မြစ်ကြီးနားမှ ဘူးဂါး လျှပ်စစ်ရုံး ဝန်ထမ်းများကို စစ်ကောင်စီ တပ်များ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘူးဂါးလျှပ်စစ်ရုံးအတွင်းက ဝန်ထမ်းခြောက်ဦးကို စစ်ကောင် စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့လိုက်ပြီ ဖြစ်သည်ဟု လျှပ်စစ်ရုံးတာဝန်ရှိသူက ပြောသည်။

ဩဂုတ်လ ၉ ရက်နေ့ ည ၁၂ နာရီခန့်က အာဏာသိမ်းစစ်ကောင်စီတပ်များက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေး ရွာရှိ ဘူးဂါးလျှပ်စစ်ရုံးအတွင်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်သည်။

ဘူးဂါးလျှပ်စစ်ရုံးတာဝန်ရှိသူတစ်ဦး က “ဟုတ်ပါတယ်၊ မနေ့ညက လာပြီးဖမ်းသွားတာပါ။ ဖမ်းသွားတာ ရုံးကလူ ၆ ယောက်ပါ။ သူတို့ရဲ့ ဖုန်းတွေကို စစ်ပြီးခေါ်သွားတာပါ။ ဘာလို့ ဖမ်းတယ်ဆိုတာတော့ ဘာမှ ပြောမသွားပါဘူး။ အစကတော့ ဝိုင်းမော်ရဲစခန်းမှာ ထားတယ်။ အခုတော့ မပခကို ပို့လိုက်ပြီလို့ ပြော တယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ပြောသည်။

မဒိန်ကျေးရွာအုပ်စု၊ ခကွန်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ရုံးဝန်းအတွင်း ဩဂုတ်လ ၉ ရက်နေ့ ညက စစ်ကောင် စီတပ်များက အင်အားလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ဧည့်စာရင်းများ စစ်ခြင်း၊ ဝန်ထမ်းများ၏ ဖုန်းများ ကို စစ်ခြင်းများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိ သူက ဆက်ပြောသည်။

“လာဖမ်းတာတော့ ရဲလည်း နှစ်ယောက် သုံးယောက်ပါတယ်။ နောက်ပြီး စစ်သားတွေပါတယ်။ စစ်သား တွေကတော့ ၁၀ ယောက်၊ ၁၅ ယောက်လောက်ရှိမယ်ထင်တယ်။ အဲ့ဒါ လာဝင်စစ်ပြီးတော့ ရုံးက ကလေး တွေ ကို ခေါ်သွားတာပါ။ အားလုံးကို ခေါ်သွားတာတော့ မဟုတ်ဘူး။ ရုံးမှာ အားလုံး ၁၃ ယောက်ရှိတဲ့ အထဲ ကနေ ၆ ယောက်ကို ခေါ်သွားတာပါ။”

ဖမ်းဆီးခံထားရသည့် လျှပ်စစ်ရုံးမှ ဝန်ထမ်း ၆ ဦးမှာ ကိုတိန့်ဇုန်း၊ ကိုဆင်ဝါးတူး၊ ကိုသန့်ဇင်မျိုး၊ ကိုခိုင်မျိုး သူ၊ ကိုရန်နိုင်လင်း နှင့် လုပ်အားပေး လုပ်ကိုင်နေသူ ကိုဆိုင်းဂူတို့ ဖြစ်သည်ဟု ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာအုပ်စု ခကွန်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းခြောက်ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဘူးဂါးလျှပ်စစ်ရုံးတာဝန်ရှိသူများက ၎င်းတို့ ၆ ဦး လွှတ်မြောက်ရေး လိုက်လံဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။

ဝိုင်းမော်ရဲစခန်းတာဝန်ရှိသူများက လက်ရှိတွင် ၎င်းတို့ ၆ ဦး အား စစ်ဆေးမေးမြန်းစရာများရှိသည့်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဆေးမှု များ ပြုလုပ်နေကြောင်း၊ အပြစ်မရှိပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။

မည်သည့် ကိစ္စရပ်များကြောင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ကို မသိ ရသေးကြောင်း၊ ဖမ်းဆီးခံထားရသူ ၆ ဦးမှာ ဘူးဂါးလျှပ်စစ်ရုံးအတွင်းမှ ဝန်ထမ်းများသာ ဖြစ်သည်ဟု လျှပ် စစ်ရုံးတာဝန်ရှိသူ က ပြောသည်။

