ဧရာဝတီတိုင်းတွင် ဖမ်းဝရမ်း ထုတ်ခံထားရသူ အချို့ အသနားခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်း ပုဒ် မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ အချို့ က ဖြေလျော့ပေးရန် အသနားခံ စာကို သြဂုတ် ၁၉ ရက်နေ့ က တင်ပြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောင်းအုပ်ဆရာ ၂ ဦး၊ အထွေထွေလုပ်သား ၁ ဦး၊ ရွှေဆိုင်လုပ်ငန်းရှင် အမျိုးသမီး ၁ ဦး တို့ အပါအဝင် ၇ ဦး တို့ က ၎င်းတို့အား ဆွဲဆိုထားသည့် အမှုအား ဖြေလျော့ ရုပ်သိမ်းပေးရန် အသနားခံစာတင်ပြခြင်း ဖြစ်ကြောင်း သိရ သည်။

“ကျနော်တို့ စစ်အာဏာသိမ်းတာကို မကြိုက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာပါ။ ဒါပေမယ့် ဆွဲဆိုတဲ့ ပုဒ်မ က လေးပင် လွန်းတယ်။ ရှောင်နေရတာ အဆင်မပြေဘူး။ သူတို့ထံ ဖြေလျော့ပေးဖို့ တင်ပြရင် ဖြေလျော့ပေးမယ်ဆိုလို့ တင် ပြတာပါ။ ကိုယ်တိုင်ဖြစ်စေ အုပ်ထိန်းသူက ဖြစ်စေ ရဲစခန်းကို အသနားခံစာ တင်ပြရတာပါ” ဟု အသနားခံသူ များမှ တစ်ဦး က ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့က မြောင်းမြမြို့မ ရဲစခန်းက အမှုဖြေလျော့ ရုပ်သိမ်းပေးရန် တင်ပြလာသူ ၇ ဦးအား အချက် ၃ ချက်တွင် ခံဝန်လက်မှတ်ရေးထိုးစေပြီး ဆွဲဆိုခံထားရသည့် ပုဒ်မအား ရုပ်သိမ်းကာ အမှုပိတ်ပေး ခဲ့ ကြောင်း ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။

နောက်နောင် ဆန္ဒမပြရန် ဝန်ခံကတိပြုပြီး ရဲတပ်ဖွဲ့မှ ကြေအေး ဖြေလျော့ အမှုပိတ်သိမ်းပေးခဲ့ကြောင်း၊ ယခုကဲ့ သို့ ဖြေလျော့မှုတွင် ငွေကြေး တစ်စုံတစ်ရာ မပေးရကြောင်းနှင့် ခံဝန်လက်မှတ်သာ ရေးထိုးခဲ့ရသည်ဟု အသနားခံ တင်ပြသူများ က ဆိုသည်။

ထို့ကဲ့သို့ ဖြေလျော့ပေးရန် တင်ပြထားသူအချို့ ရှိနေသေးကြောင်း မြောင်းမြမြို့နယ် အတွင်း ပုဒ်မ ၅၀၅ ဖြင့် ဖမ်း ဝရမ်းထုတ် ခံထားရသူ ၂၀ ဦးကျော် ရှိကြောင်း ဒေသခံ နိုင်ကျဉ်းအဖွဲ့၏ စာရင်းဇယား မှတ်တမ်းများအရ သိရ သည်။

*** ZAWGYI ***
ဧရာဝတီတိုင္းတြင္ ဖမ္းဝရမ္း ထုတ္ခံထားရသူ အခ်ိဳ႕ အသနားခံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။

ဧရာဝတီတိုင္း ေျမာင္းျမၿမိဳ႕နယ္အတြင္း ပုဒ္ မ ၅၀၅ ျဖင့္ ဖမ္းဝရမ္းထုတ္ခံထားရသူ အခ်ိဳ႕ က ေျဖေလ်ာ့ေပးရန္ အသနားခံ စာကို ၾသဂုတ္ ၁၉ ရက္ေန႔ က တင္ျပခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေက်ာင္းအုပ္ဆရာ ၂ ဦး၊ အေထြေထြလုပ္သား ၁ ဦး၊ ေ႐ႊဆိုင္လုပ္ငန္းရွင္ အမ်ိဳးသမီး ၁ ဦး တို႔ အပါအဝင္ ၇ ဦး တို႔ က ၎တို႔အား ဆြဲဆိုထားသည့္ အမႈအား ေျဖေလ်ာ့ ႐ုပ္သိမ္းေပးရန္ အသနားခံစာတင္ျပျခင္း ျဖစ္ေၾကာင္း သိရ သည္။

“က်ေနာ္တို႔ စစ္အာဏာသိမ္းတာကို မႀကိဳက္ေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့တာပါ။ ဒါေပမယ့္ ဆြဲဆိုတဲ့ ပုဒ္မ က ေလးပင္ လြန္းတယ္။ ေရွာင္ေနရတာ အဆင္မေျပဘူး။ သူတို႔ထံ ေျဖေလ်ာ့ေပးဖို႔ တင္ျပရင္ ေျဖေလ်ာ့ေပးမယ္ဆိုလို႔ တင္ ျပတာပါ။ ကိုယ္တိုင္ျဖစ္ေစ အုပ္ထိန္းသူက ျဖစ္ေစ ရဲစခန္းကို အသနားခံစာ တင္ျပရတာပါ” ဟု အသနားခံသူ မ်ားမွ တစ္ဦး က ေျပာသည္။

ၾသဂုတ္လ ၁၉ ရက္ေန႔က ေျမာင္းျမၿမိဳ႕မ ရဲစခန္းက အမႈေျဖေလ်ာ့ ႐ုပ္သိမ္းေပးရန္ တင္ျပလာသူ ၇ ဦးအား အခ်က္ ၃ ခ်က္တြင္ ခံဝန္လက္မွတ္ေရးထိုးေစၿပီး ဆြဲဆိုခံထားရသည့္ ပုဒ္မအား ႐ုပ္သိမ္းကာ အမႈပိတ္ေပး ခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕ မွ တာဝန္ရွိသူ က ေျပာသည္။

ေနာက္ေနာင္ ဆႏၵမျပရန္ ဝန္ခံကတိျပဳၿပီး ရဲတပ္ဖြဲ႕မွ ေၾကေအး ေျဖေလ်ာ့ အမႈပိတ္သိမ္းေပးခဲ့ေၾကာင္း၊ ယခုကဲ့ သို႔ ေျဖေလ်ာ့မႈတြင္ ေငြေၾကး တစ္စုံတစ္ရာ မေပးရေၾကာင္းႏွင့္ ခံဝန္လက္မွတ္သာ ေရးထိုးခဲ့ရသည္ဟု အသနားခံ တင္ျပသူမ်ား က ဆိုသည္။

ထို႔ကဲ့သို႔ ေျဖေလ်ာ့ေပးရန္ တင္ျပထားသူအခ်ိဳ႕ ရွိေနေသးေၾကာင္း ေျမာင္းျမၿမိဳ႕နယ္ အတြင္း ပုဒ္မ ၅၀၅ ျဖင့္ ဖမ္း ဝရမ္းထုတ္ ခံထားရသူ ၂၀ ဦးေက်ာ္ ရွိေၾကာင္း ေဒသခံ ႏိုင္က်ဥ္းအဖြဲ႕၏ စာရင္းဇယား မွတ္တမ္းမ်ားအရ သိရ သည္။