လိုင်ဇာတွင် COVID0-19 ကန့်သတ်ချက်များ ဖြေလျော့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အတွင်း COVID-19 ရောဂါ ကူးစက်မှုများကြောင့် ချမှတ်ထားသည့် ပိတ်ဆို့ကန့်သတ်မှုများကို ရုတ်သိမ်းလိုက်ပြီဟု KIO ဗဟို COVID-19 ရောဂါကာကွယ်ရေးကော်မတီ က ထုတ်ပြန် လိုက်သည်။

လိုင်ဇာမြို့အတွင်းနှင့် အနီးဝန်းကျင်ရှိ ဂျေယန့်၊ ဖုန်လုံယန်၊ ဒွမ်ဘုန်စစ်ရှောင်စခန်းများကို ပိတ်ဆို့ထားရာမှ ဩဂုတ်လ ၂၆ ရက်နေ့တွင် ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု KIO ၏ COVID-19 ရောဂါတားဆီး နှိမ် နှင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

“လိုင်ဇာမြို့တွင်းရယ်၊ နောက်ပြီးတော့ ဒီ IDPs Camp တွေမှာ Lockdown ဖြေတာပါ။ ဒီ Lockdown ဖြေ ရင်လည်း ဒီလိုင်ဇာ အဝင်အထွက် မုန်လိုင်ချောင်းတံတားမှာ စစ်ဆေးရေးဂိတ်တွေ ပြန်ပြီးတော့ ချထားဖို့ အစီ အစဉ်ရှိတယ်။ သွားလာတဲ့လူတွေကို ကိုဗစ်နဲ့ပတ်သက်ပြီး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြန်ကြပ် မတ်ဖို့အတွက် အစီအစဉ်ရှိတယ်” ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာရှိပြည်သူများနှင့် အနီးပတ်ဝန်းကျင်က စစ်ရှောင်စခန်းနေ ပြည်သူများအား KIO ကျန်း မာရေးဌာနက ဦးဆောင်ပြီး Swab test သုံးကြိမ်စစ်ပြီး all negative ဖြစ်သည့်နောက်တွင် ယခုကဲ့သို့ Lockdown သတ်မှတ်ချက်ကို ဖြေလျှော့ပေးခြင်း ဖြစ်သည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

သို့သော်လည်း လိုင်ဇာမြို့အတွင်းသို့ ဝင်လာကြမည့် ပြည်သူများအနေဖြင့် သတ် မှတ်ထားသည့် နေရာများတွင် Quarantine (သီးခြားခွဲနေ) ရမည်ဖြည်သည်ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်း ဝေါမ် က ပြောသည်။

“နောက်ပြီးအခုက ကျနော်တို့ လိုင်ဇာက ပြည်သူလူထုတွေ မြို့တွင်းက လူထုတွေဝင်လာလို့ရှိရင် မိုင်ဆတ်ပါမှာ Quarantine ဝင်ရမှာဖြစ်တယ်။ ပြီးတော့ မိုင်ဂျာယန်က လာမယ့်လူဆိုရင်လည်း ဒွန်ဘုန်မှာ ၂၁ ရက်နေရမှာ ဖြစ်တယ်။ Quarantine ဝင်ရမယ့် နေရာတွေ တည်ဆောက်ဖို့လည်းရှိတယ်။ ခါတိုင်းသတ်မှတ်ထားတဲ့ စည်းကမ်းတွေကတော့ မဖြေလျှော့ဘူး။”

လိုင်ဇာမြို့အတွင်းနှင့် အနီးဝန်းကျင်ရှိ ဂျေယန့်၊ ဖုန်လုံယန်၊ ဒွမ်ဘုန်စစ်ရှောင်စခန်းများကို Lockdown သတ်မှတ် ချက်များ ဖြေလျှော့လိုက်သော်လည်း COVID-19 နှင့် ပတ်သက်သည့် အခြားစည်းကမ်းများကို ပြည်သူများ အနေဖြင့် ဆက်လက်လိုက်နာရမည်ဟု KIO ဗဟို COVID-19 ရောဂါကာကွယ်ရေးကော်မတီ က ထုတ်ပြန်ထား သည်။

