ကတ်ပြားများ ထုတ်ပေးသည့်နေရာများတွင် လူစုလူဝေးများ ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့် ကော့သောင်းမြို့ပေါ် ရပ်ကွက်အချို့၌ အပြင်ထွက်ခွင့်ကတ်ပြားနှင့် ဈေး ရောင်းချခွင့်ကတ်ပြားရရှိရေး စုပြုံတိုးဝှေ့ပြီး လူစုလူဝေးဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

မြိတ်မြို့တွင် လမ်းဘေး ဈေးရောင်းချခွင့်ကတ်ပြားအား မြိတ်ကန်ဖျားလမ်းမကြီးရှိ ဦးမြတ်လေးပန်းခြံဝန်း အတွင်းရှိ စည်ပင် သာယာရေးရုံးတွင် ထုတ်ပေးရာ ကတ်ပြားရရှိရေးအတွက် စုပြုံတိုးဝှေ့ကာ လူစုလူဝေးဖြစ်ပေါ်စေခဲ့သည်ဟု အသက် ၃၀ခန့်ရှိ ဈေးရောင်းချသူ အမျိုးသမီးတစ်ဦး က ပြောသည်။

“ဒီလို တနေရာထဲ တမြို့လုံးအတွက် ရောင်းချခွင့်ကတ်ပြားထုတ်ပေးတာ မဖြစ်သင့်ဘူး၊အခု ရောဂါပိုး ဖြန့်ဝေတဲ့ နေရာနဲ့ တူနေတယ်” ဟု စျေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ကော့သောင်းမြို့တွင်လည်း ဈေးရောင်းချခွင့်ကတ်အား ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင် ထုတ်ပေးခဲ့ရာ ဈေးသည်အများအပြားလာရောက်ထုတ်ယူသဖြင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။

ကော့သောင်းမြို့တွင်ရပ်ကွက်အချို့တွင် အပြင်ထွက်ခွင့်ကတ်ပြားအား အိမ်တိုင်ရာရောက် ထုတ်ပေးနေပြီး အောင်သုခရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက် တို့တွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးသဖြင့် လူစု လူဝေးဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

“ကတ်ပြားရှိမှ ဈေးရောင်းရမယ်ဆိုလို့ အတင်းတိုးပြီး သွားယူနေရတာ။ အချို့ကတ်ပြားမရသေးလို့ ဈေး ရောင်းချဖို့ ခက်ခဲနေသူတွေလည်း ရှိတယ်” ဟု ကော့သောင်းမြို့က ဈေးသည်အမျိုးသမီး တစ်ဦး က ပြောသည်။

မေလအတွင်းမှ စတင်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအတွင်း နေ့စဉ် ကူးစက် သေဆုံးမှုများပြား လာသဖြင့် ရောဂါထိန်းချုပ်မှု လုပ်ငန်းများ ထိရောက်လာစေရန်နှင့် ကူးစက်သေဆုံးမှုနှုန်းကျဆင်းစေရန်ဟုဆိုကာ သြဂုတ် ၂၁ရက်နေ့မှ စတင်ကာ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ကြီးများအား သက်ဆိုင်ရာမှ Stay at home သတ်မှတ်ခဲ့သည်။

မြိတ်နှင့်ကော့သောင်းမြို့ရှိ ရပ်ကွက်အချို့တွင် ဩဂုတ်လ ၂၀ ရက်နေ့ က အပြင်ထွက်ခွင့် ကတ်ပြား စတင်ထုတ် ပေးခဲ့ပြီး ၂၁ ရက်နေ့မှ ထုတ်ပေးသည့် ရပ်ကွက်လည်းရှိသည်ဟု ဒေသခံများထံမှသိရှိရသည်။

မြိတ်မြို့ပေါ်တွင် အပြင်ထွက်ခွင့်ကတ်ပြားများ ဝေငှရာတွင် အချို့ရပ်ကွက်များ၌ အခမဲ့ပေးဝေမှုများရှိပြီး အချို့ ရပ်ကွက်များ၌ ကျပ်ငွေ ၁၀၀ မှ ကျပ်ငွေ ၅၀၀ အထိ ရံပုံငွေထည့်ဝင်ပေးရန် ကောက်ခံမှုများရှိသည်ဟု ဒေသခံ များက ပြောဆိုသည်။

နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည် မြို့ခံ လူဦးရေထက် အနယ်နယ်အရပ်ရပ်မှ ရွေ့ပြောင်းအလုပ်
သမားများနေထိုင်မှုက ပိုမိုများပြားသည်။

