မူးယစ်ဆေးသုံးသူ တစ်ဦးက အမျိုးသမီးတစ်ဦးအား ဓါးဖြင့် ထိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသည်ဟု ယူဆရသူ တစ်ဦးက အမျိုးသမီးတစ်ဦးအား ဓါးဖြင့် အချက်များစွာထိုးပြီး ထွက်ပြေးသွားကြောင်း အထိုးခံရသူ၏ မိသားစုဝင်များ က ပြောသည်။

သြဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀နာရီကျော် အချိန်ခန့်က မူးယစ်ဆေးသုံးစွဲသူတစ်ဦးသည် ဆေးကြောင်ပြီး သုံး မြှောင့်ချွန်ဓါးဖြင့် အမျိုးသမီးတစ်ဦးကို ၈ ချက်ခန့်ထိုးပြီး ထွက်ပြေးသွားခြင်း ဖြစ်သည်။

“ကျနော့် ညီမက Wave Money လဲ တဲ့ အလုပ်လုပ်နေတာ၊ စကားများတာလဲမရှိ။ ဘာရန်ငြိုးမှ မရှိပဲ အိမ်ဝိုင်း ထဲ ပြေးဝင်ပြီး အသားလွတ်ကြီး ဝင်လုပ်သွားတာ” ဟု ဓားနှင့် အထိုးခံလိုက်ရသူ မသန္တာအောင်၏ အစ်ကို ဖြစ် သူ က ပြောသည်။

မင်းထိန်ကျေးရွာနေ မသန္တာအောင်သည် သူမနေအိမ်အတွင်းရှိ ထိုင်ခုံပေါ်တွင်ထိုင်နေစဉ် မျက်နှာချင်းဆိုင်အိမ်မှ မူးယစ်ဆေးသုံးစွဲထားပုံရသည့် ကိုသာထူးဆိုသူက နေအိမ်ဝန်း အတွင်းပြေးဝင်လာပြီး သုံးမြှောင့် ချွန်ဓားနှင့် ၈ ချက်ထိုးပြီး ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များနှင့် ဒေသခံရွာသားများက ပြောသည်။

သုံးမြှောင့်ဓါးဖြင့် ထိုးသွင်းခံရမှုကြောင့် မသန္တာအောင်၏ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ ခုနှစ်ချက်၊ လည်ပင်းတွင် ပြတ်ရှဒဏ်ရာတစ်ချက် အထိုးခံခဲ့ရပြီး သွေးကြောအနည်းငယ် ပြတ်သွားသည်ဟု ပုလောမြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ဆိုသည်။

အဆိုပါ ထိုးသွင်းဒဏ်ရာများသည် အဆုတ်ကိုထိခိုက်မှုမရှိသည့်အတွက် အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူး ဟုလည်း အဆိုပါ တာဝန်ကျ ဆရာဝန်က ပြောသည်။

တရားခံအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု မင်းထိန် အုပ် ချုပ်ရေးမှူး ဦးမျိုးနိုင်ဦး က ပြောသည်။

“ရဲတွေကတော့ ဆေးကြောင်ပြီး လုပ်တာဖြစ်နိုင်တယ်လို့တော့ အကြမ်းမှတ်ချက်ပြု သွားပါတယ်။ တောင်ယာ တွေက ထူတော့ လက္ကူးဘက် ပုန်းနေသလား၊ ရွာအနီးမှာပဲ ပုန်းနေမလား မသိနိုင်သေးဘူး“ ဟု မင်းထိန် အုပ် ချုပ်ရေးမှူး ဦးမျိုးနိုင်ဦး က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားနေ့၊ မွန်းလွှဲ ၁နာရီ အချိန်ခန့်တွင် ဓါးထိုးမှု ဖြစ်ပွားခဲ့သည့် နေရာသို့ ရောက် ရှိလာပြီး သုံးမြှောင့်ဓါးဖြင့် ဝင်ထိုးသွားသူကို ဖမ်းဆီးမိရန်အတွက် စုံစမ်းမှုများ စစ်ဆေးမေးမြန်းမှုများ ပြုလုပ် သွားကြောင်း မင်းထိန် အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ဦးက အတည်ပြုပြောဆိုသည်။

*** ZAWGYI ***
မူးယစ္ေဆးသုံးသူ တစ္ဦးက အမ်ိဳးသမီးတစ္ဦးအား ဓါးျဖင့္ ထိုး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။

တနသၤာရီတိုင္း ေဒသႀကီးအတြင္း မူးယစ္ေဆးသုံးစြဲၿပီး ေဆးေၾကာင္ေနသည္ဟု ယူဆရသူ တစ္ဦးက အမ်ိဳးသမီးတစ္ဦးအား ဓါးျဖင့္ အခ်က္မ်ားစြာထိုးၿပီး ထြက္ေျပးသြားေၾကာင္း အထိုးခံရသူ၏ မိသားစုဝင္မ်ား က ေျပာသည္။

