ပုလောတွင် တံငါသည် နှစ်ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

တင်္နလာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ငါးဖမ်းပြီးပြန်လာသည့် ဒေသခံနှစ်ဦးကို စစ် ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၅ နာရီအချိန်ခန့်က ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာက လမ်းမပေါ်တွင် ချောင်း အတွင်း ငါးဖမ်းရာမှ ပြန်လာသူ နှစ်ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ပဝတ်ကုန်းကျေးရွာတွင် နေထိုင်သည့် ဦးကျော်အေး ၅၅ နှစ်နှင့် ကိုကျော်သူ ၂၂ နှစ် တို့ ဖြစ်သည် ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေ့လည်ပိုင်းတွင် ကျေးရွာမှ ပြန်လည်ထွက်ခွာ သွားသော်လည်း ဖမ်းဆီးထားသည့် သူ နှစ်ဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို မသိရှိရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ပြော သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းနေထိုင်သည့် ဦးမြင့်နိုင် ၄၇ နှစ်အား PDF တပ်ဖွဲ့များနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိသည် ဟု လုံခြုံရေး အရ အမည်မဖော်လိုသည့် ပဝတ်ကုန်းရွာသား တစ်ဦး က ပြောသည်။

ဦးမြင့်နိုင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးချိန်တွင် အိမ်ပေါ်မှ ခုန်ချထွက်ပြေးခဲ့ရာ စစ်ကောင်စီ ဘက်က သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သည့်အတွက် လက်မောင်းကျည်ထိဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက် သွားသည် ဟု အဆိုပါရွာသားက ပြောသည်။

ယနေ့စက်တင်ဘာ ၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံထားရသူ နှစ်ဦးသည် PDF အဖွဲ့များနှင့် ပတ်သက်မှုမရှိပဲ အနေ အေးဆေးကာ ကျေးရွာအတွင်းရိုးသားစွာ နေထိုင်ကြသူများဖြစ်သည်ဟု ပဝတ်ကုန်းကျေးရွာသားများက ပြော သည်။

ယနေ့ကျေးရွာအတွင်း လာရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ပလောက်မြို့ ခလရ-၂၈၅ တပ်ရင်းက ဖြစ်ပြီး ပါလာသူများအထဲတွင် ပုလောမြို့က စရဖ နှစ်ဦးလည်း ပါဝင်သည်ဟု မျက်မြင်များက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ရွာသားများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည့်အတွက် လူငယ်များက စိုးရိမ်ထိတ်လန့်ကာ ကျေးရွာမှ ရှောင်တိမ်းနေကြရသည်ဟု ပဝတ်ကုန်းကျေးရွာက အသက် ၅၀ ခန့် အရွယ် အမျိုးသမီး တစ်ဦး က ပြောသည်။

အဆိုပါကျေးရွာတွင် သြဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်ကလည်း ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ ပြီး လူနေအိမ်တစ်လုံးနှင့် လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ပဝတ်ကုန်းကျေးရွာသည် ပုလောမြို့အနီး ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ နီး ပါးခန့်ရှိကာ ရော်ဘာနှင့် ဥယျဉ်ခြံမြေ စိုက်ပျိုးရေး လုပ်ငန်း အဓိကလုပ်ကိုင်လျက်ရှိသည့် ကျေးရွာဖြစ်သည်။

*** ZAWGYI ***
ပုေလာတြင္ တံငါသည္ ႏွစ္ဦး ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

တနၤလာရီတိုင္းေဒသႀကီး၊ ပုေလာၿမိဳ႕နယ္အတြင္း ငါးဖမ္းၿပီးျပန္လာသည့္ ေဒသခံႏွစ္ဦးကို စစ္ ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာလ ၂ ရက္ေန႔ (ယေန႔) နံနက္ပိုင္း ၅ နာရီအခ်ိန္ခန႔္က ပုေလာၿမိဳ႕နယ္ ပဝတ္ကုန္းေက်း႐ြာက လမ္းမေပၚတြင္ ေခ်ာင္း အတြင္း ငါးဖမ္းရာမွ ျပန္လာသူ ႏွစ္ဦးအား စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားမွ ဖမ္းဆီးသြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။

ဖမ္းဆီးခံရသူ ႏွစ္ဦးမွာ ပဝတ္ကုန္းေက်း႐ြာတြင္ ေနထိုင္သည့္ ဦးေက်ာ္ေအး ၅၅ ႏွစ္ႏွင့္ ကိုေက်ာ္သူ ၂၂ ႏွစ္ တို႔ ျဖစ္သည္ ဟု ေျပာသည္။

စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ေန႔လည္ပိုင္းတြင္ ေက်း႐ြာမွ ျပန္လည္ထြက္ခြာ သြားေသာ္လည္း ဖမ္းဆီးထားသည့္ သူ ႏွစ္ဦးကို မည္သည့္ေနရာသို႔ ေခၚေဆာင္သြားမည္ကို မသိရွိရသျဖင့္ မိသားစုဝင္မ်ားက စိုးရိမ္ေနၾကသည္ဟု ေျပာ သည္။

ထို႔အျပင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ေက်း႐ြာအတြင္းေနထိုင္သည့္ ဦးျမင့္ႏိုင္ ၄၇ ႏွစ္အား PDF တပ္ဖြဲ႕မ်ားႏွင့္ ဆက္ႏြယ္မႈရွိသည္ဟုဆိုကာ ေနအိမ္အတြင္း ဝင္ေရာက္ဖမ္းဆီးခဲ့သည့္ ျဖစ္စဥ္တစ္ခုလည္း ရွိသည္ ဟု လုံၿခဳံေရး အရ အမည္မေဖာ္လိုသည့္ ပဝတ္ကုန္း႐ြာသား တစ္ဦး က ေျပာသည္။

ဦးျမင့္ႏိုင္သည္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္ဖမ္းဆီးခ်ိန္တြင္ အိမ္ေပၚမွ ခုန္ခ်ထြက္ေျပးခဲ့ရာ စစ္ေကာင္စီ ဘက္က ေသနတ္ျဖင့္ ႏွစ္ခ်က္ပစ္ခတ္ခဲ့သည့္အတြက္ လက္ေမာင္းက်ည္ထိဒဏ္ရာျဖင့္ ထြက္ေျပး လြတ္ေျမာက္ သြားသည္ ဟု အဆိုပါ႐ြာသားက ေျပာသည္။

ယေန႔စက္တင္ဘာ ၂ ရက္ေန႔တြင္ ဖမ္းဆီးျခင္းခံထားရသူ ႏွစ္ဦးသည္ PDF အဖြဲ႕မ်ားႏွင့္ ပတ္သက္မႈမရွိပဲ အေန ေအးေဆးကာ ေက်း႐ြာအတြင္း႐ိုးသားစြာ ေနထိုင္ၾကသူမ်ားျဖစ္သည္ဟု ပဝတ္ကုန္းေက်း႐ြာသားမ်ားက ေျပာ သည္။

ယေန႔ေက်း႐ြာအတြင္း လာေရာက္ခဲ့သည့္ စစ္ေကာင္စီတပ္ဖြဲ႕သည္ ပေလာက္ၿမိဳ႕ ခလရ-၂၈၅ တပ္ရင္းက ျဖစ္ၿပီး ပါလာသူမ်ားအထဲတြင္ ပုေလာၿမိဳ႕က စရဖ ႏွစ္ဦးလည္း ပါဝင္သည္ဟု မ်က္ျမင္မ်ားက ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေက်း႐ြာအတြင္း ႐ြာသားမ်ားအား စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့သည့္အတြက္ လူငယ္မ်ားက စိုးရိမ္ထိတ္လန႔္ကာ ေက်း႐ြာမွ ေရွာင္တိမ္းေနၾကရသည္ဟု ပဝတ္ကုန္းေက်း႐ြာက အသက္ ၅၀ ခန႔္ အ႐ြယ္ အမ်ိဳးသမီး တစ္ဦး က ေျပာသည္။

အဆိုပါေက်း႐ြာတြင္ ၾသဂုတ္လ ၁၀ ရက္ေန႔ ည ၁၀ နာရီဝန္းက်င္ခန႔္ကလည္း ဗုံးသုံးလုံး ေပါက္ကြဲမႈ ျဖစ္ပြား ခဲ့ ၿပီး လူေနအိမ္တစ္လုံးႏွင့္ လူတစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။

ပဝတ္ကုန္းေက်း႐ြာသည္ ပုေလာၿမိဳ႕အနီး ထားဝယ္-ၿမိတ္ ကားလမ္းမႀကီးေပၚတြင္ တည္ရွိၿပီး အိမ္ေျခ ၂၀၀ နီး ပါးခန႔္ရွိကာ ေရာ္ဘာႏွင့္ ဥယ်ဥ္ၿခံေျမ စိုက္ပ်ိဳးေရး လုပ္ငန္း အဓိကလုပ္ကိုင္လ်က္ရွိသည့္ ေက်း႐ြာျဖစ္သည္။