လူငယ်များ ခုန်ချခဲ့သည့် ဖြစ်စဉ်တွင် ပတ်သက်သည့် “ဒလန်” ဆိုသူအား PDF သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။

ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၄ လမ်းရှိတိုက်ခန်းတစ်ခုအား စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့သဖြင့် လူငယ်အချို့ အထပ်မြင့် တိုက်ပေါ်မှ ခုန်ချထွက်ပြေးစဉ် သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူကို လှိုင်သာယာ PDF က သြဂုတ်လ ၁၁ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသတင်းပေးဒလန်အတွက် ကျည်ဆံသုံးတောင့်နှင့် သတိပေးစာတွင် “ကောင်းကင်ပေါ်ကကြယ်က နောက်ဖေးလမ်း ကြားမှာတောက်မယ်လို့ မထင်ထားဘူး။ ကျနော်တို့ ခလေးတွေရဲ့ မိဘတွေ ငိုကြွေးသံက မင်း တို့အတွက် ကျည်ဆံဖြစ်စေရမယ်။ မအေ- ဒလန် လွတ်အောင်ပြေးထား။ မင်းကိုစိန်ခေါ် တယ်။ မင်းမိသားစုပါ တွေ့အောင်ရှာပြမယ်။ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လုပ်ပြမယ်”ဟု ရေးသားထားသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး နောက်တွင် စစ်ကောင်စီ သတင်းပေးဒလန် ဆိုသူနှင့်မိသားစုပုံမှာ လူမှုကွန်ရက် စာ မျက်နှာပေါ်တွင် ပြန့်နှံ့လာခဲ့ ပြီးနောက် လှိုင်သာယာ PDF ကကျည်ဆံ ၃ တောင့်နှင့် အတူ သတိပေးစာထုတ် ပြန် ခဲ့ခြင်း ဖြစ်သည်။

အထပ်မြင့်တိုက်ပေါ်မှ လူငယ်အချို့ ခုန်ချထွက်ပြေးစဉ် သေဆုံးခဲ့ရမှုတွင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရကာ ၃ ဦး ကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီသတင်းပြန်ကြားရေးက သြဂုတ်လ ၁၁ ရက်မှာပင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် ၄၄ လမ်း၊ တိုက်အမှတ် ၁၆၊ ၄ လွှာတွင် ဖောက်ခွဲရေးပစ္စည်းလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားသည်ဟု သတင်းရသဖြင့် ရှာဖွေခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ရှာဖွေစဉ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို လက်လုပ်ဗုံး၊ ယမ်းပျော့၊ ဗျောက်အိုး အပါအဝင် ဆက်စပ်ပစ္စည်း များဖမ်းမိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခန်းအတွင်းရှိ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ရှာဖွေဖမ်းဆီးစစ်ဆေးမှုကို မခံယူဘဲ တိုက်ခန်း ၃ လွှာ အနောက်ဘက် ပြတင်းပေါက်မှ ခုန်ချစဉ် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ်ကြမ်းခင်းပေါ် ပြုတ်ကျပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကာ ကျန်အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ခြင်း ကြောင့် တပ်မတော်ဆေးရုံသို့ ပို့ထားကြောင်း စစ်ကောင်စီဖက်က သတင်းထုတ် ပြန်ထားပါသည်။

စစ်ကောင်စီဖက်က သေဆုံးသူ ၂ ဦးရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း တိုက်ပေါ်မှ ခုန်ချထွက်ပြေးခဲ့သူ များနှင့်နီးစပ်သူများက ၅ ဦးသေဆုံးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားနေ ကြသည်။

*** ZAWGYI ***
လူငယ္မ်ား ခုန္ခ်ခဲ့သည့္ ျဖစ္စဥ္တြင္ ပတ္သက္သည့္ “ဒလန္” ဆိုသူအား PDF သတိေပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၂ ရက္။

ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ ၄၄ လမ္းရွိတိုက္ခန္းတစ္ခုအား စစ္ေကာင္စီက ဝင္ေရာက္စီးနင္းခဲ့သျဖင့္ လူငယ္အခ်ိဳ႕ အထပ္ျမင့္ တိုက္ေပၚမွ ခုန္ခ်ထြက္ေျပးစဥ္ ေသဆုံးခဲ့ရသည့္ ျဖစ္စဥ္တြင္ ပါဝင္ပတ္သက္ခဲ့သည့္ စစ္ေကာင္စီ သတင္းေပး ဒလန္ဆိုသူကို လႈိင္သာယာ PDF က ၾသဂုတ္လ ၁၁ ရက္တြင္ သတိေပးစာ ထုတ္ျပန္ခဲ့သည္။