ၾသဂုတ္လ ၁၈ ရက္ေန႔၊ နံနက္ ၁၀နာရီေက်ာ္ အခ်ိန္ခန႔္က မူးယစ္ေဆးသုံးစြဲသူတစ္ဦးသည္ ေဆးေၾကာင္ၿပီး သုံး ေျမႇာင့္ခြၽန္ဓါးျဖင့္ အမ်ိဳးသမီးတစ္ဦးကို ၈ ခ်က္ခန႔္ထိုးၿပီး ထြက္ေျပးသြားျခင္း ျဖစ္သည္။

“က်ေနာ့္ ညီမက Wave Money လဲ တဲ့ အလုပ္လုပ္ေနတာ၊ စကားမ်ားတာလဲမရွိ။ ဘာရန္ၿငိဳးမွ မရွိပဲ အိမ္ဝိုင္း ထဲ ေျပးဝင္ၿပီး အသားလြတ္ႀကီး ဝင္လုပ္သြားတာ” ဟု ဓားႏွင့္ အထိုးခံလိုက္ရသူ မသႏၲာေအာင္၏ အစ္ကို ျဖစ္ သူ က ေျပာသည္။

မင္းထိန္ေက်း႐ြာေန မသႏၲာေအာင္သည္ သူမေနအိမ္အတြင္းရွိ ထိုင္ခုံေပၚတြင္ထိုင္ေနစဥ္ မ်က္ႏွာခ်င္းဆိုင္အိမ္မွ မူးယစ္ေဆးသုံးစြဲထားပုံရသည့္ ကိုသာထူးဆိုသူက ေနအိမ္ဝန္း အတြင္းေျပးဝင္လာၿပီး သုံးေျမႇာင့္ ခြၽန္ဓားႏွင့္ ၈ ခ်က္ထိုးၿပီး ထြက္ေျပးသြားျခင္း ျဖစ္သည္ဟု မိသားစုဝင္မ်ားႏွင့္ ေဒသခံ႐ြာသားမ်ားက ေျပာသည္။

သုံးေျမႇာင့္ဓါးျဖင့္ ထိုးသြင္းခံရမႈေၾကာင့္ မသႏၲာေအာင္၏ ေနာက္ေက်ာဘက္တြင္ ထိုးသြင္းဒဏ္ရာ ခုႏွစ္ခ်က္၊ လည္ပင္းတြင္ ျပတ္ရွဒဏ္ရာတစ္ခ်က္ အထိုးခံခဲ့ရၿပီး ေသြးေၾကာအနည္းငယ္ ျပတ္သြားသည္ဟု ပုေလာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွ တာဝန္က် ဆရာဝန္တစ္ဦးက ဆိုသည္။

အဆိုပါ ထိုးသြင္းဒဏ္ရာမ်ားသည္ အဆုတ္ကိုထိခိုက္မႈမရွိသည့္အတြက္ အသက္အႏၲရာယ္ စိုးရိမ္စရာ မရွိဘူး ဟုလည္း အဆိုပါ တာဝန္က် ဆရာဝန္က ေျပာသည္။

တရားခံအား ဖမ္းဆီးရမိေရး ရဲတပ္ဖြဲ႕ဝင္မ်ားက လိုက္လံစုံစမ္းေမးျမန္းမႈမ်ား လုပ္ေဆာင္ေနသည္ဟု မင္းထိန္ အုပ္ ခ်ဳပ္ေရးမႉး ဦးမ်ိဳးႏိုင္ဦး က ေျပာသည္။

“ရဲေတြကေတာ့ ေဆးေၾကာင္ၿပီး လုပ္တာျဖစ္ႏိုင္တယ္လို႔ေတာ့ အၾကမ္းမွတ္ခ်က္ျပဳ သြားပါတယ္။ ေတာင္ယာ ေတြက ထူေတာ့ လကၠဴးဘက္ ပုန္းေနသလား၊ ႐ြာအနီးမွာပဲ ပုန္းေနမလား မသိႏိုင္ေသးဘူး“ ဟု မင္းထိန္ အုပ္ ခ်ဳပ္ေရးမႉး ဦးမ်ိဳးႏိုင္ဦး က ေျပာသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားသည္ အခင္းျဖစ္ပြားေန႔၊ မြန္းလႊဲ ၁နာရီ အခ်ိန္ခန႔္တြင္ ဓါးထိုးမႈ ျဖစ္ပြားခဲ့သည့္ ေနရာသို႔ ေရာက္ ရွိလာၿပီး သုံးေျမႇာင့္ဓါးျဖင့္ ဝင္ထိုးသြားသူကို ဖမ္းဆီးမိရန္အတြက္ စုံစမ္းမႈမ်ား စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ သြားေၾကာင္း မင္းထိန္ အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးႏိုင္ဦးက အတည္ျပဳေျပာဆိုသည္။