ထောင်ဝန်ထမ်းများကို လျှပ်စစ်ကျင်စက် တုတ် တပ်ဆင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။ 

မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်ဝန်ထမ်းများကို လျှပ်စစ်ကျင်စက်ပါ နံပါတ်တုတ် ၂၄၀၀ ကျော်ခန့် တပ် ဆင် ပေးသွားရန် ရှိကြောင်း အငြိမ်းစားထောင် ဝန်ထမ်းတစ်ဦး က ပြောသည်။

ဘတ်ဂျက်အနေဖြင့် သိန်း ၁၅၀၀ ကျော် ချထားပေးပြီး တရုတ်နိုင်ငံထုတ်များ ဖြစ်နိုင်ကြောင်း တင်ဒါခေါ်လျှင် လည်း လက်သိပ်ထိုး (အကျိုးအမြတ်၊ အခွင့်အရေး၊ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာကိုမိမိနှင့် နီးစပ်သူသာ ရရှိအောင် လုပ်ဆောင်ခြင်း) နီးစပ်သူများ ရနိုင်ကြောင်း အဆိုပါ အငြိမ်းစားထောင်ဝန်ထမ်း က ဆက်ပြောသည်။

အွန်လိုင်းပေါ်တွင်ရောင်းချနေသည့် တရုတ်လုပ် အရှည် ၁၈လက်မခန့်ရှိ လျှပ်စစ်နံပါတ်တုတ်သည် အသားကပ် ထိုးရပြီး သုံးသောင်းခွဲမှ ငါးသောင်းကျပ်အထိပေးရသည်ဟု ကြည်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက်က လျှပ် စစ်နံပါတ်တုတ်အား ဝယ်ယူထားသူ တစ်ဦး က ပြောသည်။

အကွာအဝေး ၇ ပေ မှ ၁၀ပေ အထိ ရောက်သည့် ဗို့အားပြင်း လျှပ်စစ်နံပါတ်တုတ်များလည်းရှိကြောင်း အဆိုပါ လျှပ်စစ်နံပါတ်တုတ် ဝယ်ယူထားသူ က ဆက်ပြောသည်။

”အွန်လိုင်းမှာရောင်းတာတွေက အရမ်းပြင်းတဲ့ သတိလစ်တဲ့ အထိဖြစ်တဲ့ ဟာတွေရှိတယ်“ ဟု ကြည်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက်က လျှပ်စစ်နံပါတ်တုတ် ဝယ်ယူထားသူ တစ်ဦး က ပြောသည်။

ရန်ကုန်မြို့ အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားအချို့ ထောင်တွင်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး မန္တလေးအိုးဘိုထောင်တွင်လည်း သြဂုတ်လ ၈ရက်နေ့ က ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ လျှပ်စစ်နံပါတ်တုတ်များ တပ်ဆင်မည့် သတင်းထွက်လာရခြင်း ဖြစ်သည်။ 

လက်ရှိ အကျဉ်းဦးစီးဌာနအောက်တွင် အကျဉ်းထောင်ပေါင်း ၂၆ခု၊ အချုပ်ထောင် ၂၀၊ စိုက်ပျိုးမွေးမြူရေးစခန်း ၃၀၊ ကုန်ထုတ်စခန်း ၁၈ခုနှင့် ပြုပြင်ပြောင်းလဲရေးစခန်း ၂ ခု ရှိပြီး နောက်ထပ် အကျဉ်းထောင်အသစ် ၃ ခု ကိုလည်း ထပ်မံဆောက်ရန် ပြည်ထဲရေးဝန်ကြီးဌာနတွင် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

*** ZAWGYI ***
ေထာင္ဝန္ထမ္းမ်ားကို လွ်ပ္စစ္က်င္စက္ တုတ္ တပ္ဆင္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၂ ရက္။ 

ျမန္မာႏိုင္ငံတဝွမ္းရွိ အက်ဥ္းေထာင္ဝန္ထမ္းမ်ားကို လွ်ပ္စစ္က်င္စက္ပါ နံပါတ္တုတ္ ၂၄၀၀ ေက်ာ္ခန႔္ တပ္ ဆင္ ေပးသြားရန္ ရွိေၾကာင္း အၿငိမ္းစားေထာင္ ဝန္ထမ္းတစ္ဦး က ေျပာသည္။

