ရှမ်းမြောက် တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် ရွာသား ၃၀၀ ကျော် ထွက်ပြေးရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ထဲတွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် ဒေသခံရွာသား ၃၀၀ ကျော်ခန့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်း ၆ နာရီအချိန်ခန့်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား သီပေါမြို့နယ် နမ့်လန်မြို့၊ ကုန်းကော်ကျေးရွာအုပ်စုထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ သီပေါမြို့က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောသည်။

“တိုက်ပွဲဖြစ်တာက မနေ့ကပါ၊ မနေ့ကဖြစ်တာပါ။ အတည်ပြုလို့ရပါတယ်။ ပစ်ခတ်သံတွေကြားတယ်။ တိုက် ပွဲဖြစ်တာ သေချာပါတယ်။ ခက်တာကလေ အဲ့ဒီဘက်က သွားရလာရတာ နည်းနည်းခက်တယ်။ စစ်ရှောင်တွေ ပြေးရတာတော့ ရှိတယ်။ ဘယ်လောက်လဲဆိုတော့ အတိအကျမသိရသေး ဘူး။ ကိုဗစ်နဲ့ ဘာနဲ့ဆိုတော့ အပြင် ထွက်ဖို့လည်း ခက်တယ်လေနော်။ အခုဖြစ်တဲ့နေရာဘက်က မဟာမိတ်အဖွဲ့ တွေရှိတယ်။ နောက်ပြီး RCSS လည်းရှိတယ်” ဟု ၎င်းက ပြောသည်။

နမ့်လန်မြို့က ဒေသခံတစ်ဦး က တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “ကျနော်တို့သိတာကတော့ ရှမ်းနှစ်ဖွဲ့ဖြစ် တာလို့ သိရတယ်။ မနေ့ကပဲဖြစ်တာမဟုတ်ဘူး။ ဒီမှာက အခုရက်ပိုင်း ဆက်တိုက်ပစ်နေကြတာ။ နှစ်ရက် သုံး ရက်တောင်မကတော့ဘူးပဲ။ ကျနော်တို့ ရှမ်းအချင်းချင်းဖြစ်နေတာ။ သိပ်မပြောချင်ပါဘူးဗျာ။ ဝမ်းစိမ်းမဟုတ် ဘူး ကုန်းကော်ကျေးရွာအုပ်စု၊ အဲ့ဘက်ကို မန်ကျောင်း နီလို့ခေါ်တယ်။ ကုန်းကော်ကျေးရွာအုပ်စု၊ လွယ်လုံရွာ နားဘက်မှာ ဖြစ်တာ” ဟု ပြောသည်။

ကုန်းကျော်ကျေးရွာအုပ်စုထဲက သက်ကြီးရွယ်အိုများ၊ လသားအရွယ်ကလေးငယ်များအပြင် အမျိုးသမီးများ စုစုပေါင်း ရွာသား ၃၀၀ ကျော်ခန့် က ၎င်းတို့ နေထိုင်သည့် ကျေးရွာများအနီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား လာသည့်အတွက် ကုန်းကျော် ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

COVID-19 ကပ်ရောဂါ ကူးစက်မှုများကြောင့် ကန့်သတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အပြင် မြေပြင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ယနေနေ့အချိန်ထိ တည်ငြိမ်မှု မရှိသေးသည့်အတွက် စစ် ရှောင်များကို သွားရောက် ကူညီရန် လမ်းကြောင်းတွင် အခက်အခဲများ ရှိနေသည်ဟု အကူအညီပေးနေသူ တစ် ဦး က ပြောသည်။

“အဲ့ဘက်က သွားရလာရတာ အရမ်းခက်တယ်။ အခုက ကိုဗစ်ကန့်သတ်မှုကြောင့် လည်းပါတယ် သူတို့ဆီသွား လို့မရတာက။ နောက်ပြီး တိုက်ပွဲကလည်း ဖြစ်နေသေးတော့ အဲ့ဒီဘက်က လမ်းကြောင်းက သွားလို့မရဘူး။ လမ်းကြောင်းလည်း နည်းနည်းခက်တယ် အဲ့ဒီဘက်က။ သူက လမ်းဆုံးဖြစ်နေတာလေ။ လမ်းဆုံးဖြစ်နေတယ် ဆိုတာက ဟိုဘက်က ချောင်းရှိတယ်။ ချောင်းလည်းမဆိုသလောက်လေးကြီးတယ်၊ အဲ့တော့ ကူးဖို့လည်း မဖြစ် နိုင်ဘူး။ အပိတ်ဖြစ်နေတာ။ သွားဖို့လည်းမလွယ်ဘူး။ ကိုဗစ်ကြောင့်လည်း ပါတာပေါ့ဗျာ။ ဒီမှာက Stay at Home ကြေညာထားတာ။ ဘယ်သူမှ မသွားလာရဲကြဘူး။”

