“ဒလန်” တစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဗိဿနိုး PDF ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး ဦးအောင်စိုးမင်း စက်တင်ဘာလ ၁ ရက် က ပစ်သတ်ခဲ့ကြောင်း ဗိဿနိုး နယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ကြေညာသည်။

မယ်ဇလီပင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်း ကို စစ်ကောင်စီ သတင်းပေး “ဒလန်” ဟု ဆိုကာ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာလ ၁ ရက် က သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ ကာကွယ်ရေး တပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်တန်ထွဋ် က ထုတ်ပြန်ခဲ့သည်။

ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖြစ် ခန့်အပ်ထားသည့် ဦးအောင်စိုးမင်းအား ၎င်း၏နေအိမ်ဝန်း အတွင်း ည ၆ နာရီ ခွဲ အချိန်ခန့်က သေနတ်ဖြင့် ၁၅ ချက်ပစ်၍ “မြေသြဇာအဖြစ်ပြောင်းလဲပေးခဲ့ကြောင်း” ဗိုလ်တန်ထွဋ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးအောင်စိုးမင်းသည် စစ်ကောင်စီအလိုကျ ကျေးရွာနေပြည်သူလူထုအား ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း နှင့် စစ်ကောင်စီအား သတင်းပေးခြင်းများ ဆောင်ရွက်နေသူဖြစ်၍ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မ တော် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျွန်ုပ်တို့အနေဖြင့် မြို့သစ်မြို့နယ်အတွင်း နေထိုင်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများအား အသက်၊ အိုးအိမ်၊ စည်းစိမ် တို့နှင့်ပတ်သက်၍ လုံးဝ (လုံးဝ) တာဝန် ယူမည် မဟုတ်ပါကြောင်း အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်ဟု ထည့်သွင်းထုတ်ပြန် ထားသည်။

ကျွန်ုပ်တို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူး ပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည် အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ကြောင်းလည်း အသိပေးတိုက်တွန်း ထားသည်။

*** ZAWGYI ***
“ဒလန္” တစ္ဦးအား သတ္ျဖတ္ခဲ့ေၾကာင္း ဗိႆႏိုး PDF ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

မေကြးတိုင္းေဒသႀကီး၊ ၿမိဳ႕သစ္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ ေရးမႉး ဦးေအာင္စိုးမင္း စက္တင္ဘာလ ၁ ရက္ က ပစ္သတ္ခဲ့ေၾကာင္း ဗိႆႏိုး နယ္ေျမ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္က ေၾကညာသည္။

မယ္ဇလီပင္ေက်း႐ြာက စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္စိုးမင္း ကို စစ္ေကာင္စီ သတင္းေပး “ဒလန္” ဟု ဆိုကာ ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က စက္တင္ဘာလ ၁ ရက္ က ေသနတ္ျဖင့္ပစ္ခတ္၍ ေသဆုံးသြားေၾကာင္း ဗိႆႏိုးနယ္ေျမ ျပည္သူ႔ ကာကြယ္ေရး တပ္မေတာ္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္တန္ထြဋ္ က ထုတ္ျပန္ခဲ့သည္။

ေက်း႐ြာ အုပ္စုအုပ္ခ်ဳပ္ေရးအျဖစ္ ခန႔္အပ္ထားသည့္ ဦးေအာင္စိုးမင္းအား ၎၏ေနအိမ္ဝန္း အတြင္း ည ၆ နာရီ ခြဲ အခ်ိန္ခန႔္က ေသနတ္ျဖင့္ ၁၅ ခ်က္ပစ္၍ “ေျမၾသဇာအျဖစ္ေျပာင္းလဲေပးခဲ့ေၾကာင္း” ဗိုလ္တန္ထြဋ္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ဦးေအာင္စိုးမင္းသည္ စစ္ေကာင္စီအလိုက် ေက်း႐ြာေနျပည္သူလူထုအား ဖိႏွိပ္ျခင္း၊ ၿခိမ္းေျခာက္ျခင္း ႏွင့္ စစ္ေကာင္စီအား သတင္းေပးျခင္းမ်ား ေဆာင္႐ြက္ေနသူျဖစ္၍ ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရး တပ္မ ေတာ္ ျပန္ၾကားေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ကြၽႏ္ုပ္တို႔အေနျဖင့္ ၿမိဳ႕သစ္ၿမိဳ႕နယ္အတြင္း ေနထိုင္လ်က္ရွိသည့္ အၾကမ္းဖက္စစ္ေကာင္စီ၏ လက္ပါးေစမ်ား၊ သတင္းေပး ဒလန္မ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား၊ ႏွီးႏြယ္ဆက္စပ္သူမ်ားအား အသက္၊ အိုးအိမ္၊ စည္းစိမ္ တို႔ႏွင့္ပတ္သက္၍ လုံးဝ (လုံးဝ) တာဝန္ ယူမည္ မဟုတ္ပါေၾကာင္း အထူးသတိေပးခ်က္ ထုတ္ျပန္လိုက္သည္ဟု ထည့္သြင္းထုတ္ျပန္ ထားသည္။

ကြၽႏ္ုပ္တို႔ ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ အေနျဖင့္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ားႏွင့္ ပူး ေပါင္းကာ စစ္အာဏာရွင္စနစ္ အျမစ္ျပဳတ္သည္ အထိ တိုက္ခိုက္သြားမည္ျဖစ္ၿပီး ျပည္သူလူထုအေနျဖင့္လည္း ပူးေပါင္းပါဝင္ၾကပါရန္ ေလးစားစြာ ေမတၱာရပ္ခံအပ္ေၾကာင္းလည္း အသိေပးတိုက္တြန္း ထားသည္။