တောင်တွင်းကြီးတွင် နှစ်လအတွင်း သေဆုံးသူ ၂၀၀ ကျော်ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ဇူလိုင်နှင့် သြဂုတ် နှစ်လ အတွင်း COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိရှိကြောင်း တောင်တွင်ကြီးမြို့ စိတ္တသုခ လူမူကူညီရေး အသင်း၏ စာရင်းများအရ သိရသည်။

ဇူလိုင်လအတွင်းက ဆေးရုံတွင် သေဆုံးသူ ၅၀ ကျော်နှင့် နေအိမ်သေဆုံးသူ ၆၀ ခန့် ရှိကာ စုစုပေါင်း ၁၁၁ ဦး ပို့ဆောင်သဂြိုလ်ပေးခဲ့ရပြီး သြဂုတ်လအတွင်း အမျိုးသား ၆၇ ဦး နှင့် အမျိုးသမီး ၅၁ ဦးတို့၏ ရုပ်အလောင်း များအား စိတ္တသုခ လူမူကူညီရေးအသင်းက တာန်ရှိသူတစ်ဦးက ပြောသည်။

“အသင်းတည်ထောင်တဲ့ သမိုင်းတလျှောက်မှာ နာရေးပို့ဆောင်ပေးရတာ အများဆုံးကာလပါ” ဟု ၎င်း က ပြောသည်။

စိတ္တသုခ လူမူကူညီရေးအသင်း တည်ထောင်လာခဲ့သည်မှာ (၁၅) နှစ်ကြာမြင့်ပြီ ဖြစ်သည်။

COVID-19 ကပ်ရောဂါဖြင့် သေဆုံးသူများကို စိတ္တသုခလူမှုကူညီရေးအသင်းအနေဖြင့် အချိန် နှင့် တပြေးညီ ပို့ဆောင်သဂြိုလ်ပေးခဲ့ကြောင်း အသင်းတာဝန်ရှိသူ က ပြောသည်။

မကွေးတိုင်းဒေသကြီး အတွင်းရှိ အခြားမြို့နယ်များမှ လူမှုကူညီရေး ပရဟိတအသင်းများ အနေဖြင့်လည်း တောင်တွင်းကြီးမှ ပရဟိတအသင်းကဲ့သို့ COVID-19 ကပ်ရောဂါ တတိယလှိုင်းအတွင်းက သေဆုံးသူများ၏ စာ ရင်းကို ထုတ်ပြန်နိုင်လျှင် ကိုဗစ် နှင့်ပတ်သက်၍ အားလုံးက အလေးအနက်ရှိလာနိုင်မည်ဟု ဒေသခံတစ်ဦးက ပြောသည်။

*** ZAWGYI ***
ေတာင္တြင္းႀကီးတြင္ ႏွစ္လအတြင္း ေသဆုံးသူ ၂၀၀ ေက်ာ္ရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္၌ ဇူလိုင္ႏွင့္ ၾသဂုတ္ ႏွစ္လ အတြင္း COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂၀၀ ေက်ာ္အထိရွိေၾကာင္း ေတာင္တြင္ႀကီးၿမိဳ႕ စိတၱသုခ လူမူကူညီေရး အသင္း၏ စာရင္းမ်ားအရ သိရသည္။

ဇူလိုင္လအတြင္းက ေဆး႐ုံတြင္ ေသဆုံးသူ ၅၀ ေက်ာ္ႏွင့္ ေနအိမ္ေသဆုံးသူ ၆၀ ခန္႔ ရွိကာ စုစုေပါင္း ၁၁၁ ဦး ပို႔ေဆာင္သၿဂိဳလ္ေပးခဲ့ရၿပီး ၾသဂုတ္လအတြင္း အမ်ိဳးသား ၆၇ ဦး ႏွင့္ အမ်ိဳးသမီး ၅၁ ဦးတို႔၏ ႐ုပ္အေလာင္း မ်ားအား စိတၱသုခ လူမူကူညီေရးအသင္းက တာန္ရွိသူတစ္ဦးက ေျပာသည္။

“အသင္းတည္ေထာင္တဲ့ သမိုင္းတေလွ်ာက္မွာ နာေရးပို႔ေဆာင္ေပးရတာ အမ်ားဆုံးကာလပါ” ဟု ၎ က ေျပာသည္။

စိတၱသုခ လူမူကူညီေရးအသင္း တည္ေထာင္လာခဲ့သည္မွာ (၁၅) ႏွစ္ၾကာျမင့္ၿပီ ျဖစ္သည္။

COVID-19 ကပ္ေရာဂါျဖင့္ ေသဆုံးသူမ်ားကို စိတၱသုခလူမႈကူညီေရးအသင္းအေနျဖင့္ အခ်ိန္ ႏွင့္ တေျပးညီ ပို႔ေဆာင္သၿဂိဳလ္ေပးခဲ့ေၾကာင္း အသင္းတာဝန္ရွိသူ က ေျပာသည္။

မေကြးတိုင္းေဒသႀကီး အတြင္းရွိ အျခားၿမိဳ႕နယ္မ်ားမွ လူမႈကူညီေရး ပရဟိတအသင္းမ်ား အေနျဖင့္လည္း ေတာင္တြင္းႀကီးမွ ပရဟိတအသင္းကဲ့သို႔ COVID-19 ကပ္ေရာဂါ တတိယလႈိင္းအတြင္းက ေသဆုံးသူမ်ား၏ စာ ရင္းကို ထုတ္ျပန္ႏိုင္လွ်င္ ကိုဗစ္ ႏွင့္ပတ္သက္၍ အားလုံးက အေလးအနက္ရွိလာႏိုင္မည္ဟု ေဒသခံတစ္ဦးက ေျပာသည္။