မြောင်းမြမြို့နယ်တွင် NLD ကို တရားမဝင် ပါတီဖြစ်ကြောင်း လှည့်လည် ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးရုံးအဖွဲ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကိုပါ တရားမဝင်ပါတီဖြစ်ကြောင်း သြဂုတ်လ ၂၄ ရက်နေ့က အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့သည်ဟု ဒေသခံများက ပြော သည်။

NUG သည် မတရား အသင်းဖြစ်၍ မယုံကြည် မထောက်ခံကြရန်၊ PDF သည် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်၍ မကူညီကြရန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် တရားမဝင်ပါတီဖြစ်၍ ယင်းပါတီ၏ ပြောဆိုမှု များကို မယုံကြည်ကြရန် လိုက်ပါဆောင်ရွက်ခြင်း မပြုကြရန် ကြေညာသွားကြောင်း မြို့ခံ များက ပြောသည်။

“NUG, PDF, NLD က အကြမ်းဖက် မတရားအသင်းတွေ ဖြစ်တယ်။ ဗုံးခွဲတိုက်ခိုက် မီးရှို့၊ တိုင်းပြည် ဆူပူအောင် လုပ်နေတာကြောင့် မထောက်ခံကြဖို့ မကူညီမထောက်ပံ့ကြဖို့ ကြေညာသွားတယ်” ဟု မြောင်းမြမြို့ခံ ဦးလင်း အောင် က ပြောသည်။

ထိုသို့ မကြေညာခင် တစ်ရက်က ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များအား လက်ကိုင်စပီကာဖြင့် ရပ်ကွက်အတွင်း လိုက်လံကြေညာ ခိုင်းသော်လည်း ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင် အများစုက ကြေညာပေးခြင်း မပြုသဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ကြေညာရခြင်း ဖြစ်ကြောင်း သိရသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို တာဝန်ပေးတယ်။ ဒလန်ကောင် လော်ဘီကောင် သတ်မှတ်ခံရမှာ စိုးရိမ်လို့ မလုပ်ကြဘူး၊ ဆိုက်ကားသမားကို ငွေပေးပြီး အသံသွင်းထားတာကို ကြေညာခိုင်းတော့လည်း မလုပ်ရဲဘူး ပြော တယ်” ဟု ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး က ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့ ကလည်း ပန်းတနော်မြို့ နှင့် ညောင်တုန်းမြို့ စစ်ကောင်စီအဖွဲ့က NUG, PDF အဖွဲ့များနှင့် NLD ပါတို့ သည် မတရားအသင်း အကြမ်းဖက်အဖွဲ့များ ဖြစ်၍ မထောက်ခံကြရန် ကြေညာခဲ့သည်။

၂၀၂၀ ခုနှစ် ရွေးကောက်ခံ လွတ်တော်ကိုယ်စားလှယ်များ၏ CRPH အဖွဲ့ ၊ တိုင်းရင်းသား အဖွဲ့အစည်း ကိုယ်စား လှယ်များ နှင့် နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင်များ ပါဝင်သော အမျိုးသားညီညွှတ်ရေး အစိုးရအဖွဲ့ NUG ကလည်း အပြစ်မဲ့ပြည်သူ ၁၀၀၀ ကျော်ကို သတ်ဖြတ်ထားသည့် အာဏာသိမ်း စစ်ကောင်စီအား အကြမ်း ဖက် အာဏာသိမ်း အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

*** ZAWGYI ***
ေျမာင္းျမၿမိဳ႕နယ္တြင္ NLD ကို တရားမဝင္ ပါတီျဖစ္ေၾကာင္း လွည့္လည္ ေၾကညာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၅ ရက္။

ဧရာဝတီတိုင္းေဒသႀကီး ေျမာင္းျမၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရး႐ုံးအဖြဲ႕က အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီကိုပါ တရားမဝင္ပါတီျဖစ္ေၾကာင္း ၾသဂုတ္လ ၂၄ ရက္ေန႔က အသံခ်ဲ႕စက္ျဖင့္ လိုက္လံေၾကညာခဲ့သည္ဟု ေဒသခံမ်ားက ေျပာ သည္။

