အမျိုးသမီးတစ်ဦးအား ဓါးချွန်ဖြင့် ၈ ချက်ထိုးခဲ့သူအား ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

တနင်္သာရီတိုင်းအတွင်း အမျိုးသမီးတစ်ဦးကို သုံးမြှောင့်ဓါး ဖြင့် ထိုးကာ ထွက်ပြေးတိမ်းရှောင်နေသူအား ရွာသားများ၏ ကြိုးစားအားထုတ်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း မင်းထိန်ရွာသားများက ပြောသည်။

သြဂုတ် ၁၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ဓားဖြင့် ထိုးသွားသည့် မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ကျေးရွာက သာထူးဆိုသူကို သြဂုတ် ၁၉ ရက်နေ့ နေ့လည် ပိုင်းတွင် ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးရခဲ့ခြင်း ဖြစ် သည်ဟု မင်းထိန်ကျေးရွာသားများက ပြောသည်။

ဆေးကြောင်နေသည်ဟု ယူဆရသော သာထူး ဆိုသူသည် မသန္တာအောင်ကို သုံးမြှောင့်ချွန်ဓားဖြင့် ၈ ချက်ထိုးပြီး တောင်ယာများ ရှိရာဘက်သို့ ထွက်ပြေးသွားပြီး ပုန်းအောင်းနေခဲ့ကြောင်း၊ ညဘက်ရောက်သောအခါ မင်းထိန်ကျေးရွာ ဘုန်းကြီး ကျောင်း အနောက်တွင် ဝင်ရောက်ပုန်းကာ အိပ်စက်ခဲ့ကြောင်း သာထူးကို မေးမြန်းစစ်ဆေးခဲ့သော မင်းထိန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ဦး က ပြောသည်။

ယင်းကဲ့သို့ ပုန်းခိုနေစဉ် သာထူးသည် ဗိုက်ဆာလာသည့်အတွက် ဘုန်းကြီးကျောင်းတွင် ထမင်းသွား တောင်းခဲ့ရာ ယင်းကျောင်းရှိ ဆရာတော်မှ အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်သတင်းပေးခဲ့ခြင်းကြောင့် သာထူး၏ မိသားစုဝင်များ နှင့် အတူသွားရောက်ဖျောင်းဖျကာ အဖမ်းခံရန်ပြောဆိုပြီး ပုလောမြို့မရဲစခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည် ဟု အုပ်ချုပ်ရေးမှူး က ပြောသည်။

“စခန်းကိုရောက်နေပါပြီ။ မင်းထိန်က အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေ ဖမ်းပြီးလာပို့သွားတာ၊ ဥပဒေကြောင်း အရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပုလောမြို့မ ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိတစ်ဦး က အတည်ပြု ပြောသည်။

လက်ရှိတွင် သာထူးကို ပုလောမြို့မ ရဲစခန်းတွင် ဖမ်းဆီးချူပ်နှောင်ထားပြီး ကနဦးစစ်ဆေးရာတွင် တရားခံ သာ ထူးသည် နေအိမ်အတွင်း ထိုင်နေစဉ် မျက်နှာချင်းဆိုင်အိမ်ရှေ့ရှိ မသန္တာအောင်က ၎င်း၏မိသားစုကို ဆဲဆိုပြော နေသည်ဟု နားထဲကြားယောင်ခဲ့ခြင်းကြောင့် ၆ လက်မ အရှည်ရှိ သုံးမြှောင့်ချွန်ဓားဖြင့် ၈ ချက် ထိုးခဲ့ခြင်း ဖြစ် ကြောင်း ကနဦးထွက်ဆိုထားသည်ဟု ရဲအရာရှိက ပြောသည်။

ဓါးထိုးခံရသူ မသန္တာအောင် က လက်ရှိတွင် ပုလောမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးဟု သိရသည်။

*** ZAWGYI ***
အမ်ိဳးသမီးတစ္ဦးအား ဓါးခြၽန္ျဖင့္ ၈ ခ်က္ထိုးခဲ့သူအား ဖမ္းမိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။

တနသၤာရီတိုင္းအတြင္း အမ်ိဳးသမီးတစ္ဦးကို သုံးေျမႇာင့္ဓါး ျဖင့္ ထိုးကာ ထြက္ေျပးတိမ္းေရွာင္ေနသူအား ႐ြာသားမ်ား၏ ႀကိဳးစားအားထုတ္မႈျဖင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း မင္းထိန္႐ြာသားမ်ားက ေျပာသည္။

