KNC ဥက္ကဌ ဒေါက်တာ M ကောန်လ ဖမ်းဆီး ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်း ဆီးသွားသည်ဟု KNC ပါတီဝင်များက အတည်ပြုပြောသည်။

ဒေါက်တာ M ကောန်လကို ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က နေပြည်တော်ရှိ ၎င်း၏ ဆေးခန်းမှ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု KNC ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မနေ့ညနေ မနေ့က ၄ နာရီလောက်က သူ့ရဲ့ ဆေးခန်းမှာ စောင့်ပြီးတော့ ဖမ်းသွားတယ်လို့ ပြောတယ်။ အိမ်က ကားပါ ပါသွားတယ်။ သူ့ကိုတခါတည်း စောင့်ပြီးမှ ဖမ်းသွားတာ။ ကားပါပါသွားတယ်။ သူတို့က ဆေးခန်းမှာ စောင့်ပြီးဖမ်းတယ်လို့ ပြောတယ်။ သူနေပြည်တော်မှာ ဖမ်းခံရတယ်ဆိုတာ ဟုတ်ပါတယ်” ဟု KNC ပါတီမှ တာ ဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒေါက်တာ Mကောန်လ သည် နေပြည်တော်တွင် နေထိုင်လျှက်ရှိပြီး ဆေးခန်းလည်း ဖွင့်ထားသည်။

ဒေါက်တာ Mကောန်လကို နေပြည်တော်ရှိ ၎င်း၏ ဆေးခန်းတွင် စောင့်ကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့ အချိန် ထိ မည်သည့်နေရာတွင် ချုပ်နှောင်ဖမ်းဆီးထားသည်ကို မသိရသေးဘူးဟု ပါတီဝင်တစ်ဦးက ပြောသည်။

“အရပ်ဝတ်တွေနဲ့လာဖမ်းသွားတယ်လို့ ပြောတယ်။ ရဲလား တပ်ကလားဆိုတာ အတိအကျပြောလို့ ခက်နေ တယ်။ ဘာလို့လည်းဆိုတော့ အရပ်ဝတ်တွေနဲ့လာဖမ်းသွားတာ။ ဘာမှလည်း သတင်းမရသေးဘူး ဒီနေ့အထိ။ ဘယ်မှာ ထားလဲ၊ ဘာလို့ဖမ်းတာလည်း ဘာမှ မသိရသေးဘူးဗျ။ ပါတီအနေနဲ့လည်း အစည်းအဝေးလုပ်နေ တယ်။ ဘာဆုံး ဖြတ်ချက်မှတော့ မချရသေးဘူး။”

ဒေါက်တာ Mကောန်လ သည် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဋ္ဌဖြစ်ပြီး ၎င်းအနေဖြင့် ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါက်တာ Mကောန်လသည် မိုးမောက်မြို့နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် ၄ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် ကချင်နိုင်ငံရေးပါတီအချို့က ခေါင်းဆောင်များ၊ တသီး ပုဂ္ဂလ ကချင်အရေး တက်ကြွ လှုပ်ရှားသူများ ပါဝင်သည့် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (Kachin People’s Political Front-KPPF) အဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

Photo – KNC ပါတီ Facebook

*** ZAWGYI ***
KNC ဥကၠဌ ေဒါက္တာ M ေကာန္လ ဖမ္းဆီး ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၆ ရက္။

ကခ်င္အမ်ိဳးသားကြန္ဂရက္ (KNC) ပါတီ ဥကၠ႒ ေဒါက္တာ M ေကာန္လ ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္း ဆီးသြားသည္ဟု KNC ပါတီဝင္မ်ားက အတည္ျပဳေျပာသည္။

ေဒါက္တာ M ေကာန္လကို ဩဂုတ္လ ၂၅ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ခန႔္က ေနျပည္ေတာ္ရွိ ၎၏ ေဆးခန္းမွ ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု KNC ပါတီမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

