မုံးကိုး-ဖောင်းဆိုင် ဒေသ စစ်ကောင်စီတပ်မှ လက်နက်ကြီးကြောင့် မိသားစု လေးဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ မန်ခွမ်ရွာအနီး စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တပ်တို့ အကြား တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ နေအိမ်တစ်ခုထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦး အပါဝင် မိသားစုဝင် လေးဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့ကတည်းက နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ဩဂုတ်လ ၂၉ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွားဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နမ့်ဟာရွာခံ လေးဦး ထိမှန် ပြီး သေဆုံးသွားရခြင်း ဖြစ်သည်ဟု မုံးကိုးဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်နဲ့ ကိုးကန့်နဲ့ဟုတ်တယ် တိုက်ပွဲဖြစ်နေတာ။ ၂၈ ရက်နေ့မှာဖြစ်တယ်။ ၂၉ ရက်နေ့က တိုက်ပွဲက မဖြစ် ဘူး။ ဒါပမယ့် သူတို့ အရမ်းရှုံးထားတော့ လျှောက်ပြီးမှ ပစ်လိုက်တာ။ အဲ့ဒါ နမ့်ဟာက ညီနောင်ပလောင် မိသား စုပေါ့ ထိသွားတာ။ ကလေးလည်းပါတယ်။ အားလုံးလေးယောက်နော်။ အသက်ကြီးတာ နှစ်ယောက်ပေါ့။ ဘယ်က နေပစ်နေတာလည်းဆိုရင် ဒီမုံးကိုး၊ ဖောင်းဆိုင်စခန်းဘက်နေ ပစ်လိုက်တာ” ဟု ပြောသည်။

သေဆုံးသွားသူများကို ဩဂုတ်လ ၂၉ ရက်နေ့ ညနေမှာပဲ သဂြိုလ်လိုက်ပြီဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က မုံးကိုး၊ ဖောင်းဆိုင် ဘက်မှ ပြည်သူများနေထိုင်သည့် ကျေးရွာများထဲ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ နမ့်ဟာကျေးရွာထဲ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လူသေဆုံးသည်အထိ ဖြစ်သွားရခြင်း ဖြစ်သည်ဟု ပြောသည်။

“ဒီနမ့်ဟာက အခု လက်နက်ကြီးတွေနဲ့ ပစ်နေတဲ့ မုံးကိုး၊ ဖောင်းဆိုင် အဲ့ဒီကြားမှာရှိတာ။ တိုက်ပွဲဖြစ်တာက မန် ခွမ်မှာဖြစ်တာ။ လက်နက်ကြီးပစ်ခံရတာက နမ့်ဟာကိုပစ်တာ။ အသံတွေဆို အကျယ်ကြီးပဲ။ ကျနော်တို့လည်း အိမ်မပြန်တာကြာပြီ။ မနက်ဆိုတောင်ယာသွားတယ်။ ညဆို ဒီနယ်စပ်က တဲမှာပဲ ပြန်အိပ်တာ။ အိမ်မှာမနေရဲ ဘူး။ ခနခန အသံတွေမြည်တယ်လေနော်။ အခု နမ့်ဟာရွာက ကျနော်တို့ ညီနောင် ပလောင်တွေရဲ့ ရွာဟုတ် တယ်” ဟု မုံးကိုးဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်နေမှုများကြောင့် နမ့်ဟာကျေးရွာက ရွာသားများ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ကစတင်ပြီး စစ် ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

နမ့်ဟာကျေးရွာက ဒေသခံပြည်သူများ ထိုသို့ စစ်ဘေးတိမ်းရှောင်နေကြသော်လည်း လက်နက်ကြီးကျည်ကျ ရောက် ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့်မိသားစုက ထွက်မပြေးပဲ ကျန်နေခဲ့ရာမှ ယခုကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တပ်တို့အကြားက တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ၂ ဦးအပါအဝင် ခြေမြန်တပ်ရင်းတစ်ခုလုံးနီးပါး အထိနာသွားခဲ့ရ သည်ဟု ဒေသခံများနှင့် ဒေသတွင်းသတင်းမီဒီယာများက ပြောသည်။

“အထူးဒေသ (၁) မုံးကိုးခရိုင်ဒေသတစ်ဝိုက်ရှိ စစ်ကောင်စီတပ် တပ်ရင်း (၂၃၀) ကို MNDAA မှ ပြင်းပြင်းထန် ထန် အထိနာအောင် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် စစ်ကောင်စီတပ်ရင်း (၂၃၀) အပါ အဝင် လူအင်အား (၁၃၀) ခန့်သည် MNDAA တပ်စခန်းကို ထပ်မံထိုးစစ်ဆင်ရန် ချီတက်လာပါသည်။ တစ်နေ့ တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့ ပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ MNDAA အနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ စစ်သုံးပစ္စည်းတစ်ချို့ကို သိမ်းပိုက် နိုင်ခဲ့သည်” ဟု ကိုးကန့် သတင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ဩဂုတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက် ထပ်မံထိုးစစ်ဆင်ခဲ့သည့် မုံးကိုးမြို့နယ်အတွင်း တိုက်ပွဲနှစ်နာရီကျော်ခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိနေသည့်အပြင် ရွာခံအများစုလည်း စစ်ဘေးလွှတ်ရာ ထွက်ပြေးနေကြသည်။

