ရဲတပ်ဖွဲ့မှ ထွက်လိုလျှင် ထောင်သုံးနှစ်ကျခံရမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။

မကွေးတိုင်းဒေသကြီး အတွင်းမှ သက်တမ်းလုနီး ရဲတပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်စာတင်သည့် အခါ ထောင်သုံးနှစ် ကျခံပြီးမှသာ ထွက်ခွင့်ရမည်ဟု အထက်အရာရှိက ပြောသည်ဟု အမှတ် ၂၅ ရဲတပ်ရင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမှတ် ၂၅ ရဲတပ်ရင်းက ရဲတပ်ကြပ်ကြီးတစ်ဦးက “ကျနော်က ရဲလုပ်သက်ပြည့်ဖို့ တစ်နှစ်ပဲ ကျန်တော့တယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ နှုတ်ထွက်စာ တင် တယ်။ ထောင်သုံးနှစ် ကျခံပြီးမှ ထွက်လို့ ရ မယ်။ ထောက်ပံ့စရိတ် ပင်စင်ခံစားခွင့် မရဘူးလို့ ဖိအားပေးခံရ တယ်” ဟု ပြောသည်။

လက်ရှိ ရဲဝတ်စုံဝတ်ပြီး ပြည်သူများကြားတွင် လက်နက်ကြီးကိုင်ပြီး လုံခြုံရေးတာဝန်ယူထားရသည့် အခါ မျက် နှာပူ မိကြောင်း၊ ပြည်သူများဖြင့် ထိပ်တိုက် မတွေ့အောင်ရှောင်ရကြောင်း၊ မိဘနှင့်မိသားစုအား ခြိမ်းခြောက် ဖိ အားပေးခံထားရကြောင်း ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်စစ်အာာဏာသိမ်းပြီး စစ်ကောင်စီအမိန့်ဖြင့် ရဲတပ်ဖွဲ့ဝင်များသည် နေ့ည အချိန်မရွေး လုံခြုံ ရေး တာဝန်ထမ်းဆောင်ရသဖြင့် အချို့ရဲတပ်ဖွဲ့ဝင်များမှာ အာဏာသိမ်း စစ်ကောင်စီ လက်အောက် တာဝန်ထမ်း ဆောင်လိုခြင်း မရှိသဖြင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုဝင်လာကြောင်း သိရသည်။

ဇူလိုင်လဆန်းမှ သြဂုတ်လ ၁၀ ရက်နေ့အထိ ပြည်သူ့ရင်ခွင် ခိုလှုံလာသော တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစု ပေါင်း ၇၁၉ ဦးရှိကြောင်း ပြည်သူ့ရင်ခွင် People’s Embrace အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ပြည်သူ့ ရင်ခွင်ခိုဝင်လာခြင်းသည် ပြည်သူ့ဘက်က လူတစ်ဦးမသေ၊ ကျည်တစ်တောင့်မကုန်ဘဲ စစ် ကောင်စီ အင်အား ၇၀၀ကျော်ကို ဖြိုချနိုင်ခဲ့ခြင်းဖြစ်သည် ဟု ပြည်သူ့ရင်ခွင် Peoples Embrace က ထုတ်ပြန် ထားသည်။

“ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမှန်တရားဘက်က ရပ်တည်လာသူ တပ်နဲ့ရဲက ပြည်သူ့ဘက်တော်သားတွေကို ဆက် လက်ကူညီထောက်ပံ့ဖို့ ပြည်သူတွေကိုယ်တိုင် ပါဝင်ကူညီနိုင်မယ့် နည်းလမ်းတွေကို မကြာခင်မှာ ကြေညာပေး မှာကြောင့် စောင့်မျှော်ပေးကြပါဦး” ဟု “People ‘s Embrace အဖွဲ့က ပြောသည်။

ဇူလိုင် ၁ ရက်နေ့ မှ ၁၄ ရက်နေ့အထိ CDM ပြုလုပ်လာသည့် တပ်မတော်သား အယောက် ၅၀ နှင့် ရဲတပ်ဖွဲ့ဝင် ၅၅ ယောက် ကို ပြည်သူ့ရင်ခွင်အဖွဲ့က ငွေသားအကူအညီ စုစုပေါင်း ၃,၂၄၅,၀၀၀ ကျပ် ကူညီခဲ့ပြီး အခြား အကူအညီများလည်း ထောက်ပံ့ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

*** ZAWGYI ***
ရဲတပ္ဖြဲ႕မွ ထြက္လိုလွ်င္ ေထာင္သုံးႏွစ္က်ခံရမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၅ ရက္။

မေကြးတိုင္းေဒသႀကီး အတြင္းမွ သက္တမ္းလုနီး ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ႏႈတ္ထြက္စာတင္သည့္ အခါ ေထာင္သုံးႏွစ္ က်ခံၿပီးမွသာ ထြက္ခြင့္ရမည္ဟု အထက္အရာရွိက ေျပာသည္ဟု အမွတ္ ၂၅ ရဲတပ္ရင္းက ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

