မြစ်ဝကျွန်းပေါ် ပြောက်ကျား တပ်ပေါင်းစုက ဒလန် စာရင်းကို ထုတ်ပြန်သည်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု (DGWCF)က ဗိုလ်မှူးဟောင်း နှစ်ဦး ပါဝင်သော ဒလန် စာရင်းကို ထုတ်ပြန်လိုက် သည်။

ဗိုလ်မှူးဟောင်းများဖြစ်ကြသော ဟင်္သာတမြို့ ကရုဏာလုလင်အသင်း၏ ဥက္ကဌ ဦးအောင်မြင့်ဦး နှင့် ပုသိမ်မြို့ က ကန်သာယာ အပန်းဖြေ ပန်းဥယျာဉ် Royal Lake လုပ်ငန်းရှင် ဦးအောင်အောင်၏ အမည်တို့ကို (DGWCF) က ၎င်း တို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဒလန်ဟု ရေးသား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဟင်္သာတမြို့က ဗိုလ်မှူးဟောင်း ဦးအောင်မြင့်ဦးသည် အာဏာသိမ်းပြီးချိန်မှစ၍ လုပ်ရပ်များမှာ သိသာလာ ကြောင်း ဟင်္သာတဆေးရုံထဲသို့ ရဲ နှင့် စစ်သားများကို ခေါ်သွင်းခဲ့ကြောင်းနှင့် ဆန္ဒပြသူများနှင့် ပတ်သက်၍လည်း စစ်ကောင်စီသို့ ၎င်းက သတင်းပို့သဖြင့် အဖမ်းခံရသူများရှိ ကြောင်း ဒေသခံအချို့ ပြောသည်။

ထို့အပြင် ၎င်းသည် ပရဟိတနှင့် ဘာသာရေးမျက်နှာဖုံး စွပ်ထားသူတစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြော သည်။

“ပရဟိတလုပ်နေတယ်ဆိုတော့ လူတွေက အနည်းအကျဉ်း လေးစားတာမျိုး ရှိတယ်။ သူက ဒလန် မဟုတ်ဘူး လို့တော့ ငြင်းချက်ထုတ်တယ်။ ဒါပေမယ့် အများစုကတော့ သူကို ဒလန် လို့ စွပ်စွဲကြတယ်” ဟု ဟင်္သာတ မြို့ခံ မန်းဝင်းထွန်း က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့ ဗိုလ်မှုးဟောင်း ဦးအောင်အောင် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ကျ နော် လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းကိုက အများပြည်သူ ကြည်ဖြူ ကျေနပ်မှ ရပ်တည်လို့ ရတာ၊ အောင်မြင်ဖို့ ဆိုတာ ဖြစ်နေတာတော့ ကျနော့် ဉာဏ်ရည်အရ သုံးသပ်နိုင်သူပါ။ ROYAL LAKE ဆိုတာ မည်သူမဆို လာနိုင်ကြရ တဲ့ နေရာပါ” ဟု ရေးသား ငြင်းဆိုထားသည်။

ဗိုလ်မှုးဟောင်း ဦးအောင်အောင်သည် ၂၀၁၀ မှ ၂၀၂၀ ခုနှစ် အတွင်း အစိုးရ နှစ်ဆက်တွင် စက်တော်ရာ ဘိုးဘွား ရိပ်သာ ဥက္ကဋ္ဌ၊ ပုသိမ် ဘောလုံး ကလပ် အသင်း နာယကနှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဒေသဖွံ့ရေးကို လုပ်ခဲ့သူသာ ဖြစ်သည်ဟုလည်း ဒေသခံအချို့ ဆိုသည်။

သူသည် အစိုးရ နှစ်ဆက်တွင် တာဝန်ယူခဲ့ကြသည့် ဝန်ကြီးချုပ် အပြင် အစိုးရအဖွဲ့ဝင်များ၊ စစ်တိုင်းမှူးများ နှင့် နီးစပ်ခဲ့သူ ဖြစ်သည်ဟု ပုသိမ်မြို့က မြို့မိမြို့ဖ အချို့နှင့် ဒေသခံအချို့ က ဆိုသည်။

