ရန်ကုန်တိရစ္ဆာန် ဉယျာဉ် အဖွဲ့ငယ် လည်ပတ်ခွင့် ခွင့်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း Private Tour (သီးသန့် အဖွဲ့လိုက်) အစီအစဉ်ဖြင့် လည်ပတ်ခွင့်အား စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့သည်ဟု တိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောသည်။

ဝင်ရောက်လည်ပတ်နိုင်ရန် လူတစ်ဦးလျှင် ၅၀၀၀ ကျပ် နှုန်းဖြင့် အနည်းဆုံး ၂ ယောက်မှ ၁၀ ယောက် အဖွဲ့များ အထိ လက်ခံပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် အဖွဲ့ ၃၀ အထိ ခွင့်ပြုပေးသွားမည်ဟု ၎င်းတာဝန်ရှိသူ က ပြော သည်။

ထိုသို့ အဖွဲ့လိုက် လည်ပတ်ခွင့် ဖွင့်လှစ်ပေးလိုက်သော်လည်း နေ့စဉ်ဝင်ရောက်လည်ပတ်သူ နည်းပါးလျက် ရှိနေ ပြီး သတ်မှတ်စံချိန် မမှီသေးဟု ရုံဝင်ကြေးကောက်ခံရေး တာဝန်ယူထားသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့မှ ခရီးသွားလာရေးလုပ်ငန်း လုပ်နေကိုင်နေသူ တစ်ဦးက “တယောက် ၅၀၀၀ ကျပ် ဆိုတာများတာ ပေါ့၊ မိသားစုများတဲ့သူတွေ ဘယ်လိုသွားနိုင်မှာလဲ၊ တိရိစ္ဆာန်တွေကလည်း စုံစုံလင်လင်ရှိတာ မဟုတ်ဘူး” ဟု ပြောသည်။

စစ်တပ်က အာဏာမသိမ်းခင်က ရန်ကုန်တိရိစ္ဆာန်ရုံ ဝင်ရောက်လည်ပတ်ရန် တစ်ဦးလျှင် ဝင်ကြေး ၁၀၀၀ ကျပ် သာ ပေးဆောင်ခဲ့ရာမှ ယခုခါ တစ်ဦးလျှင် ၅၀၀၀ ကျပ်အထိ တိုးမြင့်ကောက်ခံနေခြင်း ဖြစ်သည်။

တိရစ္ဆာန်များအား အစာဝယ်ယူကျွေးချင်သူများအတွက် နံနက် ၉ နာရီမှ ၁၀ နာရီ အချိန်ထိ အစာခြင်းများကို လည်း စီစဉ်ရောင်းချပေးသွားမည်ဟု တိရိစ္ဆာန်ဥယျဉ်ရုံးအဖွဲ့က ကြော်ငြာထားသည်။

အရေအတွက် ကန့်သတ်ချက်များ ရှိသည့်အတွက် Booking ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်းကို လည်း ကြော်ငြာစာထဲတွင် ဖေါ်ပြထားသည်။

*** ZAWGYI ***
ရန္ကုန္တိရစာၦန္ ဉယ်ာဥ္ အဖြဲ႕ငယ္ လည္ပတ္ခြင့္ ခြင့္ျပဳ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္။

ရန္ကုန္တိရစာၦန္ဥယ်ာဥ္ အတြင္း Private Tour (သီးသန႔္ အဖြဲ႕လိုက္) အစီအစဥ္ျဖင့္ လည္ပတ္ခြင့္အား စက္တင္ဘာလ ၁ ရက္ေန႔မွ စတင္၍ ဖြင့္လွစ္ခဲ့သည္ဟု တိရစာၦန္ဥယ်ာဥ္ တာဝန္ရွိသူတစ္ဦးက အတည္ျပဳ ေျပာသည္။

ဝင္ေရာက္လည္ပတ္ႏိုင္ရန္ လူတစ္ဦးလွ်င္ ၅၀၀၀ က်ပ္ ႏႈန္းျဖင့္ အနည္းဆုံး ၂ ေယာက္မွ ၁၀ ေယာက္ အဖြဲ႕မ်ား အထိ လက္ခံေပးသြားမည္ျဖစ္ၿပီး တစ္ရက္လွ်င္ အဖြဲ႕ ၃၀ အထိ ခြင့္ျပဳေပးသြားမည္ဟု ၎တာဝန္ရွိသူ က ေျပာ သည္။

ထိုသို႔ အဖြဲ႕လိုက္ လည္ပတ္ခြင့္ ဖြင့္လွစ္ေပးလိုက္ေသာ္လည္း ေန႔စဥ္ဝင္ေရာက္လည္ပတ္သူ နည္းပါးလ်က္ ရွိေန ၿပီး သတ္မွတ္စံခ်ိန္ မမွီေသးဟု ႐ုံဝင္ေၾကးေကာက္ခံေရး တာဝန္ယူထားသူ တစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕မွ ခရီးသြားလာေရးလုပ္ငန္း လုပ္ေနကိုင္ေနသူ တစ္ဦးက “တေယာက္ ၅၀၀၀ က်ပ္ ဆိုတာမ်ားတာ ေပါ့၊ မိသားစုမ်ားတဲ့သူေတြ ဘယ္လိုသြားႏိုင္မွာလဲ၊ တိရိစာၦန္ေတြကလည္း စုံစုံလင္လင္ရွိတာ မဟုတ္ဘူး” ဟု ေျပာသည္။

စစ္တပ္က အာဏာမသိမ္းခင္က ရန္ကုန္တိရိစာၦန္႐ုံ ဝင္ေရာက္လည္ပတ္ရန္ တစ္ဦးလွ်င္ ဝင္ေၾကး ၁၀၀၀ က်ပ္ သာ ေပးေဆာင္ခဲ့ရာမွ ယခုခါ တစ္ဦးလွ်င္ ၅၀၀၀ က်ပ္အထိ တိုးျမင့္ေကာက္ခံေနျခင္း ျဖစ္သည္။

တိရစာၦန္မ်ားအား အစာဝယ္ယူေကြၽးခ်င္သူမ်ားအတြက္ နံနက္ ၉ နာရီမွ ၁၀ နာရီ အခ်ိန္ထိ အစာျခင္းမ်ားကို လည္း စီစဥ္ေရာင္းခ်ေပးသြားမည္ဟု တိရိစာၦန္ဥယ်ဥ္႐ုံးအဖြဲ႕က ေၾကာ္ျငာထားသည္။

အေရအတြက္ ကန႔္သတ္ခ်က္မ်ား ရွိသည့္အတြက္ Booking ႀကိဳတင္စာရင္းေပးသြင္းရန္ လိုအပ္ေၾကာင္းကို လည္း ေၾကာ္ျငာစာထဲတြင္ ေဖၚျပထားသည္။