ပြည်သူများအဖြေင့် လူစုလူဝေး မပြုလုပ်ရန်၊ သတ်မှတ်ထားသည့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်း ချက်များကို ဆက်လက်လိုက်နာရန်၊ မျက်နှာစည်း Mask မတပ်ဘဲ သွားလာခြင်းမပြုလုပ်ရန်၊ စားသောက်ဆိုင် များအတွင်း စားသောက်ခြင်းမပြုလုပ်ရန်၊ ထုပ်ပိုးခြင်း Parcel စနစ်ဖြင့်သာ ဝယ်ယူသွားကြရန်နှင့် ဈေးသည်များ အားလုံးအနေဖြင့်လည်း မျက်နှာစည်း Mask တပ်ရမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် လိုအပ်မှု ရှိလာပါလည်း လိုအပ်သလို ရပ်ကွက်၊ ကျေးရွာ အုပ်စုများအတွင်းနေထိုင်ကြသည့် ပြည်သူ များအနေဖြင့် swab စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် ဂျေယန့်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးထံမှ COVID-19 ပိုးတွေ့ရှိခဲ့ရာမှ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ Lockdown စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ အထိ လိုင်ဇာမြို့အတွင်း COVID-19 ရောဂါအတည်ပြုလူနာ ၅၉ ဦး ရှိခဲ့ပြီး အသက်၄၀ ကျော် COVID-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဓါတ်ပုံ-The Kachin Net

*** ZAWGYI ***
လိုင္ဇာတြင္ COVID0-19 ကန႔္သတ္ခ်က္မ်ား ေျဖေလ်ာ့

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၆ ရက္။

ကခ်င္ လြတ္လပ္ေရး အဖြဲ႕ KIO ဗဟိုဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕အတြင္း COVID-19 ေရာဂါ ကူးစက္မႈမ်ားေၾကာင့္ ခ်မွတ္ထားသည့္ ပိတ္ဆို႔ကန႔္သတ္မႈမ်ားကို ႐ုတ္သိမ္းလိုက္ၿပီဟု KIO ဗဟို COVID-19 ေရာဂါကာကြယ္ေရးေကာ္မတီ က ထုတ္ျပန္ လိုက္သည္။

လိုင္ဇာၿမိဳ႕အတြင္းႏွင့္ အနီးဝန္းက်င္ရွိ ေဂ်ယန႔္၊ ဖုန္လုံယန္၊ ဒြမ္ဘုန္စစ္ေရွာင္စခန္းမ်ားကို ပိတ္ဆို႔ထားရာမွ ဩဂုတ္လ ၂၆ ရက္ေန႔တြင္ ႐ုပ္သိမ္းလိုက္ျခင္း ျဖစ္သည္ဟု KIO ၏ COVID-19 ေရာဂါတားဆီး ႏွိမ္ ႏွင္းေရး ေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

“လိုင္ဇာၿမိဳ႕တြင္းရယ္၊ ေနာက္ၿပီးေတာ့ ဒီ IDPs Camp ေတြမွာ Lockdown ေျဖတာပါ။ ဒီ Lockdown ေျဖ ရင္လည္း ဒီလိုင္ဇာ အဝင္အထြက္ မုန္လိုင္ေခ်ာင္းတံတားမွာ စစ္ေဆးေရးဂိတ္ေတြ ျပန္ၿပီးေတာ့ ခ်ထားဖို႔ အစီ အစဥ္ရွိတယ္။ သြားလာတဲ့လူေတြကို ကိုဗစ္နဲ႔ပတ္သက္ၿပီး လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြကို ျပန္ၾကပ္ မတ္ဖို႔အတြက္ အစီအစဥ္ရွိတယ္” ဟု ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

KIO ဗဟိုဌာနခ်ဳပ္ လိုင္ဇာရွိျပည္သူမ်ားႏွင့္ အနီးပတ္ဝန္းက်င္က စစ္ေရွာင္စခန္းေန ျပည္သူမ်ားအား KIO က်န္း မာေရးဌာနက ဦးေဆာင္ၿပီး Swab test သုံးႀကိမ္စစ္ၿပီး all negative ျဖစ္သည့္ေနာက္တြင္ ယခုကဲ့သို႔ Lockdown သတ္မွတ္ခ်က္ကို ေျဖေလွ်ာ့ေပးျခင္း ျဖစ္သည္ဟု လိုင္ဇာေဒသခံမ်ားက ေျပာသည္။

