“ဒလန်” စာရင်း ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်။

ဧရာဝတီတိုင်း အတွင်းရှိ စစ်ကောင်စီ၏ ဒလန် (သတင်းပေး) အမည်စာရင်းကို မြစ်ဝကျွန်းပေါ်ပြောက်ကြား စစ်ဆင်ရေးတပ်ပေါင်းစု (DGWCF)က သြဂုတ် ၂၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

စာရင်းတွင် ဟင်္သာတ၊ ပုသိမ်၊ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းမြို့များမှ ဒလန်ဟု စွပ်စွဲခံရသူများပါဝင်ပြီး ဟင်္သာတမြို့မှ ၁၁ ဦး၊ ပုသိမ် မြို့မှ ၁၂ ဦး ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း မြို့ ၃ နယ်ပေါင်း ၄၉ ဦး ရှိကြောင်း မြစ်ဝကျွန်း ပေါ်ပြောက်ကြား စစ်ဆင်ရေးတပ်ပေါင်းစု (DGWCF) ၏ လူမှုကွန်ယက်စာမျက်နှာ ကြေငြာချက် တွင် ဖော်ပြပါ ရှိသည်။

ယင်း ၄၉ တွင် သြဂုတ်လ ၁၈ ရက်နေ့ က အသုတ်မြို့တွင် ဒလန်ဟုဆိုကာ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးဝင်းနိုင်ဦး ၏ အမည် ထပ်မံလည်းပါဝင် နေသည်ကိုတွေ့ရသည်။

ထုတ်ပြန်လိုက်သည့် စာရင်းသည် ဒေသခံများ၏ တိကျသေချာသည့် သတင်းပေး ပို့ချက်များအရ မှတ်တမ်း ပြုစုထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထုတ်ပြန်လိုက်သည့် စာရင်းတွေ ပါဝင်သူများအတွက် နာမည်ရေးမှတ်ထားပြီးဖြစ်သော ကျည်တောင့်များ အသင့်ရှိနေကြောင်း ကြေငြာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

“ဒလန် ဝင်းနိုင်ဦးကို သေနတ်နဲ့ ပစ်သတ်ခံရတော့ အသုတ်မှာ လူ ၇ ဦး ကို ရိုက်နှက် ဖမ်းဆီးထားတယ်။ ခုထိ ပြန်မလွတ်သေးဘူး၊ အပြစ်မရှိတဲ့သူတွေကို ကြွက်မနိုင် ကျီမီးရှို့လုပ်မှာ စိုးရိမ်တယ်” ဟု အသုတ်မြို့ ဒေသခံ တစ်ဦးက ပြော သည်။

DGWCF အဖွဲ့အနေဖြင့် ပြည်သူလူထုကို ထိခိုက်မှုမရှိစေဘဲ အကြမ်းဖက် စစ်အုပ်စု ၏ ဒလန်များကို ၃၅ ကြိမ် တိုင် ပျောက်ကြားနည်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြစ်ဝကျွန်းပေါ်ပြောက်ကျား စစ်ဆင်ရေးတပ်ပေါင်းစု (DG WCF) ၏ ဩဂုတ်လ ၂၀ရက်နေ့က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
“ဒလန္” စာရင္း ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၃ ရက္။

ဧရာဝတီတိုင္း အတြင္းရွိ စစ္ေကာင္စီ၏ ဒလန္ (သတင္းေပး) အမည္စာရင္းကို ျမစ္ဝကြၽန္းေပၚေျပာက္ၾကား စစ္ဆင္ေရးတပ္ေပါင္းစု (DGWCF)က ၾသဂုတ္ ၂၂ ရက္ေန႔က ထုတ္ျပန္လိုက္သည္။

စာရင္းတြင္ ဟသၤာတ၊ ပုသိမ္၊ ေရၾကည္၊ အသုတ္၊ ငါးသိုင္းေခ်ာင္းၿမိဳ႕မ်ားမွ ဒလန္ဟု စြပ္စြဲခံရသူမ်ားပါဝင္ၿပီး ဟသၤာတၿမိဳ႕မွ ၁၁ ဦး၊ ပုသိမ္ ၿမိဳ႕မွ ၁၂ ဦး ေရၾကည္၊ အသုတ္၊ ငသိုင္းေခ်ာင္း ၿမိဳ႕ ၃ နယ္ေပါင္း ၄၉ ဦး ရွိေၾကာင္း ျမစ္ဝကြၽန္း ေပၚေျပာက္ၾကား စစ္ဆင္ေရးတပ္ေပါင္းစု (DGWCF) ၏ လူမႈကြန္ယက္စာမ်က္ႏွာ ေၾကျငာခ်က္ တြင္ ေဖာ္ျပပါ ရွိသည္။

ယင္း ၄၉ တြင္ ၾသဂုတ္လ ၁၈ ရက္ေန႔ က အသုတ္ၿမိဳ႕တြင္ ဒလန္ဟုဆိုကာ ေသနတ္ျဖင့္ ပစ္သတ္ခံရသည့္ ဦးဝင္းႏိုင္ဦး ၏ အမည္ ထပ္မံလည္းပါဝင္ ေနသည္ကိုေတြ႕ရသည္။

ထုတ္ျပန္လိုက္သည့္ စာရင္းသည္ ေဒသခံမ်ား၏ တိက်ေသခ်ာသည့္ သတင္းေပး ပို႔ခ်က္မ်ားအရ မွတ္တမ္း ျပဳစုထားျခင္း ျဖစ္သည္ဟု ဆိုသည္။

ထုတ္ျပန္လိုက္သည့္ စာရင္းေတြ ပါဝင္သူမ်ားအတြက္ နာမည္ေရးမွတ္ထားၿပီးျဖစ္ေသာ က်ည္ေတာင့္မ်ား အသင့္ရွိေနေၾကာင္း ေၾကျငာခ်က္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။

“ဒလန္ ဝင္းႏိုင္ဦးကို ေသနတ္နဲ႔ ပစ္သတ္ခံရေတာ့ အသုတ္မွာ လူ ၇ ဦး ကို ႐ိုက္ႏွက္ ဖမ္းဆီးထားတယ္။ ခုထိ ျပန္မလြတ္ေသးဘူး၊ အျပစ္မရွိတဲ့သူေတြကို ႂကြက္မႏိုင္ က်ီမီးရႈိ႕လုပ္မွာ စိုးရိမ္တယ္” ဟု အသုတ္ၿမိဳ႕ ေဒသခံ တစ္ဦးက ေျပာ သည္။

DGWCF အဖြဲ႕အေနျဖင့္ ျပည္သူလူထုကို ထိခိုက္မႈမရွိေစဘဲ အၾကမ္းဖက္ စစ္အုပ္စု ၏ ဒလန္မ်ားကို ၃၅ ႀကိမ္ တိုင္ ေပ်ာက္ၾကားနည္းျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း ျမစ္ဝကြၽန္းေပၚေျပာက္က်ား စစ္ဆင္ေရးတပ္ေပါင္းစု (DG WCF) ၏ ဩဂုတ္လ ၂၀ရက္ေန႔က ထုတ္ျပန္ထားသည္။