နော်စီဖိုးရာစိန်၏ KCG က NUG ကို အဘက်ဘက်မှ ကူညီမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

KNU ဒု-ဥက္ကဌဟောင်း ဦးဆောင်သည့် KNU Concerned Group က ကြားဖြတ် ယာယီ အစိုးရ CRPH/ NUG ကို အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးတို့ အတွက် အဖက်ဖက်မှ ပံ့ပိုးကူညီသွားမည်ဟု KCG ပြောရေးဆိုခွင့်ရှိသူ ပဒို နော်စီဖိုးရာစိန်က ပြောသည်။

ပဒို နော်စီဖိုးရာစိန်က “ကျမတို့ လုပ်နိုင်တဲ့အပိုင်းတွေ နိုင်ငံ သံတမန်ရေးရာပေါ့လေ ကျမတို့ ဒါ advocacy လုပ် တဲ့ အပိုင်းလည်း ကျမတို့ လုပ်နေတယ်။ အဲဒါကလည်း NUG ကို နိုင်ငံတကာကလည်း ထောက်ခံ အသိအမှတ် ပြုဖို့ လုပ်ဆောင်တာမျိုးရှိတယ်။ ပြီးတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကတော့ ကျမတို့ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်မယ်ဆိုရင်လည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့ လက္ခဏတွေကိုလည်း ဒါကို သူတို့ကို လည်း ဖက်ဒရယ် တည်ဆောက်ဖို့အတွက်က ဒါကို ဝိုင်းဝန်းပြီးတော့ အဲဒါကိုလည်း တည်ဆောက် နိုင်တဲ့ပုံစံတွေ ပေါ့နော အဲဒါ ကျမတို့လည်း လုပ်ဆောင်နိုင်တယ်ပေါ့နော်” ဟု ပြောသည်။

စစ်ရေးအတွက် ကူညီပံ့ပိုးမည့် ပုံစံနှင့်ပတ်သက်၍ ပဒိုနော်စီဖိုးရာစိန်က ယခုကဲ့သို့ ဆက်ပြောသည်။

၎င်းက “ပြီးတော့ စစ်ရေး ကိစ္စကတော့ အထူးသဖြင့်ပေါ့လေ အခုဆိုရင်လည်း တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း တိုက်ပွဲဝင်တဲ့ အချိန် ဖြစ်တယ်။ တော်လှန်ရေး အချိန်ကာလလည်း ဖြစ်တယ်ပေါ့ လေ။ ကျမတို့လည်း တော်လှန်ရေးလုပ်တဲ့ အခါမှာလည်း သူတို့လည်း လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့လည်း ဒါကို ကျမတို့နဲ့ တူညီတဲ့ အပိုင်းဆိုရင်တော့ အဲဒါ ကျမတို့ လုပ်နိုင်တဲ့အပိုင်းဆို ကျမတို့ လုပ်ဆောင်နိုင်တယ်ပေါ့” ဟု ပြောသည်။

စက်တင်ဘာလ ၂ ရက် (ယနေ့) KCG ၏ ထုတ်ပြန်ချက်ထဲတွင်လည်း CRPH/NUG အမျိုးသား ညီညွတ်ရေး အစိုးရ၏ နိုင်ငံရေး ရပ်တည်ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည် ဆောက်ရေးသည် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတို့၏ တော်လှန်ရေး ရည် မှန်းချက် ပန်းတိုင်ဖြစ်သည့် တိုင်းရင်းသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ပြည် ထောင်စု တည်ဆောက်ရေးနှင့် ထပ်တူဖြစ်သောကြောင့် KNU Concerned Group မှ CRPH/NUG ကို ကြိုဆို ထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး လှုပ်ရှားမှုများကို စွမ်းစွမ်းတမံ ပံ့ပိုး ဆောင်ရွက် သွားမည်ဖြစ်သည် ဟု ပါရှိသည်။

တိုင်းရင်းသားများနှင့် နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်တူညီနေသည့်အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ CRPH/NUG ကို ပံ့ပိုးကူညီရမည် ဖြစ်သည်ဟု KNU Concerned Group ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