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားက အဆိုပါ တိုက်ပွဲကြောင့် ကုန်းကျော်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးတိမ်း ရှောင် နေကြသည့် ဒေသခံ ရွာသား ၃၀၀ ကျော်၏ စားဝတ်နေရေးအတွက် ရွာသားအချင်းချင်းကပဲ ကူညီပေးနေ ကြရသည်ဟု ဆိုသည်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား ယနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် နေရပ်ပြန်ရေး မဖြစ်နိုင် သေးသည့်အပြင် စစ်ရှောင်များထဲတွင် သက်ကြီးရွယ်အိုများနှင့် လသားအရွယ် ကလေးငယ်များလည်း ပါလာ သည့်အတွက် လက်ရှိတွင် နေထိုင်စားသောက်ရေးအတွက် အခက်အခဲများရှိနေသည်ဟု ဒေသခံများ က ပြော သည်။

ဓါတ်ပုံ – CJ

*** ZAWGYI ***
ရွမ္းေျမာက္ တြင္ ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ တိုက္ပြဲေၾကာင့္ ႐ြာသား ၃၀၀ ေက်ာ္ ထြက္ေျပးရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၂ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ထဲတြင္ ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္ အတြက္ ေဒသခံ႐ြာသား ၃၀၀ ေက်ာ္ခန႔္ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဩဂုတ္လ ၁၁ ရက္ေန႔ နံနက္ပိုင္း ၆ နာရီအခ်ိန္ခန႔္တြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA တို႔အၾကား သီေပါၿမိဳ႕နယ္ နမ့္လန္ၿမိဳ႕၊ ကုန္းေကာ္ေက်း႐ြာအုပ္စုထဲတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ၂၀၂၀ ေ႐ြးေကာက္ပြဲ အႏိုင္ရ သီေပါၿမိဳ႕က အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦး က ေျပာသည္။

“တိုက္ပြဲျဖစ္တာက မေန႔ကပါ၊ မေန႔ကျဖစ္တာပါ။ အတည္ျပဳလို႔ရပါတယ္။ ပစ္ခတ္သံေတြၾကားတယ္။ တိုက္ ပြဲျဖစ္တာ ေသခ်ာပါတယ္။ ခက္တာကေလ အဲ့ဒီဘက္က သြားရလာရတာ နည္းနည္းခက္တယ္။ စစ္ေရွာင္ေတြ ေျပးရတာေတာ့ ရွိတယ္။ ဘယ္ေလာက္လဲဆိုေတာ့ အတိအက်မသိရေသး ဘူး။ ကိုဗစ္နဲ႔ ဘာနဲ႔ဆိုေတာ့ အျပင္ ထြက္ဖို႔လည္း ခက္တယ္ေလေနာ္။ အခုျဖစ္တဲ့ေနရာဘက္က မဟာမိတ္အဖြဲ႕ ေတြရွိတယ္။ ေနာက္ၿပီး RCSS လည္းရွိတယ္” ဟု ၎က ေျပာသည္။

နမ့္လန္ၿမိဳ႕က ေဒသခံတစ္ဦး က တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ “က်ေနာ္တို႔သိတာကေတာ့ ရွမ္းႏွစ္ဖြဲ႕ျဖစ္ တာလို႔ သိရတယ္။ မေန႔ကပဲျဖစ္တာမဟုတ္ဘူး။ ဒီမွာက အခုရက္ပိုင္း ဆက္တိုက္ပစ္ေနၾကတာ။ ႏွစ္ရက္ သုံး ရက္ေတာင္မကေတာ့ဘူးပဲ။ က်ေနာ္တို႔ ရွမ္းအခ်င္းခ်င္းျဖစ္ေနတာ။ သိပ္မေျပာခ်င္ပါဘူးဗ်ာ။ ဝမ္းစိမ္းမဟုတ္ ဘူး ကုန္းေကာ္ေက်း႐ြာအုပ္စု၊ အဲ့ဘက္ကို မန္ေက်ာင္း နီလို႔ေခၚတယ္။ ကုန္းေကာ္ေက်း႐ြာအုပ္စု၊ လြယ္လုံ႐ြာ နားဘက္မွာ ျဖစ္တာ” ဟု ေျပာသည္။

