မိုင်းနင်းပြီး ထိခိုက်ထားသူ တစ်ဦး ကြိုးဆွဲချ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းက မိုင်းနင်းမိပြီးထိခိုက်ဒဏ်ရာ ရထား သည့် ဒေသခံတစ်ဦး ကြိုးဆွဲချပြီး သေဆုံးသွားသည်ဟု ဒေသခံများနှင့် ကျေးရွာတာဝန်ရှိ သူများက ပြောသည်။

ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စု၊ ပန်မကျေးရွာက မိုင်းအိုက်ညီသည် မိုင်းနင်းမိပြီးနောက် မိသားစုအတွင်းမှာ စားဝတ် နေရေးအခက်အခဲတွေဖြစ်လာသည့်အတွက် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်မည်ဟု ကျေးရွာ ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“သူက မိုင်းနင်းမိပြီး စိတ်ဓါတ်ကျနေတာမျိုး ဖြစ်နေတာ။ အခုဆို မိသားစုက စားဝတ်နေရေး အခက်ဖြစ် တယ်။ တိုက်ပွဲတွေကလည်း မကြာခနဖြစ်နေတော့ ပိုဆိုးလာတယ်။ အဲ့ဒါ သူကြိုးဆွဲချပြီး သတ်သေသွားတယ်” ဟု ပြောသည်။

ကျောက်မဲမြို့ပေါ်ရောက် စစ်ရှောင်တစ်ဦးက လက်နက်ကိုင်များအနေဖြင့် ကျေးရွာများအနီးနှင့် ပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်များဖြစ်သည့် တောင်ယာများ၊ လက်ဖက်ခြံများနှင့် လူသွားလမ်းများတွင် မိုင်းထောင်ခြင်းများ မလုပ်စေချင်ကြောင်း ပြောသည်။

“ကျနော်တို့က ဘာပြောလို့ရမလဲ၊ စစ်ပွဲက မဖြစ်စေချင်လည်း ဖြစ်နေတာပဲ။ သူတို့ဖြစ်ပြီဆိုရင် ထွက်ပြေးရ ပြီ။ ပြေးရင်းနဲ့လည်း မိုင်းနင်းမိတာမျိုးတွေရှိတယ်။ အလုပ်သွားရင်းလည်း နင်းမိတယ်။ တောင်ယာသွားလည်း နင်း မိကြတယ်။ လက်ဖက်ခူးသွားရင်လည်း နင်းမိတာတွေရှိတယ်။ မိုင်းတော့ ရွာတွေနားမှာ မထောင်စေချင် ဘူး နော်။ ကျနော်တို့ အလုပ်လုပ်တဲ့နေရာတွေမှာလည်း မိုင်းထောင်းထားတာတွေရှိတော့ အဲ့လိုမျိုး မထောင်စေ ချင်ဘူး။”

အသက် ၃၁ နှစ်အရွယ် သေဆုံးသူ မိုင်းအိုက်ညီသည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်က လက်ဖက်ခူးသွားရင်း မိုင်း နင်းမိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုင်းအိုက်ညီမိုင်းနင်းမိတဲ့နေ့တွင် ပန်မကျေးရွာက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးလည်း မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ ယနေ့ အချိန်ထိ တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP ပူးပေါင်း တပ်ဖွဲ့များနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာ နေဆဲ ဖြစ်သည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံ ပြည်သူလည်း တစ်ထောင်ကျော်လည်း နေရပ်စွန့်ခွာပြီး စစ်ဘေးလွတ်ရာ နေရာ များတွင် ထွက်ပြေးခိုလှုံ နေကြရသည်။

*** ZAWGYI ***
မိုင္းနင္းၿပီး ထိခိုက္ထားသူ တစ္ဦး ႀကိဳးဆြဲခ် ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၆ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းက မိုင္းနင္းမိၿပီးထိခိုက္ဒဏ္ရာ ရထား သည့္ ေဒသခံတစ္ဦး ႀကိဳးဆြဲခ်ၿပီး ေသဆုံးသြားသည္ဟု ေဒသခံမ်ားႏွင့္ ေက်း႐ြာတာဝန္ရွိ သူမ်ားက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ ပန္လင္ေက်း႐ြာအုပ္စု၊ ပန္မေက်း႐ြာက မိုင္းအိုက္ညီသည္ မိုင္းနင္းမိၿပီးေနာက္ မိသားစုအတြင္းမွာ စားဝတ္ ေနေရးအခက္အခဲေတြျဖစ္လာသည့္အတြက္ ႀကိဳးဆြဲခ်ၿပီး မိမိကိုယ္ကို အဆုံးစီရင္သြားျခင္း ျဖစ္မည္ဟု ေက်း႐ြာ ရွိ ရပ္မိရပ္ဖတစ္ဦးက ေျပာသည္။

