ကယားပြည်နယ်တွင် တိုက်ပွဲများ ဖြစ်၊ စစ်ကောင်စီ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သားများ ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။

ကယားပြည်နယ်(ကရင်နီပြည်နယ်) ဖရူဆိုမြို့နယ်အတွင်း ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာ ကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများနှင့် KNDF တာဝန်ရှိသူက ပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့ (ယနေ့) ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်ကြားရှိ ကျေး ရွာနှစ်ရွာ က ဒေသခံ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိ သူတစ်ဦး က ပြောသည်။

“တိုက်ပွဲက ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နှစ်မြို့ကြားမှာ ဖြစ်တာ။ တိုက်ပွဲကတော့ မနက် ၁၁ နာရီ ၄၀ လောက် စဖြစ် တာ။ ဆိုတော့ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေ ရမ်းသန်းပစ်တော့ ရွာသူတစ်ယောက် ပေါင်ထိ တယ်။ နောက်ရွာသားအမျိုးသား တစ်ယောက်က လက်မောင်းမှာထိတယ်။ လက်နက်ကြီးထိတာပေါ့၊ ကျနော် တို့ တပ်က ပစ်တာမဟုတ်ပါဘူး။”

အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က ပြည်သူများနေထိုင်သည့် ရွာများဘက်ကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် သည်ဟု ပြောသည်။ ထို့အပြင် နေအိမ်အချို့လည်း ပျက်စီးကုန်သည်ဟု ဒေသခံများ က ပြောသည်။

ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာ ကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ အကြား ယနေ့တစ်ရက်တည်းတွင် နေရာနှစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNDF တာဝန်ရှိသူ က ပြောသည်။

“ဒီနေ့က သိသလောက်ဆိုရင် နှစ်နေရာဖြစ်တာဗျ။ တံတားလမ်းနားဆိုတဲ့ရွာ တစ်နေရာရယ်၊ ကျနော်တို့ ဒီဘက် နောက်ရွာတစ်ရွာရယ် ဘာခူလားမသိဘူး၊ နာမည်က အဲ့နားမှာ တစ်နေရာရယ်၊ ဖြစ်တယ်။ နှစ်နေရာဖြစ်တာ၊ သဘောကတော့ ဒီနေ့တိုက်ပွဲဖြစ်တာ တစ်ရက်တည်းမှာ နှစ်နေရာ ခွဲဖြစ်တာ။ KA နဲ့ KNDF နဲ့ ပူးပေါင်းပြီး တော့ တိုက်တာ” ဟု ပြောသည်။

ယနေ့ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ကျဆုံးမှုအချို့ရှိပြီး KA၊ KNDF ပူးပေါင်းတပ် များအနေဖြင့် လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု ပြောသည်။

ကယား(ကရင်နီ) ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ အင်အားတိုးချဲ့နေမှုများနှင့် ပတ်သက်၍ “တကယ်တမ်း ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စစ်ကောင်စီက ကျနော်တို့ရဲ့ဒေသထဲကို အင်အားအလုံးအရင်းနဲ့ ဝင်လာတယ်။ မနေ့ညဆိုရင် သုံးလေးရာလောက် ဝင်လာတယ်။ တောင်ကြီးဘက်ကနေ။ နေ့တိုင်းလိုလို စစ်ကူတွေ ရိက္ခာတွေ ပို့ပို့နေကြတယ် သူတို့ကလေ။ ဆိုတော့ ဒီအနေအထားကတော့ ကျနော်တို့ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ဖို့ ရှိတယ်ဆိုတဲ့ အရိပ်အယောင်ပြလိုက်တဲ့ သဘောမျိုးပါပဲ။ ပြောရရင်တော့ တိုက်ပွဲတွေ အပြင်းအ ထန်ဆက်ဖြစ်လာမယ် အဓိပ္ပာယ်ပါပဲ။ ဒီးမော့ဆိုနဲ့ ဖရူဆိုနဲ့က အင်အားအလုံးအရင်းနဲ့ ဝင်လာတယ်လို့ သိရ တယ်ဗျ” ဟု KNDF တာဝန်ရှိသူ က ပြောသည်။

ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်ထဲ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့မှုများ ပြုလုပ်နေ သကဲ့သို့ ဩဂုတ်လဆန်းမှ ယနေ့အချိန်ထိ ကယား(ကရင်နီ) ပြည်နယ်ထဲတွင် တိုက်ပွဲအကြိမ်ရေ ၂၀ နီးပါးခန့် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု KNDF က ပြောသည်။