စစ်ရေးပစ်မှတ်မခွဲခြားပဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေခြင်း၊ ကျေးရွာများ ထဲ ပစ်ခတ်နေခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည်ဟု ဂျီနီဗာသဘောတူညီချက်တွင် ပြဌာန်းထားသည်။

*** ZAWGYI ***
မုံးကိုး-ေဖာင္းဆိုင္ ေဒသ စစ္ေကာင္စီတပ္မွ လက္နက္ႀကီးေၾကာင့္ မိသားစု ေလးဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ ဩဂုတ္လ ၃၀ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ မုံးကိုးၿမိဳ႕ မန္ခြမ္႐ြာအနီး စစ္ေကာင္စီတပ္ႏွင့္ MNDAA (ကိုးကန႔္) တပ္တို႔ အၾကား တိုက္ပြဲမ်ားျဖစ္ပြားလွ်က္ရွိရာ ေနအိမ္တစ္ခုထဲသို႔ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ကေလးတစ္ဦး အပါဝင္ မိသားစုဝင္ ေလးဦး ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဩဂုတ္လ ၂၈ ရက္ေန႔ကတည္းက ႏွစ္ဖက္ၾကား တိုက္ပြဲျဖစ္ပြားလွ်က္ရွိၿပီး ဩဂုတ္လ ၂၉ ရက္ေန႔နံနက္ပိုင္းတြင္ စစ္ေကာင္စီတပ္က ေက်း႐ြားဘက္သို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည့္အတြက္ နမ့္ဟာ႐ြာခံ ေလးဦး ထိမွန္ ၿပီး ေသဆုံးသြားရျခင္း ျဖစ္သည္ဟု မုံးကိုးေဒသခံတစ္ဦးက ေျပာသည္။

“စစ္တပ္နဲ႔ ကိုးကန႔္နဲ႔ဟုတ္တယ္ တိုက္ပြဲျဖစ္ေနတာ။ ၂၈ ရက္ေန႔မွာျဖစ္တယ္။ ၂၉ ရက္ေန႔က တိုက္ပြဲက မျဖစ္ ဘူး။ ဒါပမယ့္ သူတို႔ အရမ္းရႈံးထားေတာ့ ေလွ်ာက္ၿပီးမွ ပစ္လိုက္တာ။ အဲ့ဒါ နမ့္ဟာက ညီေနာင္ပေလာင္ မိသား စုေပါ့ ထိသြားတာ။ ကေလးလည္းပါတယ္။ အားလုံးေလးေယာက္ေနာ္။ အသက္ႀကီးတာ ႏွစ္ေယာက္ေပါ့။ ဘယ္က ေနပစ္ေနတာလည္းဆိုရင္ ဒီမုံးကိုး၊ ေဖာင္းဆိုင္စခန္းဘက္ေန ပစ္လိုက္တာ” ဟု ေျပာသည္။

ေသဆုံးသြားသူမ်ားကို ဩဂုတ္လ ၂၉ ရက္ေန႔ ညေနမွာပဲ သၿဂိဳလ္လိုက္ၿပီဟု ေဒသခံမ်ားက ေျပာသည္။

စစ္ေကာင္စီတပ္က မုံးကိုး၊ ေဖာင္းဆိုင္ ဘက္မွ ျပည္သူမ်ားေနထိုင္သည့္ ေက်း႐ြာမ်ားထဲ လက္နက္ႀကီးမ်ားျဖင့္ ရမ္းသမ္း ပစ္ခတ္ခဲ့ျခင္းျဖစ္ရာ နမ့္ဟာေက်း႐ြာထဲ လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ လူေသဆုံးသည္အထိ ျဖစ္သြားရျခင္း ျဖစ္သည္ဟု ေျပာသည္။

