ကန်ကြီးထောင့်တွင် ဒလန် ဆိုသူ တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့တွင် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားတစ်ဦး ဒလန်ဟု ဆိုကာ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ကန်ကြီးထောင့်မြို့၊ ဥယျာဉ်စုရပ် ၁ လမ်း နေထိုင်သူ အသက် ၅၃ နှစ်ဝန်းကျင်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေး မှူးလည်းဖြစ်သူ စစ်ကောင်စီအား သတင်းပေးနေသူဟု လူသိများသူ ဦးမောင်မောင်မြင့် ဆိုသူမှာ ရွှေဘို တန်းလမ်းမကြီး မဟာသီရိ မင်္ဂလာရာမ ဘုန်းကြီး ကျောင်း ရှေ့တွင် သေနတ်ဖြင့် အနီးကပ် ပစ်ခံပြီး သေဆုံးခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မြို့မှာ ရဲသတင်းပေးလို့ လူသိများတယ် အာဏာရှင် ဆန့်ကျင်တဲ့သူတွေကလည်း သူ့ကို ဒလန်လို့ သတ်မှတ် ထားတဲ့သူပါ သေနတ်သံကြားလိုက်တယ် ကိုမောင်မြင့် ကိုပစ်သွားတာ လို့ပြောကြတယ် ဘယ်သူ ပစ်တာလဲ မသိဘူး” ဟု မြို့ခံ ကိုထွန်းထွန်း က ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီကျော်အချိန်ခန့်က ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ဦးမောင်မောင်မြင့်သည် ရွှေဘိုတန်းလမ်း ဈေးတွင် ဈေးရောင်းသူ ဖြစ်ပြီး အထုပ်အပိုးများဖြင့် ဈေးခင်းရန် ဆိုင် ကယ်ဖြင့် ထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်ဆေးရုံသို့ ပို့ ဆောင်စဉ် သေနတ်ဒါဏ်ရာကြောင့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ မှတာဝန်ရှိသူ တစ်ဦး က အတည်ပြု ပြောဆို သည်။

ဦးမောင်မောင်မြင့်မှာ ရဲ သတင်းပေး ဟုတ်မဟုတ်ကို သတင်းနှင့်မီဒီယာကွန်ရက်က သီးခြား အတည်မပြုနိုင်ပါ။

ဦးမောင်မောင်မြင့် သည် ကန်ကြီးထောင့်မြို့ ဗုံးပေါက်ကွဲမှု၌ မြို့ခံ လူငယ်အချို့ကို ဖမ်းဆီးရန် သတင်းပေးခဲ့ ကြောင်း ဖေဖေါ်ဝါရီလအတွင်း ပုသိမ်က စစ်တပ်ထောက်ခံပွဲအပြီး ကန်ကြီးထောင့်မြို့ အပြန်လမ်းတွင် အပင် နှစ်ဆယ်ကျေးရွာ အနီးမှ လက်သုံးချောင်းထောင်ပြသည့် လူငယ်လေးဦးကို ကားရပ်ပြီး ဆင်းရိုက်ခဲ့သူ များတွင် ပါဝင်သူ ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်နေ့က ဧရာဝတီတိုင်းအတွင်းရှိ အသုတ်မြို့တွင် ဒလန်ဟုကျော်ကြားသူ အမျိုးသား တစ်ဦးလည်း သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံ ခဲ့ရသည်။

