နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ တစ်‌ထောင်ကျော်သွားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

စစ်အာဏာသိမ်းပြီး ၇ လတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး(နွေဦးတော်လှန်ရေး) လှုပ်ရှားမှုအတွင်း ကျဆုံးသွားသူ ၁၀၀၀ ကျော်သွားပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း AAPP က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ တစ်ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ၇ လတာ ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင် ရေး (နွေဦးတော်လှန်ရေး)အတွင်း ကျဆုံးသွားသူ ၁၀၄၁ ရှိပြီဟု AAPP က ထုတ်ပြန်ထားသည်။

AAPP ၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ တစ်လအတွင်း ကျဆုံးသူမှာ ၆၁ ဦးရှိပြီး ကချင်၊ ချင်း၊ ရှမ်း နှင့် မွန်ပြည် နယ်တို့အပြင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းက အရပ် သားပြည်သူများနှင့် တက်ကြွလှုပ်ရှားသူ အချို့လည်းပါဝင်သည်ဟု သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးဒေသအတွင်း စစ်ကောင်စီ တပ်များနှင့် ကိုးကန့် MNDAA တို့အကြားက တိုက် ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသား ဝင် ၄ ဦး ဩဂုတ်လ ၂၉ ရက်နေ့က သေဆုံးသွားခဲ့သည်။

“သူတို့က မပြေးပဲ ကျန်ခဲ့တဲ့လူတွေပါ။ မုံးကိုး ဖောင်းဆိုင်ဘက် ဒီစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျပြီး သေသွားတာ။ ညီနောင်ပလောင်မိသားစုပေါ့။ ရွာသားတွေပဲ တိုက်ပွဲသံနည်းနည်းရပ်သွားတဲ့အခါ အဲ့ဒီညနေမှာပဲ သွားသဂြိုလ်ပေးလိုက်ရတာ။ ဘယ်သူမှလည်း ဘာမှ တာဝန်မယူပေးပါဘူး” ဟု မုံးကိုး ဒေသခံတစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

ထို့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင်လည်း ခလရ ၅၈ တပ်ရင်းက ပစ်ခတ်မှုကြောင့် ဩဂုတ်လအတွင်း ဒေသခံ နှစ်ဦး သေဆုံးခဲ့ရသည်။

ဩဂုတ်လ ၂၇ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာက ဦးခေါဇုန်းနှင့် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ဝိုင်းမော် စျေးမှ ပြန်လာသည့် ဝူယန်ငေါ့ချန်းရပ်ကွက်က အသက် ၃၃ နှစ်အရွယ် ဒေါ်ဆောင်ပြုံးတို့ သည် ခလရ ၅၈ တပ် ရင်းက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ ကြရသည်။

ဩဂုတ်လ ၂၇ ရက်နေ့က ဖြစ်စဉ်နှင့် ပတ်သက်၍ မဒိန်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးက “သေသွားတဲ့လူက မဒိန် ရွာကပဲလေ။ ခေါဇုန်းဟုတ်တယ်။ ဝိုင်းမော်၊ ခါဒိုင်၊ ဗေသေလ၊ မဒိန်၊ ခကွမ်၊ နောင်းချိန်းဘက်မှာ အလုပ်လုပ် သွားတဲ့လမ်းမှာ ၅၈ တပ်ရင်းဘေးကနေ ဖြတ်သွားရင်း အဲ့ဒီမှာ ညတောင်ယာက ပြန်လာတဲ့အချိန်မှ ပစ်ခံလိုက် ရတာလို့ ပြောတယ်။ သိတာတောင်မှ ဒီနေ့မှ သိတာ။ မနေ့ညကတော့ လက်နက်ကြီးသံမကြားရဘူး၊ သေနတ်ပဲ ကြားတာဆိုတော့ သေနတ်မှန်တာပဲ ဖြစ်မှာပါ” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် AAPP က ထုတ်ပြန်ထားသည့် သေဆုံးသူ ၁၀၄၁ ဦးက အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့် အရပ်သားပြည်သူများ၊ NLD အစိုးရလက်ထက်က ရပ်ကျေး အုပ်ချုပ်ရေး မှူးများ၊ NLD ပါတီဝင်များ ပါဝင်သည်။