“သူက မိုင္းနင္းမိၿပီး စိတ္ဓါတ္က်ေနတာမ်ိဳး ျဖစ္ေနတာ။ အခုဆို မိသားစုက စားဝတ္ေနေရး အခက္ျဖစ္ တယ္။ တိုက္ပြဲေတြကလည္း မၾကာခနျဖစ္ေနေတာ့ ပိုဆိုးလာတယ္။ အဲ့ဒါ သူႀကိဳးဆြဲခ်ၿပီး သတ္ေသသြားတယ္” ဟု ေျပာသည္။

ေက်ာက္မဲၿမိဳ႕ေပၚေရာက္ စစ္ေရွာင္တစ္ဦးက လက္နက္ကိုင္မ်ားအေနျဖင့္ ေက်း႐ြာမ်ားအနီးႏွင့္ ျပည္သူမ်ား အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းခြင္မ်ားျဖစ္သည့္ ေတာင္ယာမ်ား၊ လက္ဖက္ၿခံမ်ားႏွင့္ လူသြားလမ္းမ်ားတြင္ မိုင္းေထာင္ျခင္းမ်ား မလုပ္ေစခ်င္ေၾကာင္း ေျပာသည္။

“က်ေနာ္တို႔က ဘာေျပာလို႔ရမလဲ၊ စစ္ပြဲက မျဖစ္ေစခ်င္လည္း ျဖစ္ေနတာပဲ။ သူတို႔ျဖစ္ၿပီဆိုရင္ ထြက္ေျပးရ ၿပီ။ ေျပးရင္းနဲ႔လည္း မိုင္းနင္းမိတာမ်ိဳးေတြရွိတယ္။ အလုပ္သြားရင္းလည္း နင္းမိတယ္။ ေတာင္ယာသြားလည္း နင္း မိၾကတယ္။ လက္ဖက္ခူးသြားရင္လည္း နင္းမိတာေတြရွိတယ္။ မိုင္းေတာ့ ႐ြာေတြနားမွာ မေထာင္ေစခ်င္ ဘူး ေနာ္။ က်ေနာ္တို႔ အလုပ္လုပ္တဲ့ေနရာေတြမွာလည္း မိုင္းေထာင္းထားတာေတြရွိေတာ့ အဲ့လိုမ်ိဳး မေထာင္ေစ ခ်င္ဘူး။”

အသက္ ၃၁ ႏွစ္အ႐ြယ္ ေသဆုံးသူ မိုင္းအိုက္ညီသည္ ဩဂုတ္လ ၁၃ ရက္ေန႔ နံနက္က လက္ဖက္ခူးသြားရင္း မိုင္း နင္းမိၿပီး ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ ဩဂုတ္လ ၂၄ ရက္ေန႔တြင္ ႀကိဳးဆြဲခ်ၿပီး မိမိကိုယ္ကို အဆုံးစီရင္သြားျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

မိုင္းအိုက္ညီမိုင္းနင္းမိတဲ့ေန႔တြင္ ပန္မေက်း႐ြာက အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးလည္း မိုင္းနင္းမိခဲ့ၿပီး ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့သည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ထဲတြင္ ၿပီးခဲ့သည့္ ဇြန္လဆန္းပိုင္းမွ ယေန႔ အခ်ိန္ထိ တအာန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA၊ ရွမ္းျပည္တိုးတက္ေရး ပါတီ SSPP ပူးေပါင္း တပ္ဖြဲ႕မ်ားႏွင့္ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး စစ္ေရးတင္းမာ ေနဆဲ ျဖစ္သည္။

ထိုတိုက္ပြဲမ်ားေၾကာင့္ ေဒသခံ ျပည္သူလည္း တစ္ေထာင္ေက်ာ္လည္း ေနရပ္စြန႔္ခြာၿပီး စစ္ေဘးလြတ္ရာ ေနရာ မ်ားတြင္ ထြက္ေျပးခိုလႈံ ေနၾကရသည္။