ကုန္းေက်ာ္ေက်း႐ြာအုပ္စုထဲက သက္ႀကီး႐ြယ္အိုမ်ား၊ လသားအ႐ြယ္ကေလးငယ္မ်ားအျပင္ အမ်ိဳးသမီးမ်ား စုစုေပါင္း ႐ြာသား ၃၀၀ ေက်ာ္ခန႔္ က ၎တို႔ ေနထိုင္သည့္ ေက်း႐ြာမ်ားအနီး တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ပြား လာသည့္အတြက္ ကုန္းေက်ာ္ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။

COVID-19 ကပ္ေရာဂါ ကူးစက္မႈမ်ားေၾကာင့္ ကန႔္သတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ား အျပင္ ေျမျပင္တြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား၊ စစ္ေရးတင္းမာမႈမ်ား ယေနေန႔အခ်ိန္ထိ တည္ၿငိမ္မႈ မရွိေသးသည့္အတြက္ စစ္ ေရွာင္မ်ားကို သြားေရာက္ ကူညီရန္ လမ္းေၾကာင္းတြင္ အခက္အခဲမ်ား ရွိေနသည္ဟု အကူအညီေပးေနသူ တစ္ ဦး က ေျပာသည္။

“အဲ့ဘက္က သြားရလာရတာ အရမ္းခက္တယ္။ အခုက ကိုဗစ္ကန႔္သတ္မႈေၾကာင့္ လည္းပါတယ္ သူတို႔ဆီသြား လို႔မရတာက။ ေနာက္ၿပီး တိုက္ပြဲကလည္း ျဖစ္ေနေသးေတာ့ အဲ့ဒီဘက္က လမ္းေၾကာင္းက သြားလို႔မရဘူး။ လမ္းေၾကာင္းလည္း နည္းနည္းခက္တယ္ အဲ့ဒီဘက္က။ သူက လမ္းဆုံးျဖစ္ေနတာေလ။ လမ္းဆုံးျဖစ္ေနတယ္ ဆိုတာက ဟိုဘက္က ေခ်ာင္းရွိတယ္။ ေခ်ာင္းလည္းမဆိုသေလာက္ေလးႀကီးတယ္၊ အဲ့ေတာ့ ကူးဖို႔လည္း မျဖစ္ ႏိုင္ဘူး။ အပိတ္ျဖစ္ေနတာ။ သြားဖို႔လည္းမလြယ္ဘူး။ ကိုဗစ္ေၾကာင့္လည္း ပါတာေပါ့ဗ်ာ။ ဒီမွာက Stay at Home ေၾကညာထားတာ။ ဘယ္သူမွ မသြားလာရဲၾကဘူး။”

ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ၾကားက အဆိုပါ တိုက္ပြဲေၾကာင့္ ကုန္းေက်ာ္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ စစ္ေဘးတိမ္း ေရွာင္ ေနၾကသည့္ ေဒသခံ ႐ြာသား ၃၀၀ ေက်ာ္၏ စားဝတ္ေနေရးအတြက္ ႐ြာသားအခ်င္းခ်င္းကပဲ ကူညီေပးေန ၾကရသည္ဟု ဆိုသည္။

ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ၾကား ယေန႔အခ်ိန္ထိ စစ္ေရးတင္းမာေနဆဲျဖစ္သည့္အတြက္ ေနရပ္ျပန္ေရး မျဖစ္ႏိုင္ ေသးသည့္အျပင္ စစ္ေရွာင္မ်ားထဲတြင္ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ လသားအ႐ြယ္ ကေလးငယ္မ်ားလည္း ပါလာ သည့္အတြက္ လက္ရွိတြင္ ေနထိုင္စားေသာက္ေရးအတြက္ အခက္အခဲမ်ားရွိေနသည္ဟု ေဒသခံမ်ား က ေျပာ သည္။

ဓါတ္ပုံ – CJ