ကယားပြည်နယ်တွင် တိုက်ပွဲများ ဖြစ်၊ စစ်ကောင်စီ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သားများ ဒဏ်ရာရ

ကယားပြည်နယ်(ကရင်နီပြည်နယ်) ဖရူဆိုမြို့နယ်အတွင်း ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ဘက်လည်း သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ KNDF တာဝန်ရှိသူက ပြောပါတယ်။