“မေန႔ညေန မေန႔က ၄ နာရီေလာက္က သူ႔ရဲ႕ ေဆးခန္းမွာ ေစာင့္ၿပီးေတာ့ ဖမ္းသြားတယ္လို႔ ေျပာတယ္။ အိမ္က ကားပါ ပါသြားတယ္။ သူ႔ကိုတခါတည္း ေစာင့္ၿပီးမွ ဖမ္းသြားတာ။ ကားပါပါသြားတယ္။ သူတို႔က ေဆးခန္းမွာ ေစာင့္ၿပီးဖမ္းတယ္လို႔ ေျပာတယ္။ သူေနျပည္ေတာ္မွာ ဖမ္းခံရတယ္ဆိုတာ ဟုတ္ပါတယ္” ဟု KNC ပါတီမွ တာ ဝန္ရွိသူ တစ္ဦးက ေျပာသည္။

ေဒါက္တာ Mေကာန္လ သည္ ေနျပည္ေတာ္တြင္ ေနထိုင္လွ်က္ရွိၿပီး ေဆးခန္းလည္း ဖြင့္ထားသည္။

ေဒါက္တာ Mေကာန္လကို ေနျပည္ေတာ္ရွိ ၎၏ ေဆးခန္းတြင္ ေစာင့္ကာ ဖမ္းဆီးသြားျခင္းျဖစ္ၿပီး ယေန႔ အခ်ိန္ ထိ မည္သည့္ေနရာတြင္ ခ်ဳပ္ေႏွာင္ဖမ္းဆီးထားသည္ကို မသိရေသးဘူးဟု ပါတီဝင္တစ္ဦးက ေျပာသည္။

“အရပ္ဝတ္ေတြနဲ႔လာဖမ္းသြားတယ္လို႔ ေျပာတယ္။ ရဲလား တပ္ကလားဆိုတာ အတိအက်ေျပာလို႔ ခက္ေန တယ္။ ဘာလို႔လည္းဆိုေတာ့ အရပ္ဝတ္ေတြနဲ႔လာဖမ္းသြားတာ။ ဘာမွလည္း သတင္းမရေသးဘူး ဒီေန႔အထိ။ ဘယ္မွာ ထားလဲ၊ ဘာလို႔ဖမ္းတာလည္း ဘာမွ မသိရေသးဘူးဗ်။ ပါတီအေနနဲ႔လည္း အစည္းအေဝးလုပ္ေန တယ္။ ဘာဆုံး ျဖတ္ခ်က္မွေတာ့ မခ်ရေသးဘူး။”

ေဒါက္တာ Mေကာန္လ သည္ ကခ်င္အမ်ိဳးသားကြန္ဂရက္ (KNC) ပါတီ ဥကၠ႒ျဖစ္ၿပီး ၎အေနျဖင့္ ၂၀၁၅ ခုႏွစ္ ႏွင့္ ၂၀၂၀ ျပည့္ႏွစ္တို႔တြင္ က်င္းပခဲ့သည့္ အေထြေထြေ႐ြးေကာက္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ေဒါက္တာ Mေကာန္လသည္ မိုးေမာက္ၿမိဳ႕နယ္ အမ်ိဳးသားလြတ္ေတာ္ မဲဆႏၵနယ္ အမွတ္ ၄ မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း အႏိုင္ရရွိခဲ့ျခင္း မရွိေပ။

ထို႔အျပင္ စစ္အာဏာသိမ္းၿပီးေနာက္ ဖြဲ႕စည္းထားသည့္ ကခ်င္ႏိုင္ငံေရးပါတီအခ်ိဳ႕က ေခါင္းေဆာင္မ်ား၊ တသီး ပုဂၢလ ကခ်င္အေရး တက္ႂကြ လႈပ္ရွားသူမ်ား ပါဝင္သည့္ ကခ်င္ျပည္သူ႔ႏိုင္ငံေရးေရွ႕ေဆာင္အဖြဲ႕ (Kachin People’s Political Front-KPPF) အဖြဲ႕၏ ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္သည္။

Photo – KNC ပါတီ Facebook