ဥသျှစ်ပင် ကိုဗစ် ဂိတ် ယာဉ်များအား ငွေတောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ပဲခူးတိုင်း ဥသျှစ်ပင် မြို့ ကိုဗစ်-၁၉ ကာကွယ်‌ရေး ဂိတ်မှ ဆိုင်ကယ် ၂ ယောက်စီးလျှင် ကျပ်တစ်သောင်း၊ ကားတစီးလျှင် ကျပ်ငါးထာင်အထိ ငွေကြေး တောင်းခံနေသောကြောင့် သွားလာရေးအတွက် အခက်တွေ့နေရသည်ဟု ဒေသခံများ က ပြောသည်။

”ကြည့်ရင် သေးသေးလေး ပြဿနာမဟုတ်လို့ထင်ရတယ်။ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးတော့ ပိုးကူးတယ် သုံးဘီးကို ပြုံစီးတော့ ပိုးမကူးဘူးပေါ့ အဲ့လိုလားလို့ မေးချင်တယ်” ဟု ဥသျှစ်ပင်မြို့၊ မြေဝါကုန်းကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများမပါသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ဥသျှစ်ပင်မြို့နယ်ရှိ ရဲစခန်း ရှေ့တွင် ဖွင့်လှစ်ထားပြီး စစ်သားနှင့်ရဲများက ကိုဗစ်စည်းကမ်းဖောက်ဖျက်သည့် ဒဏ်ကြေးဟု ဆိုကာ ငွေ တောင်းနေခြင်း ဖြစ်သည်။

ကိုဗစ်စစ်ဆေးရေးဂိတ်ဟု အမည်တပ်ပြီး ပိုးတွေ့လျှင် မည်သို့ ဆောင်ရွက်မည်၊ မည်သည့် စင်တာကို ပို့မည် စသည့် ကိစ္စရပ်များ စီစဉ်ထားခြင်းမရှိသကဲ့သို့ မြို့ခံပရဟိတအဖွဲ့များနှင့်လည်း ချိတ်ဆက်ထားခြင်း မရှိဟု ဥသျှစ်ပင်မြို့က အသက် ၄၀ အရွယ် ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦး က ဆိုသည်။

“မြို့ကိုဝင်တဲ့ လမ်းတိုင်းမှာ လုံခြုံရေးအတွက် အခိုင်အမာ ဂိတ်တွေချပြီးသား ဒီဂိတ်က ကိုဗစ်စစ်ဆေးရေးဂိတ် အဲ့ဒီလုပ်ရပ်တွေကို ရှက်လို့ ကျန်းမာရေးဝန်ထမ်းတွေမလာတာ” ဟု ၎င်း က ပြောသည်။

တောသူတောင်သားများနှင့် အသက်အရွယ်ကြီးသူများသည် မိသားစု သာရေး နာရေး သွားလာရာတွင် ယခင်က အသုံးပြုနေကျ လွယ်ကူသည့် ဆိုင်ကယ်ဖြင့် သွားလာခဲ့ကြရာ ယခုတွင် အဆိုပါ ဂိတ်ကြောင့် အဆင်မပြေ ကြောင်း မြို့ခံတစ်ဦး က ပြောသည်။

ထိုဂိတ်ကြောင့် ပြည်သူ အများအတွက်သာ သွားလာရေးခက်ခဲသွားစေခဲ့သော်လည်း နွားမှောင်ခို သစ်မှောင်ခို မီးသွေးမှောင်ခိုလုပ်နေသူများအတွက် ကိုဗစ်စည်းကမ်းမရှိတော့ပဲ စစ်ကောင်စီ အဖွဲ့များညှိကာ ဖြတ်သန်း သွားလာခွင့်ပြုနေကြောင်း အသက် ၃၅ နှစ်အရွယ် မြေဝါကုန်းကျေးရွာသား ဒေသခံ က ပြောသည်။

မသွားမဖြစ်သွားမည်ဆိုလျှင် သုံးဘီးဆိုင်ကယ်ငှားရခြင်း၊ ကားကြုံစောင့်ရခြင်းစသည့် ဒုက္ခများ ပိုလာပြီး အပြင်ထွက်ခွင့် ကတ်မှာလည်း အမှန်တကယ် လိုအပ်၍ အပြင်ထွက်ချင်ရင် လုပ်ရန် မလွယ်ကြောင်း မြို့ခံ တစ်ဦး က ပြောသည်။

