တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၇ – ၈ – ၂၁ )

ကေအိုင်အေထိန်းချုပ်နယ်မြေအတွင်း တောင်ကျရေနဲ့ မြေပြိုမှုတွေကြောင့် စစ်ပြေးဒုက္ခသည်တစ်ဦး သေဆုံးပြီး ပစ္စည်းတွေပျက်စီးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံရွာသား ၃၀၀ ကျော်လောက် စစ်ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

*** ZAWGYI ***



