ခက်ခဲသော မိသားစုများကို မူဆလင်လူငယ်များ လှူဒါန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်။

အပြင်ထွက်သွားလာခွင့်ကန့်သတ်ထား သည့် ကမ်းနားပိုင်းရပ်ကွက်များရှိ စားဝတ်နေရေး ခက်ခဲနေသော အိမ်ထောင်စု ၃၇ စု အတွက် မကွေးတိုင်းဒေသကြီး၊ ကံမမြို့က မူဆလင်လူငယ်များက အခြေခံ စားသောက်ကုန်များ သြဂုတ်လ ၂၁ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ကံမမြို့တွင် ကျေးရွာ ၆ ရွာ နှင့် ရပ်ကွက် ၃ ခုကို ကိုဗစ်-၁၉ ရောရါပိုးတွေ့ရှိရသည်ဟု ဆိုကာ ရုတ်တရက် လော့ ဒေါင်းချခဲ့ခြင်းကြောင့် တနေ့လုပ်တနေ့စား လက်လုပ်လက်စားများမိသားစုများ စားဝတ်နေရေး ခက်နေသည်ဟု ကမ်းနားပိုင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

”လော့ဒေါင်းကြောင့် အနေအထိုင် အစားအသောက်ခက်ကုန်ပြီ။ အခုလို လှူသူရှိလို့ စားနေရသေးတာ” ဟု ပြည် သူမှပြည်သူသို့ ကူညီနေသည့် လူငယ်တစ်ဦး က ပြောသည်။

တမြို့ထဲသားများအတွက် မွတ်စလင်လူငယ်များက စုပေါင်းလှူဒါန်းကြခြင်းဖြစ်ပြီး ဆီ ၆၀ သား ၃၇ ထုပ်၊ ကြက် သွန်နီ ၅၀ သား ၃၇ ထုပ်၊ ငပိ ၂၅ ကျပ်သား ၃၇ ထုပ်၊ အချို့မှုန့် ၃၇ ထုပ်၊ ဒီဇယ် ၃ ဂါလံ ကာလတန်ဖိုး ၁၃၇၀၀၀ ကျပ်ကို ခက်ခဲသူများအား လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့က ကံမမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းအထောက်အကူပြု ကော်မတီ ကလည်း ကမ်းနားတန်းဟုခေါ်သည့် ကျောက်မှော်ဦးရပ်ကွက်တွင် မိသားစုဝင် ၃ ဦးရှိသည့် အိမ်ထောင်တစ်စု လျှင် ဆန် ၈ ပြည်၊ ကြက်ဥ ၁၀ လုံး၊ ဆီ ၅၀ ကျပ်သား၊ ဆား ၁ ထုပ်၊ ငပိ ၂ ထုပ်စီ နှင့် မိသားစုဝင် ၄ ဦးနှင့် အထက် ရှိသည့် အိမ်ထောင်စုတစ်စုကို ဆန်၁၀ပြည် ကြက်ဥ ၁၀ လုံး၊ ဆီ ၅၀ ကျပ်သား၊ ဆား၁ထုပ်၊ ငပိ ၂ ထုပ် လှူဒါန်းခဲ့ ကြောင်း သိရသည်။

*** ZAWGYI ***
ခက္ခဲေသာ မိသားစုမ်ားကို မူဆလင္လူငယ္မ်ား လႉဒါန္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၃ ရက္။

အျပင္ထြက္သြားလာခြင့္ကန႔္သတ္ထား သည့္ ကမ္းနားပိုင္းရပ္ကြက္မ်ားရွိ စားဝတ္ေနေရး ခက္ခဲေနေသာ အိမ္ေထာင္စု ၃၇ စု အတြက္ မေကြးတိုင္းေဒသႀကီး၊ ကံမၿမိဳ႕က မူဆလင္လူငယ္မ်ားက အေျခခံ စားေသာက္ကုန္မ်ား ၾသဂုတ္လ ၂၁ရက္က လႉဒါန္းခဲ့ေၾကာင္း သိရသည္။

ကံမၿမိဳ႕တြင္ ေက်း႐ြာ ၆ ႐ြာ ႏွင့္ ရပ္ကြက္ ၃ ခုကို ကိုဗစ္-၁၉ ေရာရါပိုးေတြ႕ရွိရသည္ဟု ဆိုကာ ႐ုတ္တရက္ ေလာ့ ေဒါင္းခ်ခဲ့ျခင္းေၾကာင့္ တေန႔လုပ္တေန႔စား လက္လုပ္လက္စားမ်ားမိသားစုမ်ား စားဝတ္ေနေရး ခက္ေနသည္ဟု ကမ္းနားပိုင္းရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

”ေလာ့ေဒါင္းေၾကာင့္ အေနအထိုင္ အစားအေသာက္ခက္ကုန္ၿပီ။ အခုလို လႉသူရွိလို႔ စားေနရေသးတာ” ဟု ျပည္ သူမွျပည္သူသို႔ ကူညီေနသည့္ လူငယ္တစ္ဦး က ေျပာသည္။

တၿမိဳ႕ထဲသားမ်ားအတြက္ မြတ္စလင္လူငယ္မ်ားက စုေပါင္းလႉဒါန္းၾကျခင္းျဖစ္ၿပီး ဆီ ၆၀ သား ၃၇ ထုပ္၊ ၾကက္ သြန္နီ ၅၀ သား ၃၇ ထုပ္၊ ငပိ ၂၅ က်ပ္သား ၃၇ ထုပ္၊ အခ်ိဳ႕မႈန႔္ ၃၇ ထုပ္၊ ဒီဇယ္ ၃ ဂါလံ ကာလတန္ဖိုး ၁၃၇၀၀၀ က်ပ္ကို ခက္ခဲသူမ်ားအား လႉဒါန္းေပးခဲ့ျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္ ၾသဂုတ္ ၂၀ ရက္ေန႔က ကံမၿမိဳ႕ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရး လုပ္ငန္းအေထာက္အကူျပဳ ေကာ္မတီ ကလည္း ကမ္းနားတန္းဟုေခၚသည့္ ေက်ာက္ေမွာ္ဦးရပ္ကြက္တြင္ မိသားစုဝင္ ၃ ဦးရွိသည့္ အိမ္ေထာင္တစ္စု လွ်င္ ဆန္ ၈ ျပည္၊ ၾကက္ဥ ၁၀ လုံး၊ ဆီ ၅၀ က်ပ္သား၊ ဆား ၁ ထုပ္၊ ငပိ ၂ ထုပ္စီ ႏွင့္ မိသားစုဝင္ ၄ ဦးႏွင့္ အထက္ ရွိသည့္ အိမ္ေထာင္စုတစ္စုကို ဆန္၁၀ျပည္ ၾကက္ဥ ၁၀ လုံး၊ ဆီ ၅၀ က်ပ္သား၊ ဆား၁ထုပ္၊ ငပိ ၂ ထုပ္ လႉဒါန္းခဲ့ ေၾကာင္း သိရသည္။