ထိုစာရင်းမှာ စစ်အာရှင်ဆန့်ကျင်ဆန္ဒပြပွဲများအတွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် သေဆုံးသွားရသူများ၊ ဖမ်းဆီးခံရပြီး နောက် စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း သေဆုံးသွားသူများ၊ အကျဉ်းထောင်များထဲတွင် သေဆုံးသူများ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖြစ်ပွားနေ သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များ၏ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ်မခွဲခြားပဲ ရမ်း သမ်းပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးသွားသည့် ပြည်သူ များ၏ စာရင်းများဖြစ်သည်။

ယခုအရေအတွက်သည် AAPP က ကောက်ယူရရှိထားသည့် အရေအတွက်သာဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်သည်ဟု AAPP က ဆိုသည်။

ဓါတ်ပုံ – AAPP

*** ZAWGYI ***
ေႏြဦးေတာ္လွန္ေရးအတြင္း က်ဆုံးသူ တစ္‌ေထာင္ေက်ာ္သြားၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

စစ္အာဏာသိမ္းၿပီး ၇ လတြင္ စစ္အာဏာရွင္ဆန႔္က်င္ေရး(ေႏြဦးေတာ္လွန္ေရး) လႈပ္ရွားမႈအတြင္း က်ဆုံးသြားသူ ၁၀၀၀ ေက်ာ္သြားၿပီဟု ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာင္ေရးအသင္း AAPP က ထုတ္ျပန္သည္။

ေဖေဖာ္ဝါရီလ တစ္ရက္ေန႔မွ စက္တင္ဘာလ ၁ ရက္ေန႔အထိ ၇ လတာ ကာလအတြင္း စစ္အာဏာရွင္ဆန႔္က်င္ ေရး (ေႏြဦးေတာ္လွန္ေရး)အတြင္း က်ဆုံးသြားသူ ၁၀၄၁ ရွိၿပီဟု AAPP က ထုတ္ျပန္ထားသည္။

AAPP ၏ ထုတ္ျပန္ခ်က္အရ ဩဂုတ္လ တစ္လအတြင္း က်ဆုံးသူမွာ ၆၁ ဦးရွိၿပီး ကခ်င္၊ ခ်င္း၊ ရွမ္း ႏွင့္ မြန္ျပည္ နယ္တို႔အျပင္ ရန္ကုန္၊ မႏၲေလး၊ မေကြး၊ စစ္ကိုင္း၊ ဧရာဝတီ၊ ပဲခူး ႏွင့္ တနသၤာရီတိုင္းေဒသႀကီးအတြင္းက အရပ္ သားျပည္သူမ်ားႏွင့္ တက္ႂကြလႈပ္ရွားသူ အခ်ိဳ႕လည္းပါဝင္သည္ဟု သိရသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မုံးကိုးေဒသအတြင္း စစ္ေကာင္စီ တပ္မ်ားႏွင့္ ကိုးကန႔္ MNDAA တို႔အၾကားက တိုက္ ပြဲအတြင္း စစ္ေကာင္စီတပ္၏ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ကေလးငယ္တစ္ဦးအပါအဝင္ မိသား ဝင္ ၄ ဦး ဩဂုတ္လ ၂၉ ရက္ေန႔က ေသဆုံးသြားခဲ့သည္။

“သူတို႔က မေျပးပဲ က်န္ခဲ့တဲ့လူေတြပါ။ မုံးကိုး ေဖာင္းဆိုင္ဘက္ ဒီစစ္တပ္ကပစ္လိုက္တဲ့ လက္နက္ႀကီးက်ၿပီး ေသသြားတာ။ ညီေနာင္ပေလာင္မိသားစုေပါ့။ ႐ြာသားေတြပဲ တိုက္ပြဲသံနည္းနည္းရပ္သြားတဲ့အခါ အဲ့ဒီညေနမွာပဲ သြားသၿဂိဳလ္ေပးလိုက္ရတာ။ ဘယ္သူမွလည္း ဘာမွ တာဝန္မယူေပးပါဘူး” ဟု မုံးကိုး ေဒသခံတစ္ဦးက သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာနကို ေျပာသည္။