ပဒိုနော်စီဖိုးရာစိန်က “ဒီ CRPH နဲ့ NUG အစိုးရပေါ့လေနော။ သူတို့ရပ်တည်ချက်ကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အ တွက် ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ပေါ့ အဲဒါနဲ့ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်း သား တော်လှန် ရေး အဖွဲ့အစည်းတွေလည်း နိုင်ငံရေး ရပ်တည်ချက်နဲ့ တစ်ထပ်တည်းဖြစ်နေတယ်။ ကျမတို့ တိုင်းရင်းသား တော် လှန်ရေး အဖွဲ့အစည်း နိုင်ငံရေး ပန်းတိုင်ကလည်း တိုင်းရင်းသား တန်းတူရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေးပေါ့နော။ အဲဒီအပေါ်မှာက ထပ်တူတဲ့အပေါ်မှာက ကျမတို့ ကြိုဆိုတယ်။ ကျမ တို့ ထောက်ခံတယ်။ တတ်နိုင်သမျှလည်း ကျမတို့ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီ ဆောင်ရွက်ရမယ်” ဟုပြော သည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များတို့မှ စစ်အာဏာရှင် အပြီးသတ် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် နွေဦးတော်လှန်ရေးကြီးနှင့်အတူ တစ်ညီတစ်ညွတ်တည်း တိုက်ပွဲဝင်သွားကြပါရန် KCG က တိုက်တွန်းနှိုးဆော် ထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် KNU Concerned Group ကို ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ဟောင်း ပဒိုနော်စီဖိုး ရာစိန် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သော ၎င်းတို့၏ စိုးရိမ် ချက်များ၊ ရပ်တည်ချက်များကို နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ သဘောထား ထုတ်ပြန်မှုများ ပြုလုပ်သည့် အဖွဲ့ဖြစ်သည်။

*** ZAWGYI ***
ေနာ္စီဖိုးရာစိန္၏ KCG က NUG ကို အဘက္ဘက္မွ ကူညီမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

KNU ဒု-ဥကၠဌေဟာင္း ဦးေဆာင္သည့္ KNU Concerned Group က ၾကားျဖတ္ ယာယီ အစိုးရ CRPH/ NUG ကို အုပ္ခ်ဳပ္ေရး၊ စစ္ေရး၊ ႏိုင္ငံေရးႏွင့္ သံတမန္ေရးတို႔ အတြက္ အဖက္ဖက္မွ ပံ့ပိုးကူညီသြားမည္ဟု KCG ေျပာေရးဆိုခြင့္ရွိသူ ပဒို ေနာ္စီဖိုးရာစိန္က ေျပာသည္။

ပဒို ေနာ္စီဖိုးရာစိန္က “က်မတို႔ လုပ္ႏိုင္တဲ့အပိုင္းေတြ ႏိုင္ငံ သံတမန္ေရးရာေပါ့ေလ က်မတို႔ ဒါ advocacy လုပ္ တဲ့ အပိုင္းလည္း က်မတို႔ လုပ္ေနတယ္။ အဲဒါကလည္း NUG ကို ႏိုင္ငံတကာကလည္း ေထာက္ခံ အသိအမွတ္ ျပဳဖို႔ လုပ္ေဆာင္တာမ်ိဳးရွိတယ္။ ၿပီးေတာ့ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာကေတာ့ က်မတို႔ ဖက္ဒရယ္ ျပည္ေထာင္စု တည္ ေဆာက္မယ္ဆိုရင္လည္း ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္တဲ့ လကၡဏေတြကိုလည္း ဒါကို သူတို႔ကို လည္း ဖက္ဒရယ္ တည္ေဆာက္ဖို႔အတြက္က ဒါကို ဝိုင္းဝန္းၿပီးေတာ့ အဲဒါကိုလည္း တည္ေဆာက္ ႏိုင္တဲ့ပုံစံေတြ ေပါ့ေနာ အဲဒါ က်မတို႔လည္း လုပ္ေဆာင္ႏိုင္တယ္ေပါ့ေနာ္” ဟု ေျပာသည္။

စစ္ေရးအတြက္ ကူညီပံ့ပိုးမည့္ ပုံစံႏွင့္ပတ္သက္၍ ပဒိုေနာ္စီဖိုးရာစိန္က ယခုကဲ့သို႔ ဆက္ေျပာသည္။

၎က “ၿပီးေတာ့ စစ္ေရး ကိစၥကေတာ့ အထူးသျဖင့္ေပါ့ေလ အခုဆိုရင္လည္း တိုင္းရင္းသား ေတာ္လွန္ေရး အဖြဲ႕အစည္းေတြကလည္း တိုက္ပြဲဝင္တဲ့ အခ်ိန္ ျဖစ္တယ္။ ေတာ္လွန္ေရး အခ်ိန္ကာလလည္း ျဖစ္တယ္ေပါ့ ေလ။ က်မတို႔လည္း ေတာ္လွန္ေရးလုပ္တဲ့ အခါမွာလည္း သူတို႔လည္း လုံၿခဳံေရးဆိုင္ရာ ကိစၥေတြနဲ႔လည္း ဒါကို က်မတို႔နဲ႔ တူညီတဲ့ အပိုင္းဆိုရင္ေတာ့ အဲဒါ က်မတို႔ လုပ္ႏိုင္တဲ့အပိုင္းဆို က်မတို႔ လုပ္ေဆာင္ႏိုင္တယ္ေပါ့” ဟု ေျပာသည္။