သို႔ေသာ္လည္း လိုင္ဇာၿမိဳ႕အတြင္းသို႔ ဝင္လာၾကမည့္ ျပည္သူမ်ားအေနျဖင့္ သတ္ မွတ္ထားသည့္ ေနရာမ်ားတြင္ Quarantine (သီးျခားခြဲေန) ရမည္ျဖည္သည္ဟု ဗိုလ္မႉးႀကီး လဖိုင္ဟိန္း ေဝါမ္ က ေျပာသည္။

“ေနာက္ၿပီးအခုက က်ေနာ္တို႔ လိုင္ဇာက ျပည္သူလူထုေတြ ၿမိဳ႕တြင္းက လူထုေတြဝင္လာလို႔ရွိရင္ မိုင္ဆတ္ပါမွာ Quarantine ဝင္ရမွာျဖစ္တယ္။ ၿပီးေတာ့ မိုင္ဂ်ာယန္က လာမယ့္လူဆိုရင္လည္း ဒြန္ဘုန္မွာ ၂၁ ရက္ေနရမွာ ျဖစ္တယ္။ Quarantine ဝင္ရမယ့္ ေနရာေတြ တည္ေဆာက္ဖို႔လည္းရွိတယ္။ ခါတိုင္းသတ္မွတ္ထားတဲ့ စည္းကမ္းေတြကေတာ့ မေျဖေလွ်ာ့ဘူး။”

လိုင္ဇာၿမိဳ႕အတြင္းႏွင့္ အနီးဝန္းက်င္ရွိ ေဂ်ယန႔္၊ ဖုန္လုံယန္၊ ဒြမ္ဘုန္စစ္ေရွာင္စခန္းမ်ားကို Lockdown သတ္မွတ္ ခ်က္မ်ား ေျဖေလွ်ာ့လိုက္ေသာ္လည္း COVID-19 ႏွင့္ ပတ္သက္သည့္ အျခားစည္းကမ္းမ်ားကို ျပည္သူမ်ား အေနျဖင့္ ဆက္လက္လိုက္နာရမည္ဟု KIO ဗဟို COVID-19 ေရာဂါကာကြယ္ေရးေကာ္မတီ က ထုတ္ျပန္ထား သည္။

ျပည္သူမ်ားအေျဖင့္ လူစုလူေဝး မျပဳလုပ္ရန္၊ သတ္မွတ္ထားသည့္ COVID-19 ေရာဂါကာကြယ္ေရး စည္းကမ္း ခ်က္မ်ားကို ဆက္လက္လိုက္နာရန္၊ မ်က္ႏွာစည္း Mask မတပ္ဘဲ သြားလာျခင္းမျပဳလုပ္ရန္၊ စားေသာက္ဆိုင္ မ်ားအတြင္း စားေသာက္ျခင္းမျပဳလုပ္ရန္၊ ထုပ္ပိုးျခင္း Parcel စနစ္ျဖင့္သာ ဝယ္ယူသြားၾကရန္ႏွင့္ ေဈးသည္မ်ား အားလုံးအေနျဖင့္လည္း မ်က္ႏွာစည္း Mask တပ္ရမည္ဟု ထုတ္ျပန္ထားသည္။

ထို႔အျပင္ လိုအပ္မႈ ရွိလာပါလည္း လိုအပ္သလို ရပ္ကြက္၊ ေက်း႐ြာ အုပ္စုမ်ားအတြင္းေနထိုင္ၾကသည့္ ျပည္သူ မ်ားအေနျဖင့္ swab စစ္ေဆးျခင္းမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္ဟု ဆိုသည္။

ဇူလိုင္လ ၂၆ ရက္ေန႔တြင္ ေဂ်ယန႔္စစ္ေရွာင္စခန္းမွ အမ်ိဳးသမီးတစ္ဦးထံမွ COVID-19 ပိုးေတြ႕ရွိခဲ့ရာမွ ဇူလိုင္လ ၂၇ ရက္ေန႔မွစတင္၍ Lockdown စတင္သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

ဇူလိုင္လ ၂၇ ရက္ေန႔မွ ဩဂုတ္လ ၂၆ ရက္ေန႔အထိ အထိ လိုင္ဇာၿမိဳ႕အတြင္း COVID-19 ေရာဂါအတည္ျပဳလူနာ ၅၉ ဦး ရွိခဲ့ၿပီး အသက္၄၀ ေက်ာ္ COVID-19 အတည္ျပဳလူနာ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့သည္။

ဓါတ္ပုံ-The Kachin Net