မကွေးလေတပ်မှ စစ်သည် ၃၆ ဦး လက်နက်များနှင့်အတူ ပြည်သူနှင့် ပူးပေါင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မကွေး လေတပ်စခန်းက စစ်သည် ၃၆ ဦး လက်နက်များယူဆောင်၍ ပြည့်သူရင်ခွင်ခိုလှုံသည့် ပြည်သူ့စစ်သားအဖြစ် ပူးပေါင်းလာကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေး တပ်မ တော်၏ အဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ထိုသတင်းတက်လာ၍ ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း အတည် ပြု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုနောက်ပိုင်း ပြည်သူဘက် ပူးပေါင်းမည့် CDM စစ်သားသည်များသည် တစ်ယောက်ချင်း နှစ်ယောက်ချင်း တပ်ကိုမစွန့်ခွာတော့ဘဲ အုပ်စုလိုက်စွန့်ခွာလာကြပြီး ၃၆ ဦး စလုံး လွတ်မြောက်နယ်မြေ ရောက်ရှိနေပြီ ဖြစ် ကြောင်း ၎င်းက ပြောသည်။

“CDM လုပ်လာတဲ့ စစ်သားတွေရဲ့ လုံခြုံရေးကို သက်ဆိုင်ရာ PDF တွေက ရာနှုန်းပြည့် တာဝန်ယူထားပါတယ်” ဟု မကွေးတိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အဖွဲ့ဝင်တစ်ဦး ကပြောသည်။

မကွေးလေတပ်စခန်းအား ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း ရှော့တိုက်ဒုံးနှင့် တစ်ကြိမ် ပစ်ခံရပြီး၊ ဩဂုတ် ၈ ရက်နေ့ကလည်း လေတပ်စခန်းထဲတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် တိုက်လေယာဉ် ခြောက်စီး ထိမှန် ခဲ့သည်။

ထိုဖြစ်စဉ်များသည် အတွင်းလူအခံမရှိဘဲ မဖြစ်နိုင်ကြောင်း မကွေးမြို့ရှိ ဒေသခံများက ခန့်မှန်းပြောဆိုနေကြ သည်။

နောက်ပိုင်းတွင် လုံခြုံရေးတင်းကြပ်ထားသည့် လေတပ်စခန်းတစ်ခုအတွင်း ဗုံးဖောက်ခွဲမှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းသို့ လုပ်ဆောင်ရာတွင် မဟာမိတ်တပ်ပေါင်းစုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း တပ်မတော်သားများအနေဖြင့် စစ်အုပ်စု၏ အကျိုးစီးပွားကို အသက် ပေးကာကွယ်မည့်အစား ပြည်သူ့ဘက်ရပ်တည်ကြရန် ထည့်သွင်းထုတ်ပြန်ထားသည်။

ယခုရက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်မှ ထွက်ပြေးသူအများအများရှိနေပြီး NUG နှင့် ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်းလာသူ ၁၅၀၀ ကျော် ခန့်ရှိကြောင်း ခန့်မှန်းပြောဆိုထားကြသည်။

ဩဂုတ် ၁၉ ရက်နေ့ ကလည်း မကွေးတိုင်းဒေသကြီး အောင်လံမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေး ပစ္စည်းစက်ရုံ (၁၅) မှ စစ်ဗိုလ်တစ်ဦး အပါအဝင် တပ်သား ၁၅ ယောက်ထွက်ပြေးခဲ့ကြောင်း တပ်သား တစ် ယောက် ကပစတပ်နှင့် နီးစပ်သည့် အောင်လံမြို့ခံတစ်ဦး ပြောသည်။

*** ZAWGYI ***
မေကြးေလတပ္မွ စစ္သည္ ၃၆ ဦး လက္နက္မ်ားႏွင့္အတူ ျပည္သူႏွင့္ ပူးေပါင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၃ ရက္။

အာဏာသိမ္း စစ္ေကာင္စီလက္ေအာက္ခံ မေကြး ေလတပ္စခန္းက စစ္သည္ ၃၆ ဦး လက္နက္မ်ားယူေဆာင္၍ ျပည့္သူရင္ခြင္ခိုလႈံသည့္ ျပည္သူ႔စစ္သားအျဖစ္ ပူးေပါင္းလာေၾကာင္း မေကြးတိုင္းျပည္သူ႔ကာကြယ္ေရး တပ္မ ေတာ္၏ အဖြဲ႕ဝင္ တစ္ဦးက အတည္ျပဳေျပာသည္။