NUG သည္ မတရား အသင္းျဖစ္၍ မယုံၾကည္ မေထာက္ခံၾကရန္၊ PDF သည္ အၾကမ္းဖက္ အဖြဲ႕အစည္း ျဖစ္၍ မကူညီၾကရန္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီသည္ တရားမဝင္ပါတီျဖစ္၍ ယင္းပါတီ၏ ေျပာဆိုမႈ မ်ားကို မယုံၾကည္ၾကရန္ လိုက္ပါေဆာင္႐ြက္ျခင္း မျပဳၾကရန္ ေၾကညာသြားေၾကာင္း ၿမိဳ႕ခံ မ်ားက ေျပာသည္။

“NUG, PDF, NLD က အၾကမ္းဖက္ မတရားအသင္းေတြ ျဖစ္တယ္။ ဗုံးခြဲတိုက္ခိုက္ မီးရႈိ႕၊ တိုင္းျပည္ ဆူပူေအာင္ လုပ္ေနတာေၾကာင့္ မေထာက္ခံၾကဖို႔ မကူညီမေထာက္ပံ့ၾကဖို႔ ေၾကညာသြားတယ္” ဟု ေျမာင္းျမၿမိဳ႕ခံ ဦးလင္း ေအာင္ က ေျပာသည္။

ထိုသို႔ မေၾကညာခင္ တစ္ရက္က ရပ္/ေက်း အုပ္ခ်ဳပ္ေရး အဖြဲ႕မ်ားအား လက္ကိုင္စပီကာျဖင့္ ရပ္ကြက္အတြင္း လိုက္လံေၾကညာ ခိုင္းေသာ္လည္း ရပ္ေက်း အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ အမ်ားစုက ေၾကညာေပးျခင္း မျပဳသျဖင့္ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးက ေၾကညာရျခင္း ျဖစ္ေၾကာင္း သိရသည္။

“ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြကို တာဝန္ေပးတယ္။ ဒလန္ေကာင္ ေလာ္ဘီေကာင္ သတ္မွတ္ခံရမွာ စိုးရိမ္လို႔ မလုပ္ၾကဘူး၊ ဆိုက္ကားသမားကို ေငြေပးၿပီး အသံသြင္းထားတာကို ေၾကညာခိုင္းေတာ့လည္း မလုပ္ရဲဘူး ေျပာ တယ္” ဟု ရပ္ေက်း အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။

ၾသဂုတ္လ ၂၃ ရက္ေန႔ ကလည္း ပန္းတေနာ္ၿမိဳ႕ ႏွင့္ ေညာင္တုန္းၿမိဳ႕ စစ္ေကာင္စီအဖြဲ႕က NUG, PDF အဖြဲ႕မ်ားႏွင့္ NLD ပါတို႔ သည္ မတရားအသင္း အၾကမ္းဖက္အဖြဲ႕မ်ား ျဖစ္၍ မေထာက္ခံၾကရန္ ေၾကညာခဲ့သည္။

၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ခံ လြတ္ေတာ္ကိုယ္စားလွယ္မ်ား၏ CRPH အဖြဲ႕ ၊ တိုင္းရင္းသား အဖြဲ႕အစည္း ကိုယ္စား လွယ္မ်ား ႏွင့္ ေႏြဦးေတာ္လွန္ေရး သပိတ္ေခါင္းေဆာင္မ်ား ပါဝင္ေသာ အမ်ိဳးသားညီၫႊတ္ေရး အစိုးရအဖြဲ႕ NUG ကလည္း အျပစ္မဲ့ျပည္သူ ၁၀၀၀ ေက်ာ္ကို သတ္ျဖတ္ထားသည့္ အာဏာသိမ္း စစ္ေကာင္စီအား အၾကမ္း ဖက္ အာဏာသိမ္း အဖြဲ႕အျဖစ္ သတ္မွတ္ထားသည္။