ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရန် အင်္ဂပူ PDF ဖိတ်ခေါ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။

မြန်မာနိုင်ငံအနှံ့တွင် ပြည်သူ့ ကာကွယ်ရေး တပ် PDF များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် လှည့်လည် ကြေညာနေစဉ်မှာပင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(PDF)က မြို့နယ်တွင်းရှိ ရဲတပ်ဖွဲ့ဝင်များအား လက်နက် အပြည့်အစုံဖြင့် လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။

“မြို့သိမ်းတိုက်ပွဲများ စတင်တိုက်ခိုက်တော့မည်ဖြစ်၍” အာဏာသိမ်း စစ်ကောင်စီဘက်မှ ပါဝင်တိုက်ခိုက်လိုခြင်း မရှိသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက် အပြည့်အစုံ ယူဆောင်လာ၍ ပူးပေါင်းကြရန် အင်္ဂပူ PDF ၏ သတင်းထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

လာရောက်ပူးပေါင်းသော ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး နှင့် စားဝတ်နေရေး ကို PDF အဖွဲ့မှ တာဝန်ယူပေးသွား မည် ဟု လည်း ထည့်သွင်းဖော်ပြထားသည်။

“တိုက်ပွဲတွေ ဖြစ်တော့မယ့် သတင်းက ပြန့်နှံ့ နေတယ်၊ အချို့ CDM လုပ်သွားတာ ရှိတယ်၊ အချို့က မိသားစု က ရှိနေတော့ CDMလုပ် ဖို့ ခက်ခဲနေတာပေါ့၊ တပ်ဖွဲ့မှာ မိုးကျရွှေကိုယ်တွေ လာဗိုလ်ကျနေတာကို မကျေနပ်သူ တွေလည်း အများကြီးရှိနေတယ်” ဟု ၈၈ အ ရေးတော်ပုံတွင် ပါဝင်ခဲ့သည့် ရဲတပ်ကြပ်ဟောင်း ဦးသိန်းမြင့် က ပြောသည်။

ဧရာဝတီတိုင်းတွင် ဟင်္သာတခရိုင် မြန်အောင်မြို့မှ ရဲတပ်ကြပ် ညီအစ်ကို ၂ ဦး ဖေဖော်ဝါရီလ ပထမပတ်က စတင်ကာ CDM လုပ်ခဲ့သဖြင့် စစ်ကောင်စီ ကထောင်ဒါဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း ယင်းတို့၏ ဖခင်ဖြစ်သူ ဦးသန့် စင် က ပြောသည်။

ဧရာဝတီတိုင်းတွင် နွေဦးတော်လှန်ရေး အစောပိုင်း ကာလ ဖေဖော်ဝါရီလ အတွင်းက ငွေဆောင် မြို့မ စခန်းမှူး အပါအဝင် မြို့အသီးသီး မှ CDM လုပ်ခဲ့သည့် ရဲဝန်ထမ်း ၄၀ ကျော် ရှိသည်။

*** ZAWGYI ***
ရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းရန္ အဂၤပူ PDF ဖိတ္ေခၚ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၄ ရက္။

ျမန္မာႏိုင္ငံအႏွံ႔တြင္ ျပည္သူ႔ ကာကြယ္ေရး တပ္ PDF မ်ားႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ (NUG) တို႔ကို အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအျဖစ္ လွည့္လည္ ေၾကညာေနစဥ္မွာပင္ ဧရာဝတီတိုင္းေဒသႀကီး အဂၤပူၿမိဳ႕ နယ္ အေျခစိုက္ ျပည္သူ႔ကာကြယ္ေရးတပ္ ဖြဲ႕(PDF)က ၿမိဳ႕နယ္တြင္းရွိ ရဲတပ္ဖြဲ႕ဝင္မ်ားအား လက္နက္ အျပည့္အစုံျဖင့္ လာေရာက္ ပူးေပါင္းရန္ ဖိတ္ေခၚလိုက္သည္။

“ၿမိဳ႕သိမ္းတိုက္ပြဲမ်ား စတင္တိုက္ခိုက္ေတာ့မည္ျဖစ္၍” အာဏာသိမ္း စစ္ေကာင္စီဘက္မွ ပါဝင္တိုက္ခိုက္လိုျခင္း မရွိသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ လက္နက္ အျပည့္အစုံ ယူေဆာင္လာ၍ ပူးေပါင္းၾကရန္ အဂၤပူ PDF ၏ သတင္းထုတ္ျပန္ လိုက္ျခင္းျဖစ္သည္။

လာေရာက္ပူးေပါင္းေသာ ရဲတပ္ဖြဲ႕ဝင္မ်ား၏ လုံၿခဳံေရး ႏွင့္ စားဝတ္ေနေရး ကို PDF အဖြဲ႕မွ တာဝန္ယူေပးသြား မည္ ဟု လည္း ထည့္သြင္းေဖာ္ျပထားသည္။

“တိုက္ပြဲေတြ ျဖစ္ေတာ့မယ့္ သတင္းက ျပန႔္ႏွံ႔ ေနတယ္၊ အခ်ိဳ႕ CDM လုပ္သြားတာ ရွိတယ္၊ အခ်ိဳ႕က မိသားစု က ရွိေနေတာ့ CDMလုပ္ ဖို႔ ခက္ခဲေနတာေပါ့၊ တပ္ဖြဲ႕မွာ မိုးက်ေ႐ႊကိုယ္ေတြ လာဗိုလ္က်ေနတာကို မေက်နပ္သူ ေတြလည္း အမ်ားႀကီးရွိေနတယ္” ဟု ၈၈ အ ေရးေတာ္ပုံတြင္ ပါဝင္ခဲ့သည့္ ရဲတပ္ၾကပ္ေဟာင္း ဦးသိန္းျမင့္ က ေျပာသည္။

ဧရာဝတီတိုင္းတြင္ ဟသၤာတခ႐ိုင္ ျမန္ေအာင္ၿမိဳ႕မွ ရဲတပ္ၾကပ္ ညီအစ္ကို ၂ ဦး ေဖေဖာ္ဝါရီလ ပထမပတ္က စတင္ကာ CDM လုပ္ခဲ့သျဖင့္ စစ္ေကာင္စီ ကေထာင္ဒါဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း ယင္းတို႔၏ ဖခင္ျဖစ္သူ ဦးသန႔္ စင္ က ေျပာသည္။

ဧရာဝတီတိုင္းတြင္ ေႏြဦးေတာ္လွန္ေရး အေစာပိုင္း ကာလ ေဖေဖာ္ဝါရီလ အတြင္းက ေငြေဆာင္ ၿမိဳ႕မ စခန္းမႉး အပါအဝင္ ၿမိဳ႕အသီးသီး မွ CDM လုပ္ခဲ့သည့္ ရဲဝန္ထမ္း ၄၀ ေက်ာ္ ရွိသည္။