စက္တင္ဘာလ ၂ ရက္ (ယေန႔) KCG ၏ ထုတ္ျပန္ခ်က္ထဲတြင္လည္း CRPH/NUG အမ်ိဳးသား ညီၫြတ္ေရး အစိုးရ၏ ႏိုင္ငံေရး ရပ္တည္ခ်က္ျဖစ္သည့္ စစ္အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရးႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ တည္ ေဆာက္ေရးသည္ မိမိတို႔ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕ အစည္းတို႔၏ ေတာ္လွန္ေရး ရည္ မွန္းခ်က္ ပန္းတိုင္ျဖစ္သည့္ တိုင္းရင္းသား တန္းတူေရး ကိုယ္ပိုင္ျပဌာန္းခြင့္ရွိသည့္ ျပည္နယ္ေပါင္းစု ျပည္ ေထာင္စု တည္ေဆာက္ေရးႏွင့္ ထပ္တူျဖစ္ေသာေၾကာင့္ KNU Concerned Group မွ CRPH/NUG ကို ႀကိဳဆို ေထာက္ခံၿပီး အုပ္ခ်ဳပ္ေရး၊ စစ္ေရး၊ ႏိုင္ငံေရးႏွင့္ သံတမန္ေရး လႈပ္ရွားမႈမ်ားကို စြမ္းစြမ္းတမံ ပံ့ပိုး ေဆာင္႐ြက္ သြားမည္ျဖစ္သည္ ဟု ပါရွိသည္။

တိုင္းရင္းသားမ်ားႏွင့္ ႏိုင္ငံေရး ရည္မွန္းခ်က္ ပန္းတိုင္တူညီေနသည့္အတြက္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ CRPH/NUG ကို ပံ့ပိုးကူညီရမည္ ျဖစ္သည္ဟု KNU Concerned Group ေျပာေရးဆိုခြင့္ရွိသူ က ဆိုသည္။

ပဒိုေနာ္စီဖိုးရာစိန္က “ဒီ CRPH နဲ႔ NUG အစိုးရေပါ့ေလေနာ။ သူတို႔ရပ္တည္ခ်က္ကေတာ့ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းဖို႔အ တြက္ ျပည္ေထာင္စု တည္ေဆာက္ဖို႔အတြက္ေပါ့ အဲဒါနဲ႔ က်မတို႔ ျပန္ၾကည့္မယ္ဆိုရင္ တိုင္းရင္း သား ေတာ္လွန္ ေရး အဖြဲ႕အစည္းေတြလည္း ႏိုင္ငံေရး ရပ္တည္ခ်က္နဲ႔ တစ္ထပ္တည္းျဖစ္ေနတယ္။ က်မတို႔ တိုင္းရင္းသား ေတာ္ လွန္ေရး အဖြဲ႕အစည္း ႏိုင္ငံေရး ပန္းတိုင္ကလည္း တိုင္းရင္းသား တန္းတူေရးနဲ႔ ဖက္ဒရယ္ ျပည္ေထာင္စု တည္ ေဆာက္ေရးေပါ့ေနာ။ အဲဒီအေပၚမွာက ထပ္တူတဲ့အေပၚမွာက က်မတို႔ ႀကိဳဆိုတယ္။ က်မ တို႔ ေထာက္ခံတယ္။ တတ္ႏိုင္သမွ်လည္း က်မတို႔ ဝိုင္းဝန္းၿပီးေတာ့ ပံ့ပိုးကူညီ ေဆာင္႐ြက္ရမယ္” ဟုေျပာ သည္။

ထို႔အျပင္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ားတို႔မွ စစ္အာဏာရွင္ အၿပီးသတ္ ခ်ဳပ္ၿငိမ္းေစေရးႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ႏိုင္ရန္အတြက္ ေႏြဦးေတာ္လွန္ေရးႀကီးႏွင့္အတူ တစ္ညီတစ္ၫြတ္တည္း တိုက္ပြဲဝင္သြားၾကပါရန္ KCG က တိုက္တြန္းႏႈိးေဆာ္ ထားသည္။

ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္၊ ဇြန္လပိုင္းတြင္ KNU Concerned Group ကို ေကအဲန္ယူ ဒု-ဥကၠ႒ ေဟာင္း ပဒိုေနာ္စီဖိုး ရာစိန္ ဦးေဆာင္ဖြဲ႕စည္းခဲ့ၿပီး ၎အဖြဲ႕အစည္းအေနျဖင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ပတ္သက္ေသာ ၎တို႔၏ စိုးရိမ္ ခ်က္မ်ား၊ ရပ္တည္ခ်က္မ်ားကို ႏိုင္ငံေရး အေျခအေနအေပၚမူတည္၍ သေဘာထား ထုတ္ျပန္မႈမ်ား ျပဳလုပ္သည့္ အဖြဲ႕ျဖစ္သည္။