စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့်ကားကို PDF က RPG ဖြင့် ခြုံခိုတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။

ဆီဘောက်ဆာကား ၁၁ စီး ကို လုံခြုံယူပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ထီးချိုင့် PDF များ နှင့် KIA ပူးတွဲ တပ်ဖွဲ့အချို့မှ တင့်ကားဖျက် ပုခုံးထမ်း လောင်ချာ (RPG) ဖြင့် ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဖက်မှ ထိခိုက် ကျဆုံး မှုများကြောင်း ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ ည ၁၀ နာရီ မိနစ် ၄၀ ခန့်က ဆီဘောက်ဆာ ၁၁ စီးကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီ၏ကား ၅ စီးအနက် နောက်ဆုံးကားကို ကွင်းကြီးရွာအနီးတွင် မိနစ် ၃၀ ခန့် အနီးကပ်ခြုံခိုတိုက်ခဲ့ရာ ကားတစ်စီးလုံးကို အပိုင်ချေမှုန်းနိုင်ခဲ့သည်ဟု ဆိုသည်။

ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက “လူပါပါ မပါပါနောက်ဆုံးကားကို အပိုင်ပစ်ဖို့ ပြင်ထားကြတာလေ လူပါတော့ ကားတစ်စီးလုံးခံသွားရတယ် အားလုံး၂၈ ဦး ကျော်မယ် ကားတစီးလုံးဆိုပါတော့ဗျာ“ ဟုပြောသည်။

သေဆုံး ၂၈ ဦးကို အင်းတော်နယ်ထဲရှိ ဗုဒ္ဓလက်နှင့် ဂျုံးဂျုံးကျ ရွာတွင် သွားမြုပ်နှံကြောင်း အသက် ၅၄ နှစ်အရွယ် အင်းတော်ဒေသခံ တစ်ဦး က ပြောသည်။

ဤပစ်ခတ်မှုက ဒေသခံ PDF များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းပိုင်းအထိ ဝင်ရောက်လှုပ်ရှားနေသည်ကို ပြသနေသည်။ ယင်းအချက်ကို ဖုံးကွယ်လိုသဖြင့် စစ်ကောင်စီတပ်ဘက်က ဝေးလံသော ဒေသများတွင် သွားရောက်မြှုပ်နှံခဲ့ပုံ ရသည်ဟု အင်းတော် ဒေသခံက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့ ကျောက်အိုက်တောင်တွင် စစ်ကားသုံးစီးကို ခြုံခိုတိုက်ခြင်းဖြင့် ထီးချိုင့် PDF က တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

*** ZAWGYI ***
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား တင္ေဆာင္လာသည့္ကားကို PDF က RPG ျဖင့္ ၿခဳံခိုတိုက္ခိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၆ ရက္။

ဆီေဘာက္ဆာကား ၁၁ စီး ကို လုံၿခဳံယူေပးေနသည့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားကို ထီးခ်ိဳင့္ PDF မ်ား ႏွင့္ KIA ပူးတြဲ တပ္ဖြဲ႕အခ်ိဳ႕မွ တင့္ကားဖ်က္ ပုခုံးထမ္း ေလာင္ခ်ာ (RPG) ျဖင့္ ၿခဳံခိုတိုက္ခိုက္ရာ စစ္ေကာင္စီဖက္မွ ထိခိုက္ က်ဆုံး မႈမ်ားေၾကာင္း ထီးခ်ိဳင့္ PDF တပ္ဖြဲ႕ဝင္တစ္ဦး က ေျပာသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၃ ရက္ေန႔ ည ၁၀ နာရီ မိနစ္ ၄၀ ခန႔္က ဆီေဘာက္ဆာ ၁၁ စီးကို လုံၿခဳံေရးယူေပးသည့္ စစ္ေကာင္စီ၏ကား ၅ စီးအနက္ ေနာက္ဆုံးကားကို ကြင္းႀကီး႐ြာအနီးတြင္ မိနစ္ ၃၀ ခန႔္ အနီးကပ္ၿခဳံခိုတိုက္ခဲ့ရာ ကားတစ္စီးလုံးကို အပိုင္ေခ်မႈန္းႏိုင္ခဲ့သည္ဟု ဆိုသည္။

ထီးခ်ိဳင့္ PDF တပ္ဖြဲ႕ဝင္တစ္ဦးက “လူပါပါ မပါပါေနာက္ဆုံးကားကို အပိုင္ပစ္ဖို႔ ျပင္ထားၾကတာေလ လူပါေတာ့ ကားတစ္စီးလုံးခံသြားရတယ္ အားလုံး၂၈ ဦး ေက်ာ္မယ္ ကားတစီးလုံးဆိုပါေတာ့ဗ်ာ“ ဟုေျပာသည္။

ေသဆုံး ၂၈ ဦးကို အင္းေတာ္နယ္ထဲရွိ ဗုဒၶလက္ႏွင့္ ဂ်ဳံးဂ်ဳံးက် ႐ြာတြင္ သြားျမဳပ္ႏွံေၾကာင္း အသက္ ၅၄ ႏွစ္အ႐ြယ္ အင္းေတာ္ေဒသခံ တစ္ဦး က ေျပာသည္။

ဤပစ္ခတ္မႈက ေဒသခံ PDF မ်ားႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မ်ား ပူးေပါင္းၿပီး စစ္ကိုင္းတိုင္းေဒသႀကီး အတြင္းပိုင္းအထိ ဝင္ေရာက္လႈပ္ရွားေနသည္ကို ျပသေနသည္။ ယင္းအခ်က္ကို ဖုံးကြယ္လိုသျဖင့္ စစ္ေကာင္စီတပ္ဘက္က ေဝးလံေသာ ေဒသမ်ားတြင္ သြားေရာက္ျမႇဳပ္ႏွံခဲ့ပုံ ရသည္ဟု အင္းေတာ္ ေဒသခံက ဆိုသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၆ရက္ေန႔ ေက်ာက္အိုက္ေတာင္တြင္ စစ္ကားသုံးစီးကို ၿခဳံခိုတိုက္ျခင္းျဖင့္ ထီးခ်ိဳင့္ PDF က တိုက္ပြဲ စတင္ခဲ့ျခင္းျဖစ္သည္။