“ရဲသတင်းပေး၊ တပ်ထောက်လှန်းရေး သတင်းပေးဆိုတဲ့ အဆင့် မိမိအတွက်တော့ ရောက်သွားစရာ မလိုပါဘူး လေ့လာထားသူဆို သတင်းပေး ဒလံဆိုတဲ့ သူတွေရဲ့ အဆင့်ကို သိကြပါတယ်။ သတင်းတွေပေးမှ ဒလံလုပ်မှ နေ ရာရပြီး ရပ်တည်နေရမယ့် သူလည်းမဟုတ်ဘူး။ အခုလို ခေတ်အခါကြီးမှာ ပိုတောင် မလုပ်သေးပါ နောင် လည်း လုပ်စရာ အကြောင်းကို မရှိတာပါ” ဟု ဗိုလ်မှူးဟောင်း ဦးအောင်အောင်က ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာတွင် ဆက်လက် ရေးသားထားသည်။

ဗိုလ်မှူးဟောင်း ဦးအောင်အောင်အား ဒလန် အမည်စာရင်းတွင် ထုတ်ပြန်ခဲ့သော်လည်း ဗိုလ်မှူးဟောင်း ဦးအောင် မြင့်ဦးကိုမူ ဒလန် အမည်စာရင်း ထုတ်ပြန်ပြီး ၃ ရက်အကြာ သြဂုတ်လ ၂၇ ရက်နေ့က လက်ရေးဖြင့် ရေးထား သော သတိပေးစာနှင့် ကျည်ဆံတို့ကို ပေးပို့လိုက်ကြောင်း မြစ်ဝကျွန်းပေါ် ပြောက်ကျား စစ်ဆင်ရေး တပ်ပေါင်း စု (DGWCF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

*** ZAWGYI ***
ျမစ္ဝကြၽန္းေပၚ ေျပာက္က်ား တပ္ေပါင္းစုက ဒလန္ စာရင္းကို ထုတ္ျပန္သည္

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

ျမစ္ဝကြၽန္းေပၚ ေျပာက္က်ားစစ္ဆင္ေရး တပ္ေပါင္းစု (DGWCF)က ဗိုလ္မႉးေဟာင္း ႏွစ္ဦး ပါဝင္ေသာ ဒလန္ စာရင္းကို ထုတ္ျပန္လိုက္ သည္။

ဗိုလ္မႉးေဟာင္းမ်ားျဖစ္ၾကေသာ ဟသၤာတၿမိဳ႕ က႐ုဏာလုလင္အသင္း၏ ဥကၠဌ ဦးေအာင္ျမင့္ဦး ႏွင့္ ပုသိမ္ၿမိဳ႕ က ကန္သာယာ အပန္းေျဖ ပန္းဥယ်ာဥ္ Royal Lake လုပ္ငန္းရွင္ ဦးေအာင္ေအာင္၏ အမည္တို႔ကို (DGWCF) က ၎ တို႔၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ဒလန္ဟု ေရးသား ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

ဟသၤာတၿမိဳ႕က ဗိုလ္မႉးေဟာင္း ဦးေအာင္ျမင့္ဦးသည္ အာဏာသိမ္းၿပီးခ်ိန္မွစ၍ လုပ္ရပ္မ်ားမွာ သိသာလာ ေၾကာင္း ဟသၤာတေဆး႐ုံထဲသို႔ ရဲ ႏွင့္ စစ္သားမ်ားကို ေခၚသြင္းခဲ့ေၾကာင္းႏွင့္ ဆႏၵျပသူမ်ားႏွင့္ ပတ္သက္၍လည္း စစ္ေကာင္စီသို႔ ၎က သတင္းပို႔သျဖင့္ အဖမ္းခံရသူမ်ားရွိ ေၾကာင္း ေဒသခံအခ်ိဳ႕ ေျပာသည္။

ထို႔အျပင္ ၎သည္ ပရဟိတႏွင့္ ဘာသာေရးမ်က္ႏွာဖုံး စြပ္ထားသူတစ္ဦး ျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာ သည္။

“ပရဟိတလုပ္ေနတယ္ဆိုေတာ့ လူေတြက အနည္းအက်ဥ္း ေလးစားတာမ်ိဳး ရွိတယ္။ သူက ဒလန္ မဟုတ္ဘူး လို႔ေတာ့ ျငင္းခ်က္ထုတ္တယ္။ ဒါေပမယ့္ အမ်ားစုကေတာ့ သူကို ဒလန္ လို႔ စြပ္စြဲၾကတယ္” ဟု ဟသၤာတ ၿမိဳ႕ခံ မန္းဝင္းထြန္း က ေျပာသည္။