လူမႈကြန္ယက္စာမ်က္ႏွာတြင္ ထိုသတင္းတက္လာ၍ ဆက္သြယ္ေမးျမန္းရာ ၎က အထက္ပါအတိုင္း အတည္ ျပဳ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

ယခုေနာက္ပိုင္း ျပည္သူဘက္ ပူးေပါင္းမည့္ CDM စစ္သားသည္မ်ားသည္ တစ္ေယာက္ခ်င္း ႏွစ္ေယာက္ခ်င္း တပ္ကိုမစြန႔္ခြာေတာ့ဘဲ အုပ္စုလိုက္စြန႔္ခြာလာၾကၿပီး ၃၆ ဦး စလုံး လြတ္ေျမာက္နယ္ေျမ ေရာက္ရွိေနၿပီ ျဖစ္ ေၾကာင္း ၎က ေျပာသည္။

“CDM လုပ္လာတဲ့ စစ္သားေတြရဲ႕ လုံၿခဳံေရးကို သက္ဆိုင္ရာ PDF ေတြက ရာႏႈန္းျပည့္ တာဝန္ယူထားပါတယ္” ဟု မေကြးတိုင္းျပည္သူ႔ကာကြယ္ေရး တပ္မေတာ္၏ အဖြဲ႕ဝင္တစ္ဦး ကေျပာသည္။

မေကြးေလတပ္စခန္းအား ဧၿပီလ ၂၉ ရက္ေန႔ နံနက္ပိုင္းကလည္း ေရွာ့တိုက္ဒုံးႏွင့္ တစ္ႀကိမ္ ပစ္ခံရၿပီး၊ ဩဂုတ္ ၈ ရက္ေန႔ကလည္း ေလတပ္စခန္းထဲတြင္ ျဖစ္ပြားခဲ့သည့္ ဗုံးေပါက္ကြဲမႈေၾကာင့္ တိုက္ေလယာဥ္ ေျခာက္စီး ထိမွန္ ခဲ့သည္။

ထိုျဖစ္စဥ္မ်ားသည္ အတြင္းလူအခံမရွိဘဲ မျဖစ္ႏိုင္ေၾကာင္း မေကြးၿမိဳ႕ရွိ ေဒသခံမ်ားက ခန႔္မွန္းေျပာဆိုေနၾက သည္။

ေနာက္ပိုင္းတြင္ လုံၿခဳံေရးတင္းၾကပ္ထားသည့္ ေလတပ္စခန္းတစ္ခုအတြင္း ဗုံးေဖာက္ခြဲမႈကို ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရးတပ္က ၎တို႔ လုပ္ေဆာင္ခဲ့သည္ဟု ထုတ္ျပန္ခဲ့သည္။

ယင္းသို႔ လုပ္ေဆာင္ရာတြင္ မဟာမိတ္တပ္ေပါင္းစုအဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရးတပ္က ထုတ္ျပန္သည္။

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားကလည္း တပ္မေတာ္သားမ်ားအေနျဖင့္ စစ္အုပ္စု၏ အက်ိဳးစီးပြားကို အသက္ ေပးကာကြယ္မည့္အစား ျပည္သူ႔ဘက္ရပ္တည္ၾကရန္ ထည့္သြင္းထုတ္ျပန္ထားသည္။

ယခုရက္ပိုင္း အာဏာသိမ္းစစ္ေကာင္စီ လက္ေအာက္ခံတပ္မွ ထြက္ေျပးသူအမ်ားအမ်ားရွိေနၿပီး NUG ႏွင့္ ျပည္ သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ား၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းလာသူ ၁၅၀၀ ေက်ာ္ ခန႔္ရွိေၾကာင္း ခန႔္မွန္းေျပာဆိုထားၾကသည္။

ဩဂုတ္ ၁၉ ရက္ေန႔ ကလည္း မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕ အေရွ႕ဘက္ရွိ စစ္ေကာင္စီ၏ ကာကြယ္ေရး ပစၥည္းစက္႐ုံ (၁၅) မွ စစ္ဗိုလ္တစ္ဦး အပါအဝင္ တပ္သား ၁၅ ေယာက္ထြက္ေျပးခဲ့ေၾကာင္း တပ္သား တစ္ ေယာက္ ကပစတပ္ႏွင့္ နီးစပ္သည့္ ေအာင္လံၿမိဳ႕ခံတစ္ဦး ေျပာသည္။