ပုသိမ်တွင် PDF ဟု ဆိုကာ လူငယ် ၈ ဦးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာအချို့မှ လူငယ် ၈ ဦးကို PDF များဟု စွပ် စွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ပြီးခဲ့သည့် ရှောပြာကျေးရွာမှ ကိုသားကြီး နှင့် လူငယ် ၁ ဦး ၊ NLD ဝန်းရံသူ နှစ်ဦး၊ အမှတ် ၇ ရပ်ကွက် ရာမည ၇လမ်း၊ ၈ လမ်း နှင့် ၁၁ လမ်း တို့တွင် နေထိုင်သူ လူငယ် ၃ ဦးနှင့် စက်တင်ဘာ ၂ ရက်နေ့က သလပ်ခွာကျေးရွာက လူငယ် ၁ ဦးတို့ကို ဖြစ်ကြ သည်ဟု ဒေသခံများက ပြောသည်။

“PDF တွေဆိုပြီး စစ်တပ်က ဖမ်းကြတာပဲ သိရတယ်၊ ဟုတ်လား မဟုတ်လား မသိဘူး ရွာက လူငယ်တွေလည်း မဟုတ်ရဘဲ မသိရဘဲ ဖမ်းပြီးစစ်မေးမှာကြောက်လို့ ရှောင်ပုန်းနေရတယ်” ဟု ရှောပြာရွာခံ တစ်ဦးက ပြော သည်။

ထိုသူများအား ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂ ရက်နေ့အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အမှတ် ၇ ရပ်ကွက် ရာမည ၇လမ်း၊ ၈လမ်း နှင့် ၁၁လမ်းတို့တွင် နေထိုင်သည့် လူငယ် ၃ ဦးမှာ ကိုကျော်မျိုးဦး၊ ကိုရှင်းသန့် နှင့် ကိုအောင်မြတ်မင်း တို့ဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များက အတည်ပြုပြောသည်။

“စစ်ကားတွေနဲ့ ရောက်လာပြီး ဖမ်းသွားတာပါ။ အခုထိ အဆက်အသွယ် မရသေးပါဘူး။ ရဲတွေကလည်း သူတို့ ဖမ်းတာမဟုတ်ဘူး ဖမ်းတုန်းကလည်း သူတို့ မပါဘူး သိဘူးပြောတယ်။ စစ်တပ်က ဖမ်းတာပါလို့ ပြောတယ်” ဟု ဖမ်းဆီးခံလူများ၏ မိသားစုဝင်တစ်ဦး က ပြောသည်။

သြဂုတ်လ ၂၄ ရက် နေ့က ဖြစ်ပွားခဲ့သည့် ပုသိမ်မြို့လယ်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး စစ်ကောင်စီ၏ ယာယီ ကင်းစခန်း ပေါက်ကွဲမှုတွင် စစ်သည် ၄ ဦး ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ပြီးနောက် သြဂုတ်လ ၃၀ရက်နေ့မှ စတင် ၍ စစ်ကောင်စီတပ်များက ဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

* ZAWGYI*
ပုသိမ္တြင္ PDF ဟု ဆိုကာ လူငယ္ ၈ ဦးကို ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္။

ဧရာဝတီတိုင္းေဒသႀကီး ၊ ပုသိမ္ၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္ ႏွင့္ ေက်း႐ြာအခ်ိဳ႕မွ လူငယ္ ၈ ဦးကို PDF မ်ားဟု စြပ္ စြဲၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ဖမ္းဆီးခံထားရသူမ်ားမွာ ၿပီးခဲ့သည့္ ေရွာျပာေက်း႐ြာမွ ကိုသားႀကီး ႏွင့္ လူငယ္ ၁ ဦး ၊ NLD ဝန္းရံသူ ႏွစ္ဦး၊ အမွတ္ ၇ ရပ္ကြက္ ရာမည ၇လမ္း၊ ၈ လမ္း ႏွင့္ ၁၁ လမ္း တို႔တြင္ ေနထိုင္သူ လူငယ္ ၃ ဦးႏွင့္ စက္တင္ဘာ ၂ ရက္ေန႔က သလပ္ခြာေက်း႐ြာက လူငယ္ ၁ ဦးတို႔ကို ျဖစ္ၾက သည္ဟု ေဒသခံမ်ားက ေျပာသည္။

“PDF ေတြဆိုၿပီး စစ္တပ္က ဖမ္းၾကတာပဲ သိရတယ္၊ ဟုတ္လား မဟုတ္လား မသိဘူး ႐ြာက လူငယ္ေတြလည္း မဟုတ္ရဘဲ မသိရဘဲ ဖမ္းၿပီးစစ္ေမးမွာေၾကာက္လို႔ ေရွာင္ပုန္းေနရတယ္” ဟု ေရွာျပာ႐ြာခံ တစ္ဦးက ေျပာ သည္။

ထိုသူမ်ားအား ဩဂုတ္ ၃၀ ရက္မွ စက္တင္ဘာ ၂ ရက္ေန႔အတြင္း ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

အမွတ္ ၇ ရပ္ကြက္ ရာမည ၇လမ္း၊ ၈လမ္း ႏွင့္ ၁၁လမ္းတို႔တြင္ ေနထိုင္သည့္ လူငယ္ ၃ ဦးမွာ ကိုေက်ာ္မ်ိဳးဦး၊ ကိုရွင္းသန႔္ ႏွင့္ ကိုေအာင္ျမတ္မင္း တို႔ျဖစ္သည္ဟု ၎တို႔၏ မိသားစုဝင္မ်ားက အတည္ျပဳေျပာသည္။

“စစ္ကားေတြနဲ႔ ေရာက္လာၿပီး ဖမ္းသြားတာပါ။ အခုထိ အဆက္အသြယ္ မရေသးပါဘူး။ ရဲေတြကလည္း သူတို႔ ဖမ္းတာမဟုတ္ဘူး ဖမ္းတုန္းကလည္း သူတို႔ မပါဘူး သိဘူးေျပာတယ္။ စစ္တပ္က ဖမ္းတာပါလို႔ ေျပာတယ္” ဟု ဖမ္းဆီးခံလူမ်ား၏ မိသားစုဝင္တစ္ဦး က ေျပာသည္။

ၾသဂုတ္လ ၂၄ ရက္ ေန႔က ျဖစ္ပြားခဲ့သည့္ ပုသိမ္ၿမိဳ႕လယ္ရွိ ျမန္မာ့စီးပြားေရးဘဏ္အနီး စစ္ေကာင္စီ၏ ယာယီ ကင္းစခန္း ေပါက္ကြဲမႈတြင္ စစ္သည္ ၄ ဦး ဒဏ္ရာ အနည္းငယ္စီ ရရွိခဲ့ၿပီးေနာက္ ၾသဂုတ္လ ၃၀ရက္ေန႔မွ စတင္ ၍ စစ္ေကာင္စီတပ္မ်ားက ဖမ္းဆီးမႈမ်ား ခပ္စိပ္စိပ္ ျပဳလုပ္လာျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။