ထိုကိစၥႏွင့္ ပတ္သက္၍ ပုသိမ္ၿမိဳ႕ ဗိုလ္မႈးေဟာင္း ဦးေအာင္ေအာင္ က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ “က် ေနာ္ လုပ္ေနတဲ့ စီးပြားေရး လုပ္ငန္းကိုက အမ်ားျပည္သူ ၾကည္ျဖဴ ေက်နပ္မွ ရပ္တည္လို႔ ရတာ၊ ေအာင္ျမင္ဖို႔ ဆိုတာ ျဖစ္ေနတာေတာ့ က်ေနာ့္ ဉာဏ္ရည္အရ သုံးသပ္ႏိုင္သူပါ။ ROYAL LAKE ဆိုတာ မည္သူမဆို လာႏိုင္ၾကရ တဲ့ ေနရာပါ” ဟု ေရးသား ျငင္းဆိုထားသည္။

ဗိုလ္မႈးေဟာင္း ဦးေအာင္ေအာင္သည္ ၂၀၁၀ မွ ၂၀၂၀ ခုႏွစ္ အတြင္း အစိုးရ ႏွစ္ဆက္တြင္ စက္ေတာ္ရာ ဘိုးဘြား ရိပ္သာ ဥကၠ႒၊ ပုသိမ္ ေဘာလုံး ကလပ္ အသင္း နာယကႏွင့္ က်န္းမာေရး၊ ပညာေရး၊ လူမႈေရး၊ ေဒသဖြံ႕ေရးကို လုပ္ခဲ့သူသာ ျဖစ္သည္ဟုလည္း ေဒသခံအခ်ိဳ႕ ဆိုသည္။

သူသည္ အစိုးရ ႏွစ္ဆက္တြင္ တာဝန္ယူခဲ့ၾကသည့္ ဝန္ႀကီးခ်ဳပ္ အျပင္ အစိုးရအဖြဲ႕ဝင္မ်ား၊ စစ္တိုင္းမႉးမ်ား ႏွင့္ နီးစပ္ခဲ့သူ ျဖစ္သည္ဟု ပုသိမ္ၿမိဳ႕က ၿမိဳ႕မိၿမိဳ႕ဖ အခ်ိဳ႕ႏွင့္ ေဒသခံအခ်ိဳ႕ က ဆိုသည္။

“ရဲသတင္းေပး၊ တပ္ေထာက္လွန္းေရး သတင္းေပးဆိုတဲ့ အဆင့္ မိမိအတြက္ေတာ့ ေရာက္သြားစရာ မလိုပါဘူး ေလ့လာထားသူဆို သတင္းေပး ဒလံဆိုတဲ့ သူေတြရဲ႕ အဆင့္ကို သိၾကပါတယ္။ သတင္းေတြေပးမွ ဒလံလုပ္မွ ေန ရာရၿပီး ရပ္တည္ေနရမယ့္ သူလည္းမဟုတ္ဘူး။ အခုလို ေခတ္အခါႀကီးမွာ ပိုေတာင္ မလုပ္ေသးပါ ေနာင္ လည္း လုပ္စရာ အေၾကာင္းကို မရွိတာပါ” ဟု ဗိုလ္မႉးေဟာင္း ဦးေအာင္ေအာင္က ၎၏ လူမႈကြန္ရက္စာ မ်က္ႏွာတြင္ ဆက္လက္ ေရးသားထားသည္။

ဗိုလ္မႉးေဟာင္း ဦးေအာင္ေအာင္အား ဒလန္ အမည္စာရင္းတြင္ ထုတ္ျပန္ခဲ့ေသာ္လည္း ဗိုလ္မႉးေဟာင္း ဦးေအာင္ ျမင့္ဦးကိုမူ ဒလန္ အမည္စာရင္း ထုတ္ျပန္ၿပီး ၃ ရက္အၾကာ ၾသဂုတ္လ ၂၇ ရက္ေန႔က လက္ေရးျဖင့္ ေရးထား ေသာ သတိေပးစာႏွင့္ က်ည္ဆံတို႔ကို ေပးပို႔လိုက္ေၾကာင္း ျမစ္ဝကြၽန္းေပၚ ေျပာက္က်ား စစ္ဆင္ေရး တပ္ေပါင္း စု (DGWCF) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။