ယခုရက်ပိုင်းအတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများထဲသို့ စစ်ကောင်စီ၏ တပ်ရင်းတစ်ရင်း ဖြစ် သည့် ခလရ ၅၈ တပ်ရင်းမှ တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာများထဲသို့ ည အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများထဲ လှည့်လည်သွားလာခြင်းများနှင့် စစ်ဆေး ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့သော ပစ်ခတ်မှုများ၊ စစ်ဆေးမှုများ ရက်သတ္တပတ် တစ်ပတ်ခန့် ပြုလုပ်ပြီးနောက် အဆိုပါဘူးဂါးလျှပ် စစ်ရုံးမှာ ဝန်ထမ်း ၆ ဦးကို ဩဂုတ်လ ၉ ရက်နေ့ ညက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဘူးဂါး ကုမ္ပဏီမှာ နှစ်ပေါင်းများ စွာ မြစ်ကြီးနားမြို့အား လျှပ်စစ်ဓါတ်အား ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။

*** ZAWGYI ***
ျမစ္ႀကီးနားမွ ဘူးဂါး လွ်ပ္စစ္႐ုံး ဝန္ထမ္းမ်ားကို စစ္ေကာင္စီ တပ္မ်ား ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၁ ရက္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ ဘူးဂါးလွ်ပ္စစ္႐ုံးအတြင္းက ဝန္ထမ္းေျခာက္ဦးကို စစ္ေကာင္ စီတပ္မ်ားက ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္သို႔ ပို႔လိုက္ၿပီ ျဖစ္သည္ဟု လွ်ပ္စစ္႐ုံးတာဝန္ရွိသူက ေျပာသည္။

ဩဂုတ္လ ၉ ရက္ေန႔ ည ၁၂ နာရီခန႔္က အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားက ဝိုင္းေမာ္ၿမိဳ႕နယ္၊ မဒိန္ေက်း ႐ြာရွိ ဘူးဂါးလွ်ပ္စစ္႐ုံးအတြင္း ဝင္ေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ယခုကဲ့သို႔ ဖမ္းဆီးေခၚေဆာင္ သြားျခင္း ျဖစ္သည္။

ဘူးဂါးလွ်ပ္စစ္႐ုံးတာဝန္ရွိသူတစ္ဦး က “ဟုတ္ပါတယ္၊ မေန႔ညက လာၿပီးဖမ္းသြားတာပါ။ ဖမ္းသြားတာ ႐ုံးကလူ ၆ ေယာက္ပါ။ သူတို႔ရဲ႕ ဖုန္းေတြကို စစ္ၿပီးေခၚသြားတာပါ။ ဘာလို႔ ဖမ္းတယ္ဆိုတာေတာ့ ဘာမွ ေျပာမသြားပါဘူး။ အစကေတာ့ ဝိုင္းေမာ္ရဲစခန္းမွာ ထားတယ္။ အခုေတာ့ မပခကို ပို႔လိုက္ၿပီလို႔ ေျပာ တယ္။ အေသးစိတ္ေတာ့ မသိေသးဘူး” ဟု ေျပာသည္။

မဒိန္ေက်း႐ြာအုပ္စု၊ ခကြန္ရပ္ကြက္ရွိ ဘူးဂါးလွ်ပ္စစ္႐ုံးဝန္းအတြင္း ဩဂုတ္လ ၉ ရက္ေန႔ ညက စစ္ေကာင္ စီတပ္မ်ားက အင္အားလုံးအရင္းျဖင့္ ဝင္ေရာက္လာၿပီး ဧည့္စာရင္းမ်ား စစ္ျခင္း၊ ဝန္ထမ္းမ်ား၏ ဖုန္းမ်ား ကို စစ္ျခင္းမ်ား ျပဳလုပ္ၿပီးေနာက္ ယခုကဲ့သို႔ ဖမ္းဆီးေခၚေဆာင္သြားျခင္း ျဖစ္သည္ဟု အထက္ပါ တာဝန္ရွိ သူက ဆက္ေျပာသည္။