စစ္ေကာင္စီသတင္းေပးဒလန္အတြက္ က်ည္ဆံသုံးေတာင့္ႏွင့္ သတိေပးစာတြင္ “ေကာင္းကင္ေပၚကၾကယ္က ေနာက္ေဖးလမ္း ၾကားမွာေတာက္မယ္လို႔ မထင္ထားဘူး။ က်ေနာ္တို႔ ခေလးေတြရဲ႕ မိဘေတြ ငိုေႂကြးသံက မင္း တို႔အတြက္ က်ည္ဆံျဖစ္ေစရမယ္။ မေအ- ဒလန္ လြတ္ေအာင္ေျပးထား။ မင္းကိုစိန္ေခၚ တယ္။ မင္းမိသားစုပါ ေတြ႕ေအာင္ရွာျပမယ္။ က်ဴပင္ခုတ္ က်ဴငုတ္မက်န္ေအာင္ လုပ္ျပမယ္”ဟု ေရးသားထားသည္။

အဆိုပါျဖစ္စဥ္ ျဖစ္ပြားၿပီး ေနာက္တြင္ စစ္ေကာင္စီ သတင္းေပးဒလန္ ဆိုသူႏွင့္မိသားစုပုံမွာ လူမႈကြန္ရက္ စာ မ်က္ႏွာေပၚတြင္ ျပန႔္ႏွံ႔လာခဲ့ ၿပီးေနာက္ လႈိင္သာယာ PDF ကက်ည္ဆံ ၃ ေတာင့္ႏွင့္ အတူ သတိေပးစာထုတ္ ျပန္ ခဲ့ျခင္း ျဖစ္သည္။

အထပ္ျမင့္တိုက္ေပၚမွ လူငယ္အခ်ိဳ႕ ခုန္ခ်ထြက္ေျပးစဥ္ ေသဆုံးခဲ့ရမႈတြင္ ၂ ဦးေသဆုံးၿပီး ၃ ဦးဒဏ္ရာရကာ ၃ ဦး ကို ဖမ္းဆီးခဲ့ေၾကာင္း စစ္ေကာင္စီသတင္းျပန္ၾကားေရးက ၾသဂုတ္လ ၁၁ ရက္မွာပင္ သတင္းထုတ္ျပန္ခဲ့သည္။

စစ္ေကာင္စီ သတင္းထုတ္ျပန္ခ်က္တြင္ ၄၄ လမ္း၊ တိုက္အမွတ္ ၁၆၊ ၄ လႊာတြင္ ေဖာက္ခြဲေရးပစၥည္းလုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္းမ်ား သိုဝွက္သိမ္းဆည္းထားသည္ဟု သတင္းရသျဖင့္ ရွာေဖြခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ထိုသို႔ရွာေဖြစဥ္ အမ်ိဳးသား ၂ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦးတို႔ကို လက္လုပ္ဗုံး၊ ယမ္းေပ်ာ့၊ ေဗ်ာက္အိုး အပါအဝင္ ဆက္စပ္ပစၥည္း မ်ားဖမ္းမိခဲ့သည္ဟု ေဖာ္ျပထားသည္။

အဆိုပါ တိုက္ခန္းအတြင္းရွိ အမ်ိဳးသား ၄ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦးတို႔သည္ ရွာေဖြဖမ္းဆီးစစ္ေဆးမႈကို မခံယူဘဲ တိုက္ခန္း ၃ လႊာ အေနာက္ဘက္ ျပတင္းေပါက္မွ ခုန္ခ်စဥ္ တိုက္ခန္းေအာက္ေျခရွိ ကြန္ကရစ္ၾကမ္းခင္းေပၚ ျပဳတ္က်ၿပီး အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး တစ္ဦးေသဆုံးခဲ့ကာ က်န္အမ်ိဳးသား ၃ ဦးဒဏ္ရာရရွိခဲ့ျခင္း ေၾကာင့္ တပ္မေတာ္ေဆး႐ုံသို႔ ပို႔ထားေၾကာင္း စစ္ေကာင္စီဖက္က သတင္းထုတ္ ျပန္ထားပါသည္။

စစ္ေကာင္စီဖက္က ေသဆုံးသူ ၂ ဦးရွိသည္ဟု သတင္းထုတ္ျပန္ခဲ့ေသာ္လည္း တိုက္ေပၚမွ ခုန္ခ်ထြက္ေျပးခဲ့သူ မ်ားႏွင့္နီးစပ္သူမ်ားက ၅ ဦးေသဆုံးခဲ့ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေရးသားေန ၾကသည္။