္ ႏွမ္းစိုက္ခင္း ဧက ၅၀၀၀ နီးပါးပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ၿမိဳ႕နယ္ လယ္ယာေျမစီမံခန႔္ခြဲ ေရး ႏွင့္ စာရင္းအင္းဦးစီးဌာန၏ ထုတ္ျပန္ထားသည္။

အဆိုပါ စိုက္ခင္းမ်ားမွာ ေက်း႐ြာေပါင္း ၅၅ ႐ြာရွိ ေတာင္သူမ်ား၏ စိုက္ခင္းမ်ားျဖစ္သည္ဟု ဆိုသည္။

မင္းတုန္းၿမိဳ႕၏ ေတာင္ဘက္ျခမ္းေဒသျဖစ္သည့္ မဲဇလီ၊ သရက္အုပ္၊ ေရပုလဲေက်း႐ြာမ်ားရွိ စိုက္ကြင္းမ်ားတြင္ ႏွမ္း႐ိုးမည္းေစသည့္ မႈိေရာဂါတစ္မ်ိဳးေၾကာင့္ ေတာင္သူမ်ားက ကုသေဆးဖ်န္းၿပီးမွ ယခုကဲ့သို႔ ေရႀကီးမႈ ျဖစ္ လာသည့္အတြက္ ဆုံးရႈံးမႈ ႏွစ္ခါ ျဖစ္ရသည္ဟု ေတာင္သူမ်ားက ေျပာသည္။

ထိုေရႀကီးမႈေၾကာင့္ မဲဇလီေက်း႐ြာထဲရွိ အိမ္ေျခ ၂၀ ခန႔္ လည္း ယာယီေ႐ႊ႕ေျပာင္းခဲ့ၾကသည္ဟု ေတာင္သူမ်ားက ဆိုသည္။

ေရႀကီးေရလွ်ံမႈေၾကာင့္ မိုးစပါးဧက ၂၀၀၊ ႏွမ္း ၄၀၁၀ ဧက၊ မိုးေျမပဲ ၅၀၀ ဧက၊ ဖူးစားေျပာင္း ၁၄၀ ဧက၊ ဟင္း သီးဟင္း႐ြက္ ဧက ၂၀၀ တို႔ ပ်က္စီးဆုံးရႈံးခဲ့သည္ဟု သိရသည္။

မင္းတုန္းၿမိဳ႕နယ္သည္ ရခိုင္႐ိုးမႏွင့္ ဆက္စပ္ေနၿပီး ေတာေတာင္လွ်ိဳေျမာင္ ခ်ိဳင့္ဝွမ္းမ်ားျပားကာ မိုးဦးက် မုတ္သုံ ဝင္ခ်ိန္ သို႔မဟုတ္ မုန္တိုင္းရွိခ်ိန္မ်ားတြင္ ေခ်ာင္းေရမ်ားတက္ကာ ေရႀကီး ေရလွ်ံျဖစ္မည္ကို ေဒသခံမ်ားက စိုး ရိမ္ေနၾကသည္။

မင္းတုန္းၿမိဳ႕သည္ မိုးႏွမ္းအထြက္မ်ားေသာ အရပ္ေဒသတစ္ခုျဖစ္ၿပီး ေခ်ာင္းေဘးကိုင္းေျမမ်ားႏွင့္ ေတာင္ယာ စနစ္လည္း စိုက္ပ်ိဳးၾကရာ မိမိပိုင္ပုံစံ ၇ အမည္ေပါက္ ယာကို ၃ ႏွစ္ခန႔္ ေမြးၿပီး ခုတ္ထြင္ စိုက္ပ်ိဳးၾကသည္။

သစ္ေတာဦးစီးဌာန၏ အေျပာင္ရွင္း စီးပြားျဖစ္ ကြၽန္းစိုက္ခင္းစနစ္ျဖင့္ ေတာင္သူမ်ားမွ ရွင္းေပးၿပီး ကြၽန္းပင္စိုက္ ေပးၾကသည္။

သီးညႇပ္အျဖစ္ ႏွမ္း၊ ပဲစဥ္းငုံ၊ ဆင္ခရမ္းခ်ဥ္ အစရွိသည္တို႔ကို စိုက္ပ်ိဳးခြင့္ေပးေသာ နည္းျဖင့္စိုက္ၾကၿပီး ေ႐ႊ႕ ေျပာင္း ေတာင္ယာစနစ္ မလုပ္ၾကေၾကာင္း ဆိုသည္။

၂၀၁၈ ဇြန္လကျဖစ္ခဲ့ေသာ ေရႀကီးေရလွ်ံမႈက ယခုထက္ႀကီးမားၿပီး ပ်က္စီးဆုံးရႈံးမႈ ႀကီးမားကာ လူေနအိမ္မ်ား ပါေမ်ာပါသည့္ အထိ ျဖစ္ခဲ့ဘူးေၾကာင္း ေဒသခံမ်ားက ေျပာသည္။