“ဒီနမ့္ဟာက အခု လက္နက္ႀကီးေတြနဲ႔ ပစ္ေနတဲ့ မုံးကိုး၊ ေဖာင္းဆိုင္ အဲ့ဒီၾကားမွာရွိတာ။ တိုက္ပြဲျဖစ္တာက မန္ ခြမ္မွာျဖစ္တာ။ လက္နက္ႀကီးပစ္ခံရတာက နမ့္ဟာကိုပစ္တာ။ အသံေတြဆို အက်ယ္ႀကီးပဲ။ က်ေနာ္တို႔လည္း အိမ္မျပန္တာၾကာၿပီ။ မနက္ဆိုေတာင္ယာသြားတယ္။ ညဆို ဒီနယ္စပ္က တဲမွာပဲ ျပန္အိပ္တာ။ အိမ္မွာမေနရဲ ဘူး။ ခနခန အသံေတြျမည္တယ္ေလေနာ္။ အခု နမ့္ဟာ႐ြာက က်ေနာ္တို႔ ညီေနာင္ ပေလာင္ေတြရဲ႕ ႐ြာဟုတ္ တယ္” ဟု မုံးကိုးေဒသခံ ရပ္မိရပ္ဖတစ္ဦးက ေျပာသည္။

ထိုသို႔ ပစ္ခတ္ေနမႈမ်ားေၾကာင့္ နမ့္ဟာေက်း႐ြာက ႐ြာသားမ်ား ဩဂုတ္လ ၂၉ ရက္ေန႔ နံနက္ကစတင္ၿပီး စစ္ ေဘးတိမ္းေရွာင္ေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။

နမ့္ဟာေက်း႐ြာက ေဒသခံျပည္သူမ်ား ထိုသို႔ စစ္ေဘးတိမ္းေရွာင္ေနၾကေသာ္လည္း လက္နက္ႀကီးက်ည္က် ေရာက္ ေပါက္ကြဲမႈေၾကာင့္ ေသဆုံးသြားသည့္မိသားစုက ထြက္မေျပးပဲ က်န္ေနခဲ့ရာမွ ယခုကဲ့သို႔ ျဖစ္သြားရျခင္း ျဖစ္သည္ဟု ဆိုၾကသည္။

ဩဂုတ္လ ၂၈ ရက္ေန႔ ျဖစ္ပြားခဲ့သည့္ စစ္ေကာင္စီတပ္ႏွင့္ MNDAA (ကိုးကန႔္) တပ္တို႔အၾကားက တိုက္ပြဲ အတြင္း စစ္ေကာင္စီဘက္က တပ္ရင္းမႉး ၂ ဦးအပါအဝင္ ေျချမန္တပ္ရင္းတစ္ခုလုံးနီးပါး အထိနာသြားခဲ့ရ သည္ဟု ေဒသခံမ်ားႏွင့္ ေဒသတြင္းသတင္းမီဒီယာမ်ားက ေျပာသည္။

“အထူးေဒသ (၁) မုံးကိုးခ႐ိုင္ေဒသတစ္ဝိုက္ရွိ စစ္ေကာင္စီတပ္ တပ္ရင္း (၂၃၀) ကို MNDAA မွ ျပင္းျပင္းထန္ ထန္ အထိနာေအာင္ ခုခံတိုက္ခိုက္ခဲ့ေၾကာင္း၊ ဩဂုတ္လ (၂၈) ရက္ေန႔တြင္ စစ္ေကာင္စီတပ္ရင္း (၂၃၀) အပါ အဝင္ လူအင္အား (၁၃၀) ခန႔္သည္ MNDAA တပ္စခန္းကို ထပ္မံထိုးစစ္ဆင္ရန္ ခ်ီတက္လာပါသည္။ တစ္ေန႔ တာ တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ အနည္းဆုံး ၅ ဦးေသဆုံးခဲ့ ၿပီး ၂၀ ဦးခန႔္ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။ MNDAA အေနျဖင့္ ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ဘဲ စစ္သုံးပစၥည္းတစ္ခ်ိဳ႕ကို သိမ္းပိုက္ ႏိုင္ခဲ့သည္” ဟု ကိုးကန႔္ သတင္းတြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ဩဂုတ္လ ၂၉ ရက္ေန႔တြင္ စစ္ေကာင္စီတပ္ဘက္ ထပ္မံထိုးစစ္ဆင္ခဲ့သည့္ မုံးကိုးၿမိဳ႕နယ္အတြင္း တိုက္ပြဲႏွစ္နာရီေက်ာ္ခန႔္ ျဖစ္ပြားခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္၏ လက္နက္ႀကီးပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံမ်ား ထိခိုက္ေသဆုံးမႈမ်ား ရွိေနသည့္အျပင္ ႐ြာခံအမ်ားစုလည္း စစ္ေဘးလႊတ္ရာ ထြက္ေျပးေနၾကသည္။

စစ္ေရးပစ္မွတ္မခြဲျခားပဲ အရပ္သားမ်ားကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ပစ္မွတ္ထား တိုက္ခိုက္ေနျခင္း၊ ေက်း႐ြာမ်ား ထဲ ပစ္ခတ္ေနျခင္းသည္ စစ္ရာဇဝတ္မႈေျမာက္သည္ဟု ဂ်ီနီဗာသေဘာတူညီခ်က္တြင္ ျပဌာန္းထားသည္။