ဘတ္ဂ်က္အေနျဖင့္ သိန္း ၁၅၀၀ ေက်ာ္ ခ်ထားေပးၿပီး တ႐ုတ္ႏိုင္ငံထုတ္မ်ား ျဖစ္ႏိုင္ေၾကာင္း တင္ဒါေခၚလွ်င္ လည္း လက္သိပ္ထိုး (အက်ိဳးအျမတ္၊ အခြင့္အေရး၊ လုပ္ပိုင္ခြင့္ တစ္စုံတစ္ရာကိုမိမိႏွင့္ နီးစပ္သူသာ ရရွိေအာင္ လုပ္ေဆာင္ျခင္း) နီးစပ္သူမ်ား ရႏိုင္ေၾကာင္း အဆိုပါ အၿငိမ္းစားေထာင္ဝန္ထမ္း က ဆက္ေျပာသည္။

အြန္လိုင္းေပၚတြင္ေရာင္းခ်ေနသည့္ တ႐ုတ္လုပ္ အရွည္ ၁၈လက္မခန႔္ရွိ လွ်ပ္စစ္နံပါတ္တုတ္သည္ အသားကပ္ ထိုးရၿပီး သုံးေသာင္းခြဲမွ ငါးေသာင္းက်ပ္အထိေပးရသည္ဟု ၾကည္ျမင္တိုင္ၿမိဳ႕နယ္ ေဈးကေလးရပ္ကြက္က လွ်ပ္ စစ္နံပါတ္တုတ္အား ဝယ္ယူထားသူ တစ္ဦး က ေျပာသည္။

အကြာအေဝး ၇ ေပ မွ ၁၀ေပ အထိ ေရာက္သည့္ ဗို႔အားျပင္း လွ်ပ္စစ္နံပါတ္တုတ္မ်ားလည္းရွိေၾကာင္း အဆိုပါ လွ်ပ္စစ္နံပါတ္တုတ္ ဝယ္ယူထားသူ က ဆက္ေျပာသည္။

”အြန္လိုင္းမွာေရာင္းတာေတြက အရမ္းျပင္းတဲ့ သတိလစ္တဲ့ အထိျဖစ္တဲ့ ဟာေတြရွိတယ္“ ဟု ၾကည္ျမင္တိုင္ၿမိဳ႕နယ္ ေဈးကေလးရပ္ကြက္က လွ်ပ္စစ္နံပါတ္တုတ္ ဝယ္ယူထားသူ တစ္ဦး က ေျပာသည္။

ရန္ကုန္ၿမိဳ႕ အင္းစိန္ ဗဟိုအက်ဥ္းေထာင္တြင္ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၃ ရက္ေန႔က ႏိုင္ငံေရးအက်ဥ္းသားအခ်ိဳ႕ ေထာင္တြင္း ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ၿပီး မႏၲေလးအိုးဘိုေထာင္တြင္လည္း ၾသဂုတ္လ ၈ရက္ေန႔ က ဆႏၵျပမႈ မ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ ယခုကဲ့သို႔ လွ်ပ္စစ္နံပါတ္တုတ္မ်ား တပ္ဆင္မည့္ သတင္းထြက္လာရျခင္း ျဖစ္သည္။ 

လက္ရွိ အက်ဥ္းဦးစီးဌာနေအာက္တြင္ အက်ဥ္းေထာင္ေပါင္း ၂၆ခု၊ အခ်ဳပ္ေထာင္ ၂၀၊ စိုက္ပ်ိဳးေမြးျမဴေရးစခန္း ၃၀၊ ကုန္ထုတ္စခန္း ၁၈ခုႏွင့္ ျပဳျပင္ေျပာင္းလဲေရးစခန္း ၂ ခု ရွိၿပီး ေနာက္ထပ္ အက်ဥ္းေထာင္အသစ္ ၃ ခု ကိုလည္း ထပ္မံေဆာက္ရန္ ျပည္ထဲေရးဝန္ႀကီးဌာနတြင္ အစီအစဥ္ရွိေၾကာင္းလည္း သိရသည္။