ၾသဂုတ္ ၁၈ ရက္ေန႔ နံနက္ ၁၀ နာရီ အခ်ိန္ခန႔္က ဓားျဖင့္ ထိုးသြားသည့္ ၿမိတ္ခ႐ိုင္၊ ပုေလာၿမိဳ႕နယ္ မင္းထိန္ေက်း႐ြာက သာထူးဆိုသူကို ၾသဂုတ္ ၁၉ ရက္ေန႔ ေန႔လည္ ပိုင္းတြင္ ေက်း႐ြာရွိ ဘုန္းႀကီးေက်ာင္းဝင္းအတြင္း ဖမ္းဆီးရခဲ့ျခင္း ျဖစ္ သည္ဟု မင္းထိန္ေက်း႐ြာသားမ်ားက ေျပာသည္။

ေဆးေၾကာင္ေနသည္ဟု ယူဆရေသာ သာထူး ဆိုသူသည္ မသႏၲာေအာင္ကို သုံးေျမႇာင့္ခြၽန္ဓားျဖင့္ ၈ ခ်က္ထိုးၿပီး ေတာင္ယာမ်ား ရွိရာဘက္သို႔ ထြက္ေျပးသြားၿပီး ပုန္းေအာင္းေနခဲ့ေၾကာင္း၊ ညဘက္ေရာက္ေသာအခါ မင္းထိန္ေက်း႐ြာ ဘုန္းႀကီး ေက်ာင္း အေနာက္တြင္ ဝင္ေရာက္ပုန္းကာ အိပ္စက္ခဲ့ေၾကာင္း သာထူးကို ေမးျမန္းစစ္ေဆးခဲ့ေသာ မင္းထိန္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးႏိုင္ဦး က ေျပာသည္။

ယင္းကဲ့သို႔ ပုန္းခိုေနစဥ္ သာထူးသည္ ဗိုက္ဆာလာသည့္အတြက္ ဘုန္းႀကီးေက်ာင္းတြင္ ထမင္းသြား ေတာင္းခဲ့ရာ ယင္းေက်ာင္းရွိ ဆရာေတာ္မွ အုပ္ခ်ဳပ္ေရးမႉးထံ ဆက္သြယ္သတင္းေပးခဲ့ျခင္းေၾကာင့္ သာထူး၏ မိသားစုဝင္မ်ား ႏွင့္ အတူသြားေရာက္ေဖ်ာင္းဖ်ကာ အဖမ္းခံရန္ေျပာဆိုၿပီး ပုေလာၿမိဳ႕မရဲစခန္းသို႔ သြားေရာက္ပို႔ေဆာင္ခဲ့ျခင္း ျဖစ္သည္ ဟု အုပ္ခ်ဳပ္ေရးမႉး က ေျပာသည္။

“စခန္းကိုေရာက္ေနပါၿပီ။ မင္းထိန္က အုပ္ခ်ဳပ္ေရးမႉးနဲ႔ ႐ြာသားေတြ ဖမ္းၿပီးလာပို႔သြားတာ၊ ဥပေဒေၾကာင္း အရ အေရးယူႏိုင္ဖို႔ ေဆာင္႐ြက္ေနပါတယ္” ဟု ပုေလာၿမိဳ႕မ ရဲစခန္းရွိ တာဝန္က် ရဲအရာရွိတစ္ဦး က အတည္ျပဳ ေျပာသည္။

လက္ရွိတြင္ သာထူးကို ပုေလာၿမိဳ႕မ ရဲစခန္းတြင္ ဖမ္းဆီးခ်ဴပ္ေႏွာင္ထားၿပီး ကနဦးစစ္ေဆးရာတြင္ တရားခံ သာ ထူးသည္ ေနအိမ္အတြင္း ထိုင္ေနစဥ္ မ်က္ႏွာခ်င္းဆိုင္အိမ္ေရွ႕ရွိ မသႏၲာေအာင္က ၎၏မိသားစုကို ဆဲဆိုေျပာ ေနသည္ဟု နားထဲၾကားေယာင္ခဲ့ျခင္းေၾကာင့္ ၆ လက္မ အရွည္ရွိ သုံးေျမႇာင့္ခြၽန္ဓားျဖင့္ ၈ ခ်က္ ထိုးခဲ့ျခင္း ျဖစ္ ေၾကာင္း ကနဦးထြက္ဆိုထားသည္ဟု ရဲအရာရွိက ေျပာသည္။

ဓါးထိုးခံရသူ မသႏၲာေအာင္ က လက္ရွိတြင္ ပုေလာၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူလ်က္ရွိၿပီး အသက္အႏၲရာယ္ မစိုးရိမ္ရေတာ့ဘူးဟု သိရသည္။