စစ်ကောင်စီတပ်ဘက်က ကယားပြည်နယ်ထဲတွင် တောက်လျှောက် စစ်အင်အားတိုးချဲ့ ဖြည့်တင်းနေသည့် အတွက် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသား ကာ ကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်ဖွဲ့များနှင့် မကြာ ခဏ ပစ်ခတ်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဓါတ်ပုံ – CJ

*** ZAWGYI ***
ကယားျပည္နယ္တြင္ တိုက္ပြဲမ်ား ျဖစ္၊ စစ္ေကာင္စီ၏ ရမ္းသန္း ပစ္ခတ္မႈေၾကာင့္ အရပ္သားမ်ား ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၂ ရက္။

ကယားျပည္နယ္(ကရင္နီျပည္နယ္) ဖ႐ူဆိုၿမိဳ႕နယ္အတြင္း ကရင္နီတပ္မေတာ္ (KA)၊ ကရင္နီအမ်ိဳးသား ကာ ကြယ္ေရးတပ္ (KNDF) ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး ေဒသခံ ႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားႏွင့္ KNDF တာဝန္ရွိသူက ေျပာသည္။

ဩဂုတ္လ ၁၂ ရက္ေန႔ (ယေန႔) ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအတြင္း စစ္ေကာင္စီ၏ ရမ္းသန္း ပစ္ခတ္မႈေၾကာင့္ ဒီးေမာ့ဆိုႏွင့္ ဖ႐ူဆိုၿမိဳ႕နယ္ၾကားရွိ ေက်း ႐ြာႏွစ္႐ြာ က ေဒသခံ ႏွစ္ေယာက္ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ကရင္နီ အမ်ိဳးသား ကာကြယ္ေရးတပ္ (KNDF) တာဝန္ရွိ သူတစ္ဦး က ေျပာသည္။

“တိုက္ပြဲက ဒီးေမာ့ဆိုနဲ႔ ဖ႐ူဆိုၿမိဳ႕ႏွစ္ၿမိဳ႕ၾကားမွာ ျဖစ္တာ။ တိုက္ပြဲကေတာ့ မနက္ ၁၁ နာရီ ၄၀ ေလာက္ စျဖစ္ တာ။ ဆိုေတာ့ စစ္ေကာင္စီဘက္ကေတာ့ လက္နက္ႀကီးေတြ ရမ္းသန္းပစ္ေတာ့ ႐ြာသူတစ္ေယာက္ ေပါင္ထိ တယ္။ ေနာက္႐ြာသားအမ်ိဳးသား တစ္ေယာက္က လက္ေမာင္းမွာထိတယ္။ လက္နက္ႀကီးထိတာေပါ့၊ က်ေနာ္ တို႔ တပ္က ပစ္တာမဟုတ္ပါဘူး။”

အာဏာသိမ္း စစ္ေကာင္စီတပ္ဘက္က ျပည္သူမ်ားေနထိုင္သည့္ ႐ြာမ်ားဘက္ကို လက္နက္ႀကီး၊ လက္နက္ ငယ္မ်ားျဖင့္ ဆက္တိုက္ ရမ္းသမ္းပစ္ခတ္ခဲ့သည့္အတြက္ ယခုကဲ့သို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ သည္ဟု ေျပာသည္။ ထို႔အျပင္ ေနအိမ္အခ်ိဳ႕လည္း ပ်က္စီးကုန္သည္ဟု ေဒသခံမ်ား က ေျပာသည္။

ကရင္နီတပ္မေတာ္ (KA)၊ ကရင္နီအမ်ိဳးသား ကာ ကြယ္ေရးတပ္ (KNDF) ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီ တပ္တို႔ အၾကား ယေန႔တစ္ရက္တည္းတြင္ ေနရာႏွစ္ေနရာ၌ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု KNDF တာဝန္ရွိသူ က ေျပာသည္။