ဒေသခံများက မိမိဆိုင်ကယ်နှင့် ယာဉ်စီးကမ်း အတိုင်းသာ စီးနင်းချင်ပြီး ယခုထုတ်ပြန်ထားသည့် အမိန့်များသည်
မလိုအပ်ဘဲ ပြည်သူများ ငွေကုန်ကြေးအကုန်အကျများသည့် လုပ်ငန်းများသည် ဖြစ်သည်ဟု ဆိုကြသည်။

ဥသျှစ်ပင်မြို့သည် ပုသိမ်-မုံရွာလမ်းနှင့် ပန်းတောင်း-တောင်ကုတ် ကားလမ်းဆုံရာတွင် ရှိပြီး ကာကွယ်ရေး ပစ္စည်းစက်ရုံနှင့် အမြှောက်တပ် ဝေဟင်ပစ်တပ် စက်မှုဝန်ကြီးဌာနပိုင် အကြီးစားစက်မှုလုပ်ငန်း (ကစလ) စက် ရုံများ၊ ပတ်ဝန်းကျင် ကျေးရွာများနှင့် စည်ကားသည့် မြို့ငယ်တစ်မြို့ဖြစ်ကာ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထဲ ပါဝင်သည်။

*** ZAWGYI ***
ဥသွ်စ္ပင္ ကိုဗစ္ ဂိတ္ ယာဥ္မ်ားအား ေငြေတာင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

ပဲခူးတိုင္း ဥသွ်စ္ပင္ ၿမိဳ႕ ကိုဗစ္-၁၉ ကာကြယ္‌ေရး ဂိတ္မွ ဆိုင္ကယ္ ၂ ေယာက္စီးလွ်င္ က်ပ္တစ္ေသာင္း၊ ကားတစီးလွ်င္ က်ပ္ငါးထာင္အထိ ေငြေၾကး ေတာင္းခံေနေသာေၾကာင့္ သြားလာေရးအတြက္ အခက္ေတြ႕ေနရသည္ဟု ေဒသခံမ်ား က ေျပာသည္။

”ၾကည့္ရင္ ေသးေသးေလး ျပႆနာမဟုတ္လို႔ထင္ရတယ္။ ဆိုင္ကယ္တစ္စီးကို ႏွစ္ေယာက္စီးေတာ့ ပိုးကူးတယ္ သုံးဘီးကို ၿပဳံစီးေတာ့ ပိုးမကူးဘူးေပါ့ အဲ့လိုလားလို႔ ေမးခ်င္တယ္” ဟု ဥသွ်စ္ပင္ၿမိဳ႕၊ ေျမဝါကုန္းေက်း႐ြာက ေဒသခံတစ္ဦး က ေျပာသည္။

ကြၽမ္းက်င္သည့္ က်န္းမာေရးဝန္ထမ္းမ်ားမပါေသာ ကိုဗစ္-၁၉ စစ္ေဆးေရးဂိတ္ကို ဥသွ်စ္ပင္ၿမိဳ႕နယ္ရွိ ရဲစခန္း ေရွ႕တြင္ ဖြင့္လွစ္ထားၿပီး စစ္သားႏွင့္ရဲမ်ားက ကိုဗစ္စည္းကမ္းေဖာက္ဖ်က္သည့္ ဒဏ္ေၾကးဟု ဆိုကာ ေငြ ေတာင္းေနျခင္း ျဖစ္သည္။

ကိုဗစ္စစ္ေဆးေရးဂိတ္ဟု အမည္တပ္ၿပီး ပိုးေတြ႕လွ်င္ မည္သို႔ ေဆာင္႐ြက္မည္၊ မည္သည့္ စင္တာကို ပို႔မည္ စသည့္ ကိစၥရပ္မ်ား စီစဥ္ထားျခင္းမရွိသကဲ့သို႔ ၿမိဳ႕ခံပရဟိတအဖြဲ႕မ်ားႏွင့္လည္း ခ်ိတ္ဆက္ထားျခင္း မရွိဟု ဥသွ်စ္ပင္ၿမိဳ႕က အသက္ ၄၀ အ႐ြယ္ ေဒသခံ က်န္းမာေရးဝန္ထမ္းတစ္ဦး က ဆိုသည္။