ကော့သောင်းမြို့တွင် အများအားဖြင့် ကိုယ်ပိုင်အိမ်ရှိသူများထက် အိမ်ခန်းငှားနေထိုင်ကြသူ မိသားစုများက ပိုမိုများပြားသည်။

“အိမ်ထောင်စု စာရင်းရှိသူများကိုပဲ ဦးစားပေး အပြင်ထွတ်ခွင့်ကတ်ထုတ်ပေးတော့ ရွှေ့ပြောင်းလာသူ အိမ် ထောင်စု စာရင်း မပြနိုင်သူတွေက အပြင်ထွက်ခွင့် ကတ်ပြားထုတ်မရသေးတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်” ဟု အသက် ၅၀အရွယ် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး က ပြောသည်။

အိမ်ထောင်စုစာရင်း မပြနိုင်သူများက အပြင်ထွက်ခွင့်ကတ်ပြား ရလိုရငြား ရပ်ကွက်ရုံးတွင် သွားရောက် စောင့်ဆိုင်းနေကြခြင်းကလည်း လူစုလူဝေးဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းများထဲက တစ်ခုဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြိတ်၊ ကော့သောင်းမြို့များနည်းတူ ထားဝယ်မြို့တွင်လည်း အပြင်ထွက်ခွင့်ကတ်ပြားထုတ်ပေးရာတွင် လူစု၊ လူဝေး ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်အချို့လည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ကတ္ျပားမ်ား ထုတ္ေပးသည့္ေနရာမ်ားတြင္ လူစုလူေဝးမ်ား ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၃ ရက္။

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕ႏွင့္ ေကာ့ေသာင္းၿမိဳ႕ေပၚ ရပ္ကြက္အခ်ိဳ႕၌ အျပင္ထြက္ခြင့္ကတ္ျပားႏွင့္ ေဈး ေရာင္းခ်ခြင့္ကတ္ျပားရရွိေရး စုၿပဳံတိုးေဝွ႔ၿပီး လူစုလူေဝးျဖစ္ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ၿမိတ္ၿမိဳ႕တြင္ လမ္းေဘး ေဈးေရာင္းခ်ခြင့္ကတ္ျပားအား ၿမိတ္ကန္ဖ်ားလမ္းမႀကီးရွိ ဦးျမတ္ေလးပန္းၿခံဝန္း အတြင္းရွိ စည္ပင္ သာယာေရး႐ုံးတြင္ ထုတ္ေပးရာ ကတ္ျပားရရွိေရးအတြက္ စုၿပဳံတိုးေဝွ႔ကာ လူစုလူေဝးျဖစ္ေပၚေစခဲ့သည္ဟု အသက္ ၃၀ခန္႔ရွိ ေဈးေရာင္းခ်သူ အမ်ိဳးသမီးတစ္ဦး က ေျပာသည္။

“ဒီလို တေနရာထဲ တၿမိဳ႕လုံးအတြက္ ေရာင္းခ်ခြင့္ကတ္ျပားထုတ္ေပးတာ မျဖစ္သင့္ဘူး၊အခု ေရာဂါပိုးျ ဖန႔္ေဝတဲ့ ေနရာနဲ႔ တူေနတယ္” ဟု ေစ်းသည္အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အလားတူ ေကာ့ေသာင္းၿမိဳ႕တြင္လည္း ေဈးေရာင္းခ်ခြင့္ကတ္အား ပိေတာက္ေ႐ႊဝါရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး တြင္ ထုတ္ေပးခဲ့ရာ ေဈးသည္အမ်ားအျပားလာေရာက္ထုတ္ယူသျဖင့္ လူစုလူေဝး ျဖစ္ေပၚခဲ့သည္။

ေကာ့ေသာင္းၿမိဳ႕တြင္ရပ္ကြက္အခ်ိဳ႕တြင္ အျပင္ထြက္ခြင့္ကတ္ျပားအား အိမ္တိုင္ရာေရာက္ ထုတ္ေပးေနၿပီး ေအာင္သုခရပ္ကြက္၊ ေ႐ႊဟသၤာရပ္ကြက္ တို႔တြင္မူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ထုတ္ေပးသျဖင့္ လူစု လူေဝးျဖစ္ေပၚခဲ့ရေၾကာင္း ေဒသခံအခ်ိဳ႕က ေျပာသည္။

“ကတ္ျပားရွိမွ ေဈးေရာင္းရမယ္ဆိုလို႔ အတင္းတိုးၿပီး သြားယူေနရတာ။ အခ်ိဳ႕ကတ္ျပားမရေသးလို႔ ေဈး ေရာင္းခ်ဖို႔ ခက္ခဲေနသူေတြလည္း ရွိတယ္” ဟု ေကာ့ေသာင္းၿမိဳ႕က ေဈးသည္အမ်ိဳးသမီး တစ္ဦး က ေျပာသည္။