“လာဖမ္းတာေတာ့ ရဲလည္း ႏွစ္ေယာက္ သုံးေယာက္ပါတယ္။ ေနာက္ၿပီး စစ္သားေတြပါတယ္။ စစ္သား ေတြကေတာ့ ၁၀ ေယာက္၊ ၁၅ ေယာက္ေလာက္ရွိမယ္ထင္တယ္။ အဲ့ဒါ လာဝင္စစ္ၿပီးေတာ့ ႐ုံးက ကေလး ေတြ ကို ေခၚသြားတာပါ။ အားလုံးကို ေခၚသြားတာေတာ့ မဟုတ္ဘူး။ ႐ုံးမွာ အားလုံး ၁၃ ေယာက္ရွိတဲ့ အထဲ ကေန ၆ ေယာက္ကို ေခၚသြားတာပါ။”

ဖမ္းဆီးခံထားရသည့္ လွ်ပ္စစ္႐ုံးမွ ဝန္ထမ္း ၆ ဦးမွာ ကိုတိန႔္ဇုန္း၊ ကိုဆင္ဝါးတူး၊ ကိုသန႔္ဇင္မ်ိဳး၊ ကိုခိုင္မ်ိဳး သူ၊ ကိုရန္ႏိုင္လင္း ႏွင့္ လုပ္အားေပး လုပ္ကိုင္ေနသူ ကိုဆိုင္းဂူတို႔ ျဖစ္သည္ဟု ေျပာသည္။

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕ မဒိန္ေက်း႐ြာအုပ္စု ခကြန္ရပ္ကြက္ရွိ ဘူးဂါးလွ်ပ္စစ္႐ုံးမွ ဝန္ထမ္းေျခာက္ဦးကို ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္သို႔ ပို႔လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ဘူးဂါးလွ်ပ္စစ္႐ုံးတာဝန္ရွိသူမ်ားက ၎တို႔ ၆ ဦး လႊတ္ေျမာက္ေရး လိုက္လံေဆာင္႐ြက္လွ်က္ရွိသည္ဟု ဆိုသည္။

ဝိုင္းေမာ္ရဲစခန္းတာဝန္ရွိသူမ်ားက လက္ရွိတြင္ ၎တို႔ ၆ ဦး အား စစ္ေဆးေမးျမန္းစရာမ်ားရွိသည့္အတြက္ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တြင္ စစ္ေဆးမႈ မ်ား ျပဳလုပ္ေနေၾကာင္း၊ အျပစ္မရွိပါက ျပန္လႊတ္ေပးမည္ျဖစ္ေၾကာင္း ေျပာသည္ဟု ဆိုသည္။

မည္သည့္ ကိစၥရပ္မ်ားေၾကာင့္ ယခုကဲ့သို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ကို မသိ ရေသးေၾကာင္း၊ ဖမ္းဆီးခံထားရသူ ၆ ဦးမွာ ဘူးဂါးလွ်ပ္စစ္႐ုံးအတြင္းမွ ဝန္ထမ္းမ်ားသာ ျဖစ္သည္ဟု လွ်ပ္ စစ္႐ုံးတာဝန္ရွိသူ က ေျပာသည္။

ယခုရက္ပိုင္းအတြင္ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားထဲသို႔ စစ္ေကာင္စီ၏ တပ္ရင္းတစ္ရင္း ျဖစ္ သည့္ ခလရ ၅၈ တပ္ရင္းမွ တိုက္ပြဲမ်ား တစ္စုံတစ္ရာ ျဖစ္ပြားျခင္းမရွိေသာ္လည္း ေက်း႐ြာမ်ားထဲသို႔ ည အခ်ိန္တြင္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္း၊ ေက်း႐ြာမ်ားထဲ လွည့္လည္သြားလာျခင္းမ်ားႏွင့္ စစ္ေဆး ျခင္းမ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ထိုသို႔ေသာ ပစ္ခတ္မႈမ်ား၊ စစ္ေဆးမႈမ်ား ရက္သတၱပတ္ တစ္ပတ္ခန႔္ ျပဳလုပ္ၿပီးေနာက္ အဆိုပါဘူးဂါးလွ်ပ္ စစ္႐ုံးမွာ ဝန္ထမ္း ၆ ဦးကို ဩဂုတ္လ ၉ ရက္ေန႔ ညက ဖမ္းဆီးေခၚေဆာင္သြားျခင္း ျဖစ္သည္။

ဘူးဂါး ကုမၸဏီမွာ ႏွစ္ေပါင္းမ်ား စြာ ျမစ္ႀကီးနားၿမိဳ႕အား လွ်ပ္စစ္ဓါတ္အား ေပးေနသည့္ ကုမၸဏီ ျဖစ္သည္။