*** ZAWGYI ***
ကန္ႀကီးေထာင့္တြင္ ဒလန္ ဆိုသူ တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃၀ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီဝင္ အမ်ိဳးသားတစ္ဦး ဒလန္ဟု ဆိုကာ ေသနတ္ျဖင့္ ပစ္သတ္ခံရေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ကန္ႀကီးေထာင့္ၿမိဳ႕၊ ဥယ်ာဥ္စုရပ္ ၁ လမ္း ေနထိုင္သူ အသက္ ၅၃ ႏွစ္ဝန္းက်င္ရွိ ျပည္ခိုင္ၿဖိဳးပါတီ၏ စည္း႐ုံးေရး မႉးလည္းျဖစ္သူ စစ္ေကာင္စီအား သတင္းေပးေနသူဟု လူသိမ်ားသူ ဦးေမာင္ေမာင္ျမင့္ ဆိုသူမွာ ေ႐ႊဘို တန္းလမ္းမႀကီး မဟာသီရိ မဂၤလာရာမ ဘုန္းႀကီး ေက်ာင္း ေရွ႕တြင္ ေသနတ္ျဖင့္ အနီးကပ္ ပစ္ခံၿပီး ေသဆုံးျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“ၿမိဳ႕မွာ ရဲသတင္းေပးလို႔ လူသိမ်ားတယ္ အာဏာရွင္ ဆန႔္က်င္တဲ့သူေတြကလည္း သူ႔ကို ဒလန္လို႔ သတ္မွတ္ ထားတဲ့သူပါ ေသနတ္သံၾကားလိုက္တယ္ ကိုေမာင္ျမင့္ ကိုပစ္သြားတာ လို႔ေျပာၾကတယ္ ဘယ္သူ ပစ္တာလဲ မသိဘူး” ဟု ၿမိဳ႕ခံ ကိုထြန္းထြန္း က ေျပာသည္။

ၾသဂုတ္လ ၂၉ ရက္ေန႔ နံနက္ ၆ နာရီေက်ာ္အခ်ိန္ခန႔္က ပစ္သတ္ခံခဲ့ရျခင္း ျဖစ္သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

ဦးေမာင္ေမာင္ျမင့္သည္ ေ႐ႊဘိုတန္းလမ္း ေဈးတြင္ ေဈးေရာင္းသူ ျဖစ္ၿပီး အထုပ္အပိုးမ်ားျဖင့္ ေဈးခင္းရန္ ဆိုင္ ကယ္ျဖင့္ ထြက္လာစဥ္ ေသနတ္ျဖင့္ ပစ္ခတ္ခံရေၾကာင္း အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ စစ္ေဆး႐ုံသို႔ ပို႔ ေဆာင္စဥ္ ေသနတ္ဒါဏ္ရာေၾကာင့္ ေသဆုံးသြားေၾကာင္း ရဲတပ္ဖြဲ႕ မွတာဝန္ရွိသူ တစ္ဦး က အတည္ျပဳ ေျပာဆို သည္။

ဦးေမာင္ေမာင္ျမင့္မွာ ရဲ သတင္းေပး ဟုတ္မဟုတ္ကို သတင္းႏွင့္မီဒီယာကြန္ရက္က သီးျခား အတည္မျပဳႏိုင္ပါ။

ဦးေမာင္ေမာင္ျမင့္ သည္ ကန္ႀကီးေထာင့္ၿမိဳ႕ ဗုံးေပါက္ကြဲမႈ၌ ၿမိဳ႕ခံ လူငယ္အခ်ိဳ႕ကို ဖမ္းဆီးရန္ သတင္းေပးခဲ့ ေၾကာင္း ေဖေဖၚဝါရီလအတြင္း ပုသိမ္က စစ္တပ္ေထာက္ခံပြဲအၿပီး ကန္ႀကီးေထာင့္ၿမိဳ႕ အျပန္လမ္းတြင္ အပင္ ႏွစ္ဆယ္ေက်း႐ြာ အနီးမွ လက္သုံးေခ်ာင္းေထာင္ျပသည့္ လူငယ္ေလးဦးကို ကားရပ္ၿပီး ဆင္း႐ိုက္ခဲ့သူ မ်ားတြင္ ပါဝင္သူ ျဖစ္ေၾကာင္း ေဒသခံအခ်ိဳ႕ထံမွ သိရသည္။

ၿပီးခဲ့သည့္ ၾသဂုတ္ ၁၈ ရက္ေန႔က ဧရာဝတီတိုင္းအတြင္းရွိ အသုတ္ၿမိဳ႕တြင္ ဒလန္ဟုေက်ာ္ၾကားသူ အမ်ိဳးသား တစ္ဦးလည္း ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္ခံ ခဲ့ရသည္။