အသုတ်မြို့တွင် ဒလန်ဟု စွပ်စွဲခံရသူ တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

ဧရာဝတီတိုင်း၊ အသုတ်မြို့မှ အကြမ်းဖက် စစ်ကောင်စီ၏ သတင်းပေး ဒလန်ဟုဆိုသော အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်း က သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသ ခံများ က ပြောသည်။

အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ ဝင်းနိုင်ဦး ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဖြစ်သူ အသက် ၄၅ နှစ် အရွယ်ခန့်ရှိ ဦးဝင်းနိုင်ဦးအား ဆိုင်ကယ်စီးလာသည့် အမည်မသိ လူ ၂ ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားခြင်း ဖြစ်သည်။

“ပစ်သွားတဲ့ ကျည်ဆံ က လူဂါ ပစ္စတို MM5 ကျည်ဆံပါ။ ဘယ်အဖွဲ့အစည်း ဘယ်သူဆိုတာ မသိရသေးဘူး စစ် ဆေးဆဲပါ။ ဆိုင်ကယ် ဆိုင်က CCTV မှတ်တမ်းကတစ်ဆင့် ဖမ်းဆီးရမိရေးကို ဆောင်ရွက်နေပါတယ်” ဟု ရဲတပ် ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

ဦးဝင်းနိုင်ဦးမှာ ဆိုင်ကယ်အရောင်းဆိုင်ဖွင့်လှစ်ထားပြီး ရွှေအသုတ် အောက်စီဂျင်အခမဲ့ ဖြန့်ဝေရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားကာ စစ်ကောင်စီ၏ လက်အောက်ခံ အုပ်ချုပ်ရေး စီမံ အဖွဲ့ထံ အာဏာသိမ်းစစ်တပ်ကို ဆန့် ကျင်သူများ၏ သတင်းများအား ပေးပို့နေသည့် ဒလန်တစ်ဦး အဖြစ် နာမည် ကြီးနေသူ ဖြစ်ကြောင်း မြို့ခံ အများအပြားက ပြောသည်။

ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ပြီးခဲ့သည့်မေလအတွင်းက ဗုံး ၃ လုံးပေါက်ကွဲခဲ့ရာတွင် ဦးဝင်းနိုင်ဦး၏ နေအိမ် ရှေ့တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထိုပေါက်ကွဲမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။

သို့သော် အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒေသခံ ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ ပြီး ထို့နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

*** ZAWGYI ***
အသုတ္ၿမိဳ႕တြင္ ဒလန္ဟု စြပ္စြဲခံရသူ တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္။

ဧရာဝတီတိုင္း၊ အသုတ္ၿမိဳ႕မွ အၾကမ္းဖက္ စစ္ေကာင္စီ၏ သတင္းေပး ဒလန္ဟုဆိုေသာ အမ်ိဳးသားတစ္ဦး ပစ္သတ္ခံရေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ၾသဂုတ္လ ၁၈ ရက္ေန႔ နံနက္ပိုင္း က ေသနတ္ျဖင့္ ပစ္ခတ္ခံရေသာေၾကာင့္ ေသဆုံးသြားျခင္း ျဖစ္သည္ဟု ေဒသ ခံမ်ား က ေျပာသည္။

အသုတ္ၿမိဳ႕၊ အမွတ္ ၄ ရပ္ကြက္၊ ပုသိမ္-မုံ႐ြာ ကားလမ္းေပၚရွိ ဝင္းႏိုင္ဦး ဆိုင္ကယ္ေရာင္းဝယ္ေရး ဆိုင္ပိုင္ရွင္ ျဖစ္သူ အသက္ ၄၅ ႏွစ္ အ႐ြယ္ခန႔္ရွိ ဦးဝင္းႏိုင္ဦးအား ဆိုင္ကယ္စီးလာသည့္ အမည္မသိ လူ ၂ ဦးက ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္သြားျခင္း ျဖစ္သည္။

“ပစ္သြားတဲ့ က်ည္ဆံ က လူဂါ ပစၥတို MM5 က်ည္ဆံပါ။ ဘယ္အဖြဲ႕အစည္း ဘယ္သူဆိုတာ မသိရေသးဘူး စစ္ ေဆးဆဲပါ။ ဆိုင္ကယ္ ဆိုင္က CCTV မွတ္တမ္းကတစ္ဆင့္ ဖမ္းဆီးရမိေရးကို ေဆာင္႐ြက္ေနပါတယ္” ဟု ရဲတပ္ ဖြဲ႕ မွ တာဝန္ရွိသူ တစ္ဦးက အတည္ျပဳ ေျပာသည္။

ဦးဝင္းႏိုင္ဦးမွာ ဆိုင္ကယ္အေရာင္းဆိုင္ဖြင့္လွစ္ထားၿပီး ေ႐ႊအသုတ္ ေအာက္စီဂ်င္အခမဲ့ ျဖန႔္ေဝေရးအဖြဲ႕ ဥကၠ႒ အျဖစ္တာဝန္ယူထားကာ စစ္ေကာင္စီ၏ လက္ေအာက္ခံ အုပ္ခ်ဳပ္ေရး စီမံ အဖြဲ႕ထံ အာဏာသိမ္းစစ္တပ္ကို ဆန႔္ က်င္သူမ်ား၏ သတင္းမ်ားအား ေပးပို႔ေနသည့္ ဒလန္တစ္ဦး အျဖစ္ နာမည္ ႀကီးေနသူ ျဖစ္ေၾကာင္း ၿမိဳ႕ခံ အမ်ားအျပားက ေျပာသည္။

ေရၾကည္ၿမိဳ႕နယ္၊ အသုတ္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ေမလအတြင္းက ဗုံး ၃ လုံးေပါက္ကြဲခဲ့ရာတြင္ ဦးဝင္းႏိုင္ဦး၏ ေနအိမ္ ေရွ႕တြင္ ဗုံးတစ္လုံးေပါက္ကြဲခဲ့ၿပီး ထိုေပါက္ကြဲမႈ ျဖစ္စဥ္အတြင္း ထိခိုက္ဒဏ္ရာရမႈမရွိခဲ့ေပ။

သို႔ေသာ္ အဆိုပါ ဗုံးေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ ေဒသခံ ၈ ဦးကို စစ္ေကာင္စီက ဖမ္းဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ ၿပီး ထို႔ေနာက္ပိုင္းတြင္ ျပန္လႊတ္ေပးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။