ထို႔အျပင္ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕တြင္လည္း ခလရ ၅၈ တပ္ရင္းက ပစ္ခတ္မႈေၾကာင့္ ဩဂုတ္လအတြင္း ေဒသခံ ႏွစ္ဦး ေသဆုံးခဲ့ရသည္။

ဩဂုတ္လ ၂၇ ရက္ေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္၊ မဒိန္ေက်း႐ြာက ဦးေခါဇုန္းႏွင့္ ဩဂုတ္လ ၁၃ ရက္ေန႔ ညေန ဝိုင္းေမာ္ ေစ်းမွ ျပန္လာသည့္ ဝူယန္ေငါ့ခ်န္းရပ္ကြက္က အသက္ ၃၃ ႏွစ္အ႐ြယ္ ေဒၚေဆာင္ၿပဳံးတို႔ သည္ ခလရ ၅၈ တပ္ ရင္းက ပစ္ခတ္လိုက္သည့္ ေသနတ္က်ည္ထိမွန္ၿပီး ေသဆုံးခဲ့ ၾကရသည္။

ဩဂုတ္လ ၂၇ ရက္ေန႔က ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မဒိန္ေက်း႐ြာက ရပ္မိရပ္ဖတစ္ဦးက “ေသသြားတဲ့လူက မဒိန္ ႐ြာကပဲေလ။ ေခါဇုန္းဟုတ္တယ္။ ဝိုင္းေမာ္၊ ခါဒိုင္၊ ေဗေသလ၊ မဒိန္၊ ခကြမ္၊ ေနာင္းခ်ိန္းဘက္မွာ အလုပ္လုပ္ သြားတဲ့လမ္းမွာ ၅၈ တပ္ရင္းေဘးကေန ျဖတ္သြားရင္း အဲ့ဒီမွာ ညေတာင္ယာက ျပန္လာတဲ့အခ်ိန္မွ ပစ္ခံလိုက္ ရတာလို႔ ေျပာတယ္။ သိတာေတာင္မွ ဒီေန႔မွ သိတာ။ မေန႔ညကေတာ့ လက္နက္ႀကီးသံမၾကားရဘူး၊ ေသနတ္ပဲ ၾကားတာဆိုေတာ့ ေသနတ္မွန္တာပဲ ျဖစ္မွာပါ” ဟု ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ AAPP က ထုတ္ျပန္ထားသည့္ ေသဆုံးသူ ၁၀၄၁ ဦးက အာဏာရွင္ဆန႔္က်င္ ေရးဆႏၵျပမႈမ်ားတြင္ ပါဝင္ခဲ့သည့္ အရပ္သားျပည္သူမ်ား၊ NLD အစိုးရလက္ထက္က ရပ္ေက်း အုပ္ခ်ဳပ္ေရး မႉးမ်ား၊ NLD ပါတီဝင္မ်ား ပါဝင္သည္။

ထိုစာရင္းမွာ စစ္အာရွင္ဆန႔္က်င္ဆႏၵျပပြဲမ်ားအတြင္ စစ္တပ္၏ ပစ္ခတ္မႈမ်ားေၾကာင့္ ေသဆုံးသြားရသူမ်ား၊ ဖမ္းဆီးခံရၿပီး ေနာက္ စစ္ေကာင္စီ၏ စစ္ေၾကာေရးအတြင္း ေသဆုံးသြားသူမ်ား၊ အက်ဥ္းေထာင္မ်ားထဲတြင္ ေသဆုံးသူမ်ား၊ တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ ျဖစ္ပြားေန သည့္ တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီတပ္မ်ား၏ စစ္ေရးပစ္မွတ္ အရပ္သားပစ္မွတ္မခြဲျခားပဲ ရမ္း သမ္းပစ္ခတ္မႈမ်ားေၾကာင့္ ထိခိုက္ေသဆုံးသြားသည့္ ျပည္သူ မ်ား၏ စာရင္းမ်ားျဖစ္သည္။

ယခုအေရအတြက္သည္ AAPP က ေကာက္ယူရရွိထားသည့္ အေရအတြက္သာျဖစ္ၿပီး အမွန္တကယ္ က်ဆုံးသြားသူမ်ားမွာ အဆိုပါအေရအတြက္ထက္ ပိုမ်ားေနႏိုင္သည္ဟု AAPP က ဆိုသည္။

ဓါတ္ပုံ – AAPP