အမွတ္ ၂၅ ရဲတပ္ရင္းက ရဲတပ္ၾကပ္ႀကီးတစ္ဦးက “က်ေနာ္က ရဲလုပ္သက္ျပည့္ဖို႔ တစ္ႏွစ္ပဲ က်န္ေတာ့တယ္။ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္နဲ႔ ႏႈတ္ထြက္စာ တင္ တယ္။ ေထာင္သုံးႏွစ္ က်ခံၿပီးမွ ထြက္လို႔ ရ မယ္။ ေထာက္ပံ့စရိတ္ ပင္စင္ခံစားခြင့္ မရဘူးလို႔ ဖိအားေပးခံရ တယ္” ဟု ေျပာသည္။

လက္ရွိ ရဲဝတ္စုံဝတ္ၿပီး ျပည္သူမ်ားၾကားတြင္ လက္နက္ႀကီးကိုင္ၿပီး လုံၿခဳံေရးတာဝန္ယူထားရသည့္ အခါ မ်က္ ႏွာပူ မိေၾကာင္း၊ ျပည္သူမ်ားျဖင့္ ထိပ္တိုက္ မေတြ႕ေအာင္ေရွာင္ရေၾကာင္း၊ မိဘႏွင့္မိသားစုအား ၿခိမ္းေျခာက္ ဖိ အားေပးခံထားရေၾကာင္း ၎က ဆက္ေျပာသည္။

ေဖေဖာ္ဝါရီလ ၁ ရက္စစ္အာာဏာသိမ္းၿပီး စစ္ေကာင္စီအမိန႔္ျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ေန႔ည အခ်ိန္မေ႐ြး လုံၿခဳံ ေရး တာဝန္ထမ္းေဆာင္ရသျဖင့္ အခ်ိဳ႕ရဲတပ္ဖြဲ႕ဝင္မ်ားမွာ အာဏာသိမ္း စစ္ေကာင္စီ လက္ေအာက္ တာဝန္ထမ္း ေဆာင္လိုျခင္း မရွိသျဖင့္ CDM ျပဳလုပ္ၿပီး ျပည္သူ႔ရင္ခြင္ ခိုဝင္လာေၾကာင္း သိရသည္။

ဇူလိုင္လဆန္းမွ ၾသဂုတ္လ ၁၀ ရက္ေန႔အထိ ျပည္သူ႔ရင္ခြင္ ခိုလႈံလာေသာ တပ္မေတာ္သားႏွင့္ ရဲတပ္ဖြဲ႕ဝင္ စုစု ေပါင္း ၇၁၉ ဦးရွိေၾကာင္း ျပည္သူ႔ရင္ခြင္ People’s Embrace အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ယင္းကဲ့သို႔ ျပည္သူ႔ ရင္ခြင္ခိုဝင္လာျခင္းသည္ ျပည္သူ႔ဘက္က လူတစ္ဦးမေသ၊ က်ည္တစ္ေတာင့္မကုန္ဘဲ စစ္ ေကာင္စီ အင္အား ၇၀၀ေက်ာ္ကို ၿဖိဳခ်ႏိုင္ခဲ့ျခင္းျဖစ္သည္ ဟု ျပည္သူ႔ရင္ခြင္ Peoples Embrace က ထုတ္ျပန္ ထားသည္။

“ျပည္သူ႔ရင္ခြင္ခိုလႈံၿပီး အမွန္တရားဘက္က ရပ္တည္လာသူ တပ္နဲ႔ရဲက ျပည္သူ႔ဘက္ေတာ္သားေတြကို ဆက္ လက္ကူညီေထာက္ပံ့ဖို႔ ျပည္သူေတြကိုယ္တိုင္ ပါဝင္ကူညီႏိုင္မယ့္ နည္းလမ္းေတြကို မၾကာခင္မွာ ေၾကညာေပး မွာေၾကာင့္ ေစာင့္ေမွ်ာ္ေပးၾကပါဦး” ဟု “People ‘s Embrace အဖြဲ႕က ေျပာသည္။

ဇူလိုင္ ၁ ရက္ေန႔ မွ ၁၄ ရက္ေန႔အထိ CDM ျပဳလုပ္လာသည့္ တပ္မေတာ္သား အေယာက္ ၅၀ ႏွင့္ ရဲတပ္ဖြဲ႕ဝင္ ၅၅ ေယာက္ ကို ျပည္သူ႔ရင္ခြင္အဖြဲ႕က ေငြသားအကူအညီ စုစုေပါင္း ၃,၂၄၅,၀၀၀ က်ပ္ ကူညီခဲ့ၿပီး အျခား အကူအညီမ်ားလည္း ေထာက္ပံ့ကူညီေပးႏိုင္ခဲ့ေၾကာင္း သိရသည္။