မွန်ပြည်နယ်တွင် ကိုဗစ် ကူးစက်မှု လျော့နည်းလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

မွန်ပြည်နယ်တွင် ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှုနှုန်း လျော့နည်းကျဆင်းလာသည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ဒီဩဂုတ်လအတွင်းမှာ ကူးစက်လူနာရော အတည်ပြုလူနာရော သေဆုံးမှု အခြေအနေကတော့ သိသိသာသာ ကျလာပါတယ်။ အခုဆိုရင် ကိုဗစ်ကုသစင်တာတွေမှာလည်း လူနာတွေ အတော်လေး လျော့နည်းသွားတယ်။ သေဆုံးမှုကလည်း အများကြီးကျလာတယ် ဒါပေမယ့် မပေါ့ဆကြဖို့ သတိအမြဲရှိကြဖို့ လိုတယ်” ဟု ကိုဗစ်-၁၉ အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်-၁၉ ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြု လူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာ ခဲ့သည်။

ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လအတွင်းတွင် တစ်ရက် လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိလာသည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက် အထိရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၏ စာရင်းများအရ သိရသည်။

ကျန်းမာရေးဌာန၏ ဩဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း၌ မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်လူနာအသစ် ၈၅ ဦးတွေ့ရှိပြီး သေဆုံးလူနာ ၁၉ ဦး ရှိသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး သီးသန့်ဆောင် ၃၊ သီးသန့်ဆောင် ၁ နှင့် နှင့် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တို့ အပြင် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ အထိ စာရင်းများအရ မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိပြီး သေဆုံးလူနာ ၉၀၀ ကျော် ရှိသည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ ကိုဗစ္ ကူးစက္မႈ ေလ်ာ့နည္းလာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္။

မြန္ျပည္နယ္တြင္ ဩဂုတ္လအတြင္း ကိုဗစ္-၁၉ ကူးစက္မႈႏွင့္ ေသဆုံးမႈႏႈန္း ေလ်ာ့နည္းက်ဆင္းလာသည္ ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

“ဒီဩဂုတ္လအတြင္းမွာ ကူးစက္လူနာေရာ အတည္ျပဳလူနာေရာ ေသဆုံးမႈ အေျခအေနကေတာ့ သိသိသာသာ က်လာပါတယ္။ အခုဆိုရင္ ကိုဗစ္ကုသစင္တာေတြမွာလည္း လူနာေတြ အေတာ္ေလး ေလ်ာ့နည္းသြားတယ္။ ေသဆုံးမႈကလည္း အမ်ားႀကီးက်လာတယ္ ဒါေပမယ့္ မေပါ့ဆၾကဖို႔ သတိအၿမဲရွိၾကဖို႔ လိုတယ္” ဟု ကိုဗစ္-၁၉ အေရးကူညီေပးေနသည့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မြန္ျပည္နယ္တြင္ ဇြန္လဆန္းပိုင္းခန႔္မွစၿပီး ကိုဗစ္-၁၉ ကူးစက္မႈ ဆက္တိုက္ျမင့္တက္လာခဲ့ၿပီးေနာက္ အတည္ျပဳ လူနာ ေသဆုံးမႈလည္း ဆက္တိုက္ျမင့္တက္လာ ခဲ့သည္။

ျပည္နယ္အတြင္း ကိုဗစ္-၁၉ ကူးစက္မႈႏွင့္ ေသဆုံးမႈ စံခ်ိန္တင္ျမင့္တက္ခဲ့သည့္ ဇူလိုင္လအတြင္းတြင္ တစ္ရက္ လွ်င္ ကိုဗစ္အတည္ျပဳလူနာ ၅၀၀ ေက်ာ္ေတြ႕ရွိလာသည့္အျပင္ ေသဆုံးမႈလည္း တစ္ရက္လွ်င္ ၅၀ အထက္ အထိရွိခဲ့သည္ဟု လူမႈကယ္ဆယ္ေရးအသင္းအဖြဲ႕မ်ား၏ စာရင္းမ်ားအရ သိရသည္။

က်န္းမာေရးဌာန၏ ဩဂုတ္လ ၁၇ ရက္ေန႔ ထုတ္ျပန္ခ်က္အရ ၂၄ နာရီအတြင္း၌ မြန္ျပည္နယ္တြင္ ကိုဗစ္-၁၉ ကူးစက္လူနာအသစ္ ၈၅ ဦးေတြ႕ရွိၿပီး ေသဆုံးလူနာ ၁၉ ဦး ရွိသည္။

ကိုဗစ္-၁၉ အတည္ျပဳလူနာမ်ားကို ေမာ္လၿမိဳင္ျပည္သူ႔ ေဆး႐ုံႀကီး သီးသန႔္ေဆာင္ ၃၊ သီးသန႔္ေဆာင္ ၁ ႏွင့္ ႏွင့္ ေမာ္လၿမိဳင္တကၠသိုလ္ (၁၀) ၿမိဳ႕နယ္ေဆာင္တို႔ အျပင္ ၿမိဳ႕နယ္အသီးသီးတို႔တြင္လည္း ေဆးကုသေပးေနသည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ဩဂုတ္လ ၁၇ ရက္ေန႔ အထိ စာရင္းမ်ားအရ မြန္ျပည္နယ္အတြင္း ကိုဗစ္ကူးစက္ခံရသူ ၁၀၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးလူနာ ၉၀၀ ေက်ာ္ ရွိသည္။