ကောလင်းတွင် အစိုးရ ရုံးများရှေ့ ဖြတ်သန်းသွားလာခွင့် မပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

စစ်ကိုင်းဒေသကြီး ကောလင်းမြို့တွင် ဗုံး ၃ လုံး ကွဲပြီးနောက် အစိုးရဌာနဆိုင်ရာ ရုံးများရှေ့ ဖြတ်သန်းသွား လာခွင့်ကို ကန့်သတ်လိုက်ပြီး မလိုက်နာပါက ပစ်ခတ်အရေးယူမည်ဟု သတိပေးထားကြောင်း ဒေသခံများက ပြောသည်။

အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၊ ဆေးရုံရှေ့၊ ခရိုင်အုပ်ချုပ်ရေးမှူး အိမ်ရှေ့များသို့ ဆိုင်ကယ်၊ ကား၊ လမ်းသွား လမ်းလာများကို ဖြတ်သန်းခွင့်မပြုတော့ဘဲ ဖြတ်သန်းပါက ပစ်ခတ်မည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် လှည့်လည် ကြေငြာခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ် ၂၇ရက် နေ့လည် က ထွေအုပ်ရုံးရှေ့၊ ဘောလုံးကွင်းဒေါင့် အပါအဝင် ယခုကြေငြာချက်ထုတ်သည့် နေရာ ပတ်ဝန်းကျင်များ တဝိုက်တွင် PDF များ၏ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း အသက် ၅၀ အရွယ် ကောလင်းမြို့ခံ တစ်ဦး က ပြောသည်။

ယခင်ကတည်းက နံနက် ၆နာရီမှ နေ့လည် ၁၂နာရီ အထိ ဖြတ်သန်းခွင့်မပြုဘဲ တားမြစ်ထားခဲ့ကြောင်း မလိုက်နာ ပါ ရိုက်နက်မှုများရှိခဲ့ပြီး ယခုပစ်ခတ်မည်ဆိုသည့်အထိဖြစ်လာကြောင်း ၎င်းကပြောသည်။

“ဗုံးလည်း ကွဲပြီးတော့ ပစ်မယ်ခတ်မယ်ဆိုပြီး ချက်ချင်း ထပ်ကြေငြာတာ။ သူတို့ တော်တော် လန့်နေကြပုံရ တယ်“ ဟု အသက် ၅၀ အရွယ် ကောလင်းမြို့ခံ တစ်ဦး က ပြောသည်။

ထို့အပြင် သြဂုတ်လ ၂၇ ရက်နေ့ တွင် ကောလင်း အရှေ့ဘက်ခြမ်းသို့ စစ်ကူသွားသည့် စစ်ကောင်စီယာဉ်တန်း သည် သစ်ဆိမ့်ကုန်းရွာအနောက်ဘက် သင်္ချိုင်းအနီး အကွေ့တွင် မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက် ဒဏ်ရာသူများရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုလ ဩဂုတ် ၉ ရက်နေ့ ကလည်း ကောလင်းမြို့၊ ကားကြီးဝန်းအနီးတွင် ဗုံးနှစ်လုံးဆက်တိုက် ပေါက်ကွဲခဲ့ပြီး ရဲအရာရှိတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။

တောင်ပတ်လည်ဝန်းရံထားသည့် ကောလင်းမြို့သည် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီး မှ ၁၄ မိုင်အကွာတွင် တည်ရှိပြီး ထီးချိုင့်မြို့ အနောက်ဘက် မိုင် ၄၀ အကွာ၊ မန္တလေး-မြစ်ကြီးနား မီးရထားလမ်း ပေါ် တွင် တည်ရှိသည်။

ကောလင်းမြို့ သည် ၁၈၈၈ ဧက စတုရန်းကီလိုမီတာ ကျယ်ဝန်း၍ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၄၅၂၉၇ ယောက်ခန့် ရှိပြီး မြို့ပေါ်တွင် လူဦးရေစုစုပေါင်း ၂၁၄၄၁ နေထိုင်သည်။

*** ZAWGYI ***
ေကာလင္းတြင္ အစိုးရ ႐ုံးမ်ားေရွ႕ ျဖတ္သန္းသြားလာခြင့္ မျပဳ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

စစ္ကိုင္းေဒသႀကီး ေကာလင္းၿမိဳ႕တြင္ ဗုံး ၃ လုံး ကြဲၿပီးေနာက္ အစိုးရဌာနဆိုင္ရာ ႐ုံးမ်ားေရွ႕ ျဖတ္သန္းသြား လာခြင့္ကို ကန႔္သတ္လိုက္ၿပီး မလိုက္နာပါက ပစ္ခတ္အေရးယူမည္ဟု သတိေပးထားေၾကာင္း ေဒသခံမ်ားက ေျပာသည္။

အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕၊ ေဆး႐ုံေရွ႕၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး အိမ္ေရွ႕မ်ားသို႔ ဆိုင္ကယ္၊ ကား၊ လမ္းသြား လမ္းလာမ်ားကို ျဖတ္သန္းခြင့္မျပဳေတာ့ဘဲ ျဖတ္သန္းပါက ပစ္ခတ္မည္ျဖစ္ေၾကာင္း အသံခ်ဲ႕စက္ျဖင့္ လွည့္လည္ ေၾကျငာခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ၾသဂုတ္ ၂၇ရက္ ေန႔လည္ က ေထြအုပ္႐ုံးေရွ႕၊ ေဘာလုံးကြင္းေဒါင့္ အပါအဝင္ ယခုေၾကျငာခ်က္ထုတ္သည့္ ေနရာ ပတ္ဝန္းက်င္မ်ား တဝိုက္တြင္ PDF မ်ား၏ ဗုံးခြဲတိုက္ခိုက္မႈ ျဖစ္ခဲ့ေၾကာင္း အသက္ ၅၀ အ႐ြယ္ ေကာလင္းၿမိဳ႕ခံ တစ္ဦး က ေျပာသည္။

ယခင္ကတည္းက နံနက္ ၆နာရီမွ ေန႔လည္ ၁၂နာရီ အထိ ျဖတ္သန္းခြင့္မျပဳဘဲ တားျမစ္ထားခဲ့ေၾကာင္း မလိုက္နာ ပါ ႐ိုက္နက္မႈမ်ားရွိခဲ့ၿပီး ယခုပစ္ခတ္မည္ဆိုသည့္အထိျဖစ္လာေၾကာင္း ၎ကေျပာသည္။

“ဗုံးလည္း ကြဲၿပီးေတာ့ ပစ္မယ္ခတ္မယ္ဆိုၿပီး ခ်က္ခ်င္း ထပ္ေၾကျငာတာ။ သူတို႔ ေတာ္ေတာ္ လန႔္ေနၾကပုံရ တယ္“ ဟု အသက္ ၅၀ အ႐ြယ္ ေကာလင္းၿမိဳ႕ခံ တစ္ဦး က ေျပာသည္။

ထို႔အျပင္ ၾသဂုတ္လ ၂၇ ရက္ေန႔ တြင္ ေကာလင္း အေရွ႕ဘက္ျခမ္းသို႔ စစ္ကူသြားသည့္ စစ္ေကာင္စီယာဥ္တန္း သည္ သစ္ဆိမ့္ကုန္း႐ြာအေနာက္ဘက္ သခ်ႋဳင္းအနီး အေကြ႕တြင္ မိုင္းဆြဲခံရၿပီး စစ္ေကာင္စီတပ္ဘက္က ထိခိုက္ ဒဏ္ရာသူမ်ားရွိခဲ့သည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ယခုလ ဩဂုတ္ ၉ ရက္ေန႔ ကလည္း ေကာလင္းၿမိဳ႕၊ ကားႀကီးဝန္းအနီးတြင္ ဗုံးႏွစ္လုံးဆက္တိုက္ ေပါက္ကြဲခဲ့ၿပီး ရဲအရာရွိတစ္ဦး အပါအဝင္ ႏွစ္ဦးေသဆုံးခဲ့သည္။

ေတာင္ပတ္လည္ဝန္းရံထားသည့္ ေကာလင္းၿမိဳ႕သည္ ေ႐ႊဘို-ျမစ္ႀကီးနား ျပည္ေထာင္စု ကားလမ္းမႀကီး မွ ၁၄ မိုင္အကြာတြင္ တည္ရွိၿပီး ထီးခ်ိဳင့္ၿမိဳ႕ အေနာက္ဘက္ မိုင္ ၄၀ အကြာ၊ မႏၲေလး-ျမစ္ႀကီးနား မီးရထားလမ္း ေပၚ တြင္ တည္ရွိသည္။

ေကာလင္းၿမိဳ႕ သည္ ၁၈၈၈ ဧက စတုရန္းကီလိုမီတာ က်ယ္ဝန္း၍ ၂၀၁၄ခုႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၁၄၅၂၉၇ ေယာက္ခန႔္ ရွိၿပီး ၿမိဳ႕ေပၚတြင္ လူဦးေရစုစုေပါင္း ၂၁၄၄၁ ေနထိုင္သည္။