ကန်ကြီးထောင့်တွင် ကျား ၂ ဦး၊ မ ၂ ဦးကို ဖမ်းဆီး စစ်ဆေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင် စစ်ကောင်စီ၏ သတင်းပေး (ဒလန်) ဆိုသူတစ်ဦး အသတ်ခံရပြီး နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒေသခံ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထား သည်ဟု ဒေသခံများက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၀ ကျော်ရှိ ကိုကျော်ဇင်ထွေး၊ ကိုငဖြိုး နှင့်အတူ အခြား အမျိုးသမီး ၂ ဦး ကို ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦး က အတည်ပြု ပြောသည်။

“ပုဒ်မ ၅၀၅ နဲ့ ဝရမ်း အထုတ်ခံထား ရသူတွေပါ။ လက်လုပ်ဗုံး ၂ လုံးနဲ့ အတူ ဖမ်းမိတာပါ။ ငဖြိုးက ပိတောက် ပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့သူပါ” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အမျိုးသမီး ၂ ဦးကို ဓမ္မာရုံတွင် အစောင့်အကြပ်ဖြင့် ထားကြောင်း အမျိုးသား ၂ ဦး ကိုမူ ရဲစခန်းအချုပ်ထဲတွင် ထားရှိပြီး အားလုံးကို စစ်ဆေးဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ဆေးပြီးနောက် အမှုနှင့် မသက်ဆိုင်သူကို ပြန်လွှတ်ပေးမည် ဆိုသည်။

“ဖမ်းထားတာ ၃ ရက် ရှိပြီး အဆက်အသွယ် မရဘူး စိုးရိမ်နေတယ်” ဟု ဖမ်းခံထားရသူများ၏ မိသားစုဝင် တစ်ဦး က ပြောသည်။

စစ်ကောင်စီ သတင်းပေး (ဒလန်) ဦးမောင်မောင်မြင့်ဆိုသူ အသတ်ခံရပြီးနောက် ကန်ကြီးထောင့်မြို့ပေါ်က နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူ အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်လိုက် ပြန်လွှတ် လိုက် လုပ်နေသည်ဟု ဒေသခံများ က ပြောသည်။

ကန်ကြီးထောင့်မြို့၊ ဥယျာဉ်စု ၁ လမ်းနေ ဦးမောင်မောင်မြင့် အား သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက သုတ်သင် ခဲ့ကြောင်း မြစ်ဝကျွန်းပျောက်ကြား တပ်ပေါင်းစု DGWCF က ယင်းနေ့ မွန်းလွဲပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ သည်။

*** ZAWGYI ***
ကန္ႀကီးေထာင့္တြင္ က်ား ၂ ဦး၊ မ ၂ ဦးကို ဖမ္းဆီး စစ္ေဆး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

ဧရာဝတီတိုင္း၊ ကန္ႀကီးေထာင့္ၿမိဳ႕တြင္ စစ္ေကာင္စီ၏ သတင္းေပး (ဒလန္) ဆိုသူတစ္ဦး အသတ္ခံရၿပီး ေနာက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ေဒသခံ အမ်ိဳးသား ၂ ဦး ႏွင့္ အမ်ိဳးသမီး ၂ ဦးကို ဖမ္းဆီးထား သည္ဟု ေဒသခံမ်ားက ေျပာသည္။

ကန္ႀကီးေထာင့္ၿမိဳ႕နယ္၊ ပိေတာက္ပင္ေက်း႐ြာတြင္ ေနထိုင္သည့္ အသက္ ၃၀ ေက်ာ္ရွိ ကိုေက်ာ္ဇင္ေထြး၊ ကိုငၿဖိဳး ႏွင့္အတူ အျခား အမ်ိဳးသမီး ၂ ဦး ကို ဖမ္းဆီးထားျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕ တာဝန္ရွိသူ တစ္ဦး က အတည္ျပဳ ေျပာသည္။

“ပုဒ္မ ၅၀၅ နဲ႔ ဝရမ္း အထုတ္ခံထား ရသူေတြပါ။ လက္လုပ္ဗုံး ၂ လုံးနဲ႔ အတူ ဖမ္းမိတာပါ။ ငၿဖိဳးက ပိေတာက္ ပင္႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို မီးရႈိ႕သူပါ” ဟု ရဲတပ္ဖြဲ႕ တာဝန္ရွိသူက ေျပာသည္။

အမ်ိဳးသမီး ၂ ဦးကို ဓမၼာ႐ုံတြင္ အေစာင့္အၾကပ္ျဖင့္ ထားေၾကာင္း အမ်ိဳးသား ၂ ဦး ကိုမူ ရဲစခန္းအခ်ဳပ္ထဲတြင္ ထားရွိၿပီး အားလုံးကို စစ္ေဆးဆဲျဖစ္သည္ဟု ၎က ဆက္ေျပာသည္။

စစ္ေဆးၿပီးေနာက္ အမႈႏွင့္ မသက္ဆိုင္သူကို ျပန္လႊတ္ေပးမည္ ဆိုသည္။

“ဖမ္းထားတာ ၃ ရက္ ရွိၿပီး အဆက္အသြယ္ မရဘူး စိုးရိမ္ေနတယ္” ဟု ဖမ္းခံထားရသူမ်ား၏ မိသားစုဝင္ တစ္ဦး က ေျပာသည္။

စစ္ေကာင္စီ သတင္းေပး (ဒလန္) ဦးေမာင္ေမာင္ျမင့္ဆိုသူ အသတ္ခံရၿပီးေနာက္ ကန္ႀကီးေထာင့္ၿမိဳ႕ေပၚက ႏိုင္ငံ ေရးတက္ႂကြလႈပ္ရွားသူ အခ်ိဳ႕ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးစစ္ေဆးမႈမ်ားျပဳလုပ္လိုက္ ျပန္လႊတ္ လိုက္ လုပ္ေနသည္ဟု ေဒသခံမ်ား က ေျပာသည္။

ကန္ႀကီးေထာင့္ၿမိဳ႕၊ ဥယ်ာဥ္စု ၁ လမ္းေန ဦးေမာင္ေမာင္ျမင့္ အား ၾသဂုတ္လ ၂၉ ရက္ေန႔ နံနက္ပိုင္းက သုတ္သင္ ခဲ့ေၾကာင္း ျမစ္ဝကြၽန္းေပ်ာက္ၾကား တပ္ေပါင္းစု DGWCF က ယင္းေန႔ မြန္းလြဲပိုင္းက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ သည္။