ေမလအတြင္းမွ စတင္ခဲ့သည့္ ကိုဗစ္-၁၉ ကပ္ေရာဂါ တတိယလႈိင္းအတြင္း ေန႔စဥ္ ကူးစက္ ေသဆုံးမႈမ်ားျပား လာသျဖင့္ ေရာဂါထိန္းခ်ဳပ္မႈ လုပ္ငန္းမ်ား ထိေရာက္လာေစရန္ႏွင့္ ကူးစက္ေသဆုံးမႈႏႈန္းက်ဆင္းေစရန္ဟုဆိုကာ ၾသဂုတ္ ၂၁ရက္ေန႔မွ စတင္ကာ ထားဝယ္၊ ၿမိတ္၊ ေကာ့ေသာင္းၿမိဳ႕ႀကီးမ်ားအား သက္ဆိုင္ရာမွ Stay at home သတ္မွတ္ခဲ့သည္။

ၿမိတ္ႏွင့္ေကာ့ေသာင္းၿမိဳ႕ရွိ ရပ္ကြက္အခ်ိဳ႕တြင္ ဩဂုတ္လ ၂၀ ရက္ေန႔ က အျပင္ထြက္ခြင့္ ကတ္ျပား စတင္ထုတ္ ေပးခဲ့ၿပီး ၂၁ ရက္ေန႔မွ ထုတ္ေပးသည့္ ရပ္ကြက္လည္းရွိသည္ဟု ေဒသခံမ်ားထံမွသိရွိရသည္။

ၿမိတ္ၿမိဳ႕ေပၚတြင္ အျပင္ထြက္ခြင့္ကတ္ျပားမ်ား ေဝငွရာတြင္ အခ်ိဳ႕ရပ္ကြက္မ်ား၌ အခမဲ့ေပးေဝမႈမ်ားရွိၿပီး အခ်ိဳ႕ ရပ္ကြက္မ်ား၌ က်ပ္ေငြ ၁၀၀ မွ က်ပ္ေငြ ၅၀၀ အထိ ရံပုံေငြထည့္ဝင္ေပးရန္ ေကာက္ခံမႈမ်ားရွိသည္ဟု ေဒသခံ မ်ားက ေျပာဆိုသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ ေကာ့ေသာင္းၿမိဳ႕သည္ ၿမိဳ႕ခံ လူဦးေရထက္ အနယ္နယ္အရပ္ရပ္မွ ေ႐ြ႕ေျပာင္းအလုပ္
သမားမ်ားေနထိုင္မႈက ပိုမိုမ်ားျပားသည္။

ေကာ့ေသာင္းၿမိဳ႕တြင္ အမ်ားအားျဖင့္ ကိုယ္ပိုင္အိမ္ရွိသူမ်ားထက္ အိမ္ခန္းငွားေနထိုင္ၾကသူ မိသားစုမ်ားက ပိုမိုမ်ားျပားသည္။

“အိမ္ေထာင္စု စာရင္းရွိသူမ်ားကိုပဲ ဦးစားေပး အျပင္ထြတ္ခြင့္ကတ္ထုတ္ေပးေတာ့ ေ႐ႊ႕ေျပာင္းလာသူ အိမ္ ေထာင္စု စာရင္း မျပႏိုင္သူေတြက အျပင္ထြက္ခြင့္ ကတ္ျပားထုတ္မရေသးတဲ့ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတယ္” ဟု အသက္ ၅၀အ႐ြယ္ ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦး က ေျပာသည္။

အိမ္ေထာင္စုစာရင္း မျပႏိုင္သူမ်ားက အျပင္ထြက္ခြင့္ကတ္ျပား ရလိုရျငား ရပ္ကြက္႐ုံးတြင္ သြားေရာက္ ေစာင့္ဆိုင္းေနၾကျခင္းကလည္း လူစုလူေဝးျဖစ္ေပၚရျခင္း၏ အေၾကာင္းအရင္းမ်ားထဲက တစ္ခုျဖစ္သည္ဟု ၎က ဆိုသည္။

ၿမိတ္၊ ေကာ့ေသာင္းၿမိဳ႕မ်ားနည္းတူ ထားဝယ္ၿမိဳ႕တြင္လည္း အျပင္ထြက္ခြင့္ကတ္ျပားထုတ္ေပးရာတြင္ လူစု၊ လူေဝး ျဖစ္ေပၚခဲ့သည့္ ရပ္ကြက္အခ်ိဳ႕လည္း ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။