“ၿမိဳ႕ကိုဝင္တဲ့ လမ္းတိုင္းမွာ လုံၿခဳံေရးအတြက္ အခိုင္အမာ ဂိတ္ေတြခ်ၿပီးသား ဒီဂိတ္က ကိုဗစ္စစ္ေဆးေရးဂိတ္ အဲ့ဒီလုပ္ရပ္ေတြကို ရွက္လို႔ က်န္းမာေရးဝန္ထမ္းေတြမလာတာ” ဟု ၎ က ေျပာသည္။

ေတာသူေတာင္သားမ်ားႏွင့္ အသက္အ႐ြယ္ႀကီးသူမ်ားသည္ မိသားစု သာေရး နာေရး သြားလာရာတြင္ ယခင္က အသုံးျပဳေနက် လြယ္ကူသည့္ ဆိုင္ကယ္ျဖင့္ သြားလာခဲ့ၾကရာ ယခုတြင္ အဆိုပါ ဂိတ္ေၾကာင့္ အဆင္မေျပ ေၾကာင္း ၿမိဳ႕ခံတစ္ဦး က ေျပာသည္။

ထိုဂိတ္ေၾကာင့္ ျပည္သူ အမ်ားအတြက္သာ သြားလာေရးခက္ခဲသြားေစခဲ့ေသာ္လည္း ႏြားေမွာင္ခို သစ္ေမွာင္ခို မီးေသြးေမွာင္ခိုလုပ္ေနသူမ်ားအတြက္ ကိုဗစ္စည္းကမ္းမရွိေတာ့ပဲ စစ္ေကာင္စီ အဖြဲ႕မ်ားညႇိကာ ျဖတ္သန္း သြားလာခြင့္ျပဳေနေၾကာင္း အသက္ ၃၅ ႏွစ္အ႐ြယ္ ေျမဝါကုန္းေက်း႐ြာသား ေဒသခံ က ေျပာသည္။

မသြားမျဖစ္သြားမည္ဆိုလွ်င္ သုံးဘီးဆိုင္ကယ္ငွားရျခင္း၊ ကားႀကဳံေစာင့္ရျခင္းစသည့္ ဒုကၡမ်ား ပိုလာၿပီး အျပင္ထြက္ခြင့္ ကတ္မွာလည္း အမွန္တကယ္ လိုအပ္၍ အျပင္ထြက္ခ်င္ရင္ လုပ္ရန္ မလြယ္ေၾကာင္း ၿမိဳ႕ခံ တစ္ဦး က ေျပာသည္။

ေဒသခံမ်ားက မိမိဆိုင္ကယ္ႏွင့္ ယာဥ္စီးကမ္း အတိုင္းသာ စီးနင္းခ်င္ၿပီး ယခုထုတ္ျပန္ထားသည့္ အမိန္႔မ်ားသည္
မလိုအပ္ဘဲ ျပည္သူမ်ား ေငြကုန္ေၾကးအကုန္အက်မ်ားသည့္ လုပ္ငန္းမ်ားသည္ ျဖစ္သည္ဟု ဆိုၾကသည္။

ဥသွ်စ္ပင္ၿမိဳ႕သည္ ပုသိမ္-မုံ႐ြာလမ္းႏွင့္ ပန္းေတာင္း-ေတာင္ကုတ္ ကားလမ္းဆုံရာတြင္ ရွိၿပီး ကာကြယ္ေရး ပစၥည္းစက္႐ုံႏွင့္ အေျမႇာက္တပ္ ေဝဟင္ပစ္တပ္ စက္မႈဝန္ႀကီးဌာနပိုင္ အႀကီးစားစက္မႈလုပ္ငန္း (ကစလ) စက္ ႐ုံမ်ား၊ ပတ္ဝန္းက်င္ ေက်း႐ြာမ်ားႏွင့္ စည္ကားသည့္ ၿမိဳ႕ငယ္တစ္ၿမိဳ႕ျဖစ္ကာ ျပည္ခ႐ိုင္ ပန္းေတာင္းၿမိဳ႕နယ္ ထဲ ပါဝင္သည္။