“ဒီေန႔က သိသေလာက္ဆိုရင္ ႏွစ္ေနရာျဖစ္တာဗ်။ တံတားလမ္းနားဆိုတဲ့႐ြာ တစ္ေနရာရယ္၊ က်ေနာ္တို႔ ဒီဘက္ ေနာက္႐ြာတစ္႐ြာရယ္ ဘာခူလားမသိဘူး၊ နာမည္က အဲ့နားမွာ တစ္ေနရာရယ္၊ ျဖစ္တယ္။ ႏွစ္ေနရာျဖစ္တာ၊ သေဘာကေတာ့ ဒီေန႔တိုက္ပြဲျဖစ္တာ တစ္ရက္တည္းမွာ ႏွစ္ေနရာ ခြဲျဖစ္တာ။ KA နဲ႔ KNDF နဲ႔ ပူးေပါင္းၿပီး ေတာ့ တိုက္တာ” ဟု ေျပာသည္။

ယေန႔ျဖစ္ပြားခဲ့သည့္ အဆိုပါတိုက္ပြဲတြင္ စစ္ေကာင္စီတပ္က က်ဆုံးမႈအခ်ိဳ႕ရွိၿပီး KA၊ KNDF ပူးေပါင္းတပ္ မ်ားအေနျဖင့္ လက္နက္အခ်ိဳ႕လည္း သိမ္းဆည္းရမိခဲ့သည္ဟု ေျပာသည္။

ကယား(ကရင္နီ) ျပည္နယ္အတြင္း စစ္ေကာင္စီတပ္၏ အင္အားတိုးခ်ဲ႕ေနမႈမ်ားႏွင့္ ပတ္သက္၍ “တကယ္တမ္း ဒီတစ္ရက္ႏွစ္ရက္အတြင္းမွာ စစ္ေကာင္စီက က်ေနာ္တို႔ရဲ႕ေဒသထဲကို အင္အားအလုံးအရင္းနဲ႔ ဝင္လာတယ္။ မေန႔ညဆိုရင္ သုံးေလးရာေလာက္ ဝင္လာတယ္။ ေတာင္ႀကီးဘက္ကေန။ ေန႔တိုင္းလိုလို စစ္ကူေတြ ရိကၡာေတြ ပို႔ပို႔ေနၾကတယ္ သူတို႔ကေလ။ ဆိုေတာ့ ဒီအေနအထားကေတာ့ က်ေနာ္တို႔ျပည္နယ္မွာ တိုက္ပြဲေတြ ဆက္လက္ ျပင္းထန္ဖို႔ ရွိတယ္ဆိုတဲ့ အရိပ္အေယာင္ျပလိုက္တဲ့ သေဘာမ်ိဳးပါပဲ။ ေျပာရရင္ေတာ့ တိုက္ပြဲေတြ အျပင္းအ ထန္ဆက္ျဖစ္လာမယ္ အဓိပၸာယ္ပါပဲ။ ဒီးေမာ့ဆိုနဲ႔ ဖ႐ူဆိုနဲ႔က အင္အားအလုံးအရင္းနဲ႔ ဝင္လာတယ္လို႔ သိရ တယ္ဗ်” ဟု KNDF တာဝန္ရွိသူ က ေျပာသည္။

ဒီးေမာ့ဆိုႏွင့္ ဖ႐ူဆိုၿမိဳ႕နယ္ထဲ ယခုရက္ပိုင္းအတြင္း စစ္ေကာင္စီတပ္ဘက္က အင္အားတိုးခ်ဲ႕မႈမ်ား ျပဳလုပ္ေန သကဲ့သို႔ ဩဂုတ္လဆန္းမွ ယေန႔အခ်ိန္ထိ ကယား(ကရင္နီ) ျပည္နယ္ထဲတြင္ တိုက္ပြဲအႀကိမ္ေရ ၂၀ နီးပါးခန႔္ ျဖစ္ပြားခဲ့ၿပီး ျဖစ္သည္ဟု KNDF က ေျပာသည္။

စစ္ေကာင္စီတပ္ဘက္က ကယားျပည္နယ္ထဲတြင္ ေတာက္ေလွ်ာက္ စစ္အင္အားတိုးခ်ဲ႕ ျဖည့္တင္းေနသည့္ အတြက္ ကရင္နီတပ္မေတာ္(KA)၊ ကရင္နီအမ်ိဳးသား ကာ ကြယ္ေရးတပ္(KNDF) ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္ မၾကာ ခဏ ပစ္ခတ္မႈမ်ား၊ တိုက္ပြဲမ်ား ျဖစ္ပြားေနရျခင္း ျဖစ္သည္ဟု ဆိုသည္